အသားမကျမှုတွေနဲ့ နေသားကျရင်း
အဆင်မပြေမှုတွေနဲ့ အဆင်ပြေရင်း
မမျှော်လင့်တာတွေကို မျှော်လင့်ရင်း
သူစိမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ရင်း
အေးစက်မှုတွေနဲ့ နွေးနွေးထွေးထွေးနေရင်း
မလုံခြုံမှုတွေထဲမှာ ခိုလှုံရင်း
ကျယ်လောင်မှုတွေကို သာယာနာပျော်ရင်း
မယုံကြည်နိုင်တာတွေကို ယုံကြည်ရင်း
ခါးသီးမှုတွေကို ချိုမြိန်စွာစားသုံးရင်း
နာကျင်မှုတွေနဲ့သက်တောင့်သက်သာဖြစ်ရင်း
အတွင်းအဇ္ဇျတတွေနဲ့ ပဋိပက္ခ ဖြစ်ရင်း
အဖြေမရှိတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာနေရင်း
ပူဆွေးသောကတွေကို ရီမောပြက်ရယ်ပြုရင်း
စက်ဆုပ်စရာကောင်းတဲ့ခန္ဓာကြီးကို အမြဲထာဝရထမ်းပိုးထားရင်းနဲ့
..................................
ငါ ခရီးသွားနေတယ်။ ။
အင်ကြင်းသန့်
18 comments:
ဂျင်းရေ.
စက်ဆုပ်စရာကောင်းတဲ့ ခန္ဓာကိုယ်ကြီးအဖြစ် သတိပေးပြီး အသိလေးရှိနေရင် ကောင်းမွန်တဲ့ ခရီးဆုံးကိုရောက်မယ်လို့ ယုံကြည်မိတယ်။
သွားနေရတဲ့ခရီးလမ်းတလျှောက်မှာတော့
အရောင်တွေမျိုးစုံနဲ့ပေါ့.။
ချမ်းမြေ့ပါစေ.။
ချစ်တဲ့
သဒ္ဓါ
အမှန်တရားတွေကို ကဗျာခင်းထားတာပဲ။ ကဗျာကောင်းလေးကို ဖတ်သွားပါတယ်။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
တစ်ချိန်က ရင်းနှီးမှုတွေက
တစ်ဖြေးဖြေး အေးစက်သွားတတ်ရင်း
သူစိမ်းတရံတွေလို ခံစားမိနေရင်း
A L U
MM
ခရီးသွား ဧည့်သည် တယောက်လာလည်သွားပါတယ်.......
မမလေး
စစ
လာရောက်ခံစားသွားပါတယ်....
နှလုံးသွေးမရပ်တန့်သရွေ့
လျှောက်နေရဦးမယ့် ခရီးတွေပါညီမရေ..။
ခန္ဓာကို မမုန်းသမျှ လည်ပတ်နေအုံးမဲ့ သံသရာကြီးမှာ မဖြစ်မနေ ထမ်းပိုးနေရအုံးမှာပေါ့ အင်ကြင်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောက်စရာ မရှိလဲ ကြံဖန်ကောက်ရင်း... အင်ကြင်းသန့် ခရီးသွားနေသည်ပေါ့ ဟုတ်လား...
စတာပါ ကဗျာလေး တကယ်ကောင်းတယ်... ရေးလဲ ရေးတတ်ပ... နောက်လဲ များများရေးနော်... အဘ အားပေးနေမယ်...
ဂျင်းရေ.... အစစအရာရာ အဆင်ပြေပါစေ....
ကဗျာလေးကို ကြိုက်တယ် ဂျင်း။ အဆုံးသတ်က သံဝေဂတရားလေးနဲ့...။ မဇွန်တို့အားလုံး သံသရာခရီးသည်တွေပဲနော်။ ရေစက်ဆုံလို့ တွေ့ကြရတာ။
အပြင်မှာ ငါ့ညီမနဲ့ မတွေ့ဖြစ်တာတောင် ကြာပြီနော်။း)
သံသရာခရီးကလွတ်မြောက်နိုင်ပါစေ။
မအင်ကြင်းရေ.... ကြိုက်တယ်။ စာသားတွေအရမ်းကောင်းတယ်။ အားပေးလျှက်ပါ TYZ
မရောက်တာကြာလို.လာလည်သွားပါသည် ဘလော့ပေါ်သို. မရောက်သည်မှာတော်တော်ကြာခဲ့ပါပြီ အခုဘလော့ဒေး နီးမှ သါားနေကြနေရာလေးတွေ ရှိနေသေးလားဟု ပြန်သွားကြည့်တာပါ။
နီးနီးလေးကို အဝေးကြီးမှတ်ပြီး သွားနေကြရတယ်နော်...
ခရီးဆုံးပန်းတိုင်ကတော့ ကျနော်တို့အားလုံးအတွက် တူတူပဲ ဖြစ်မယ်ထင်ပါရဲ့....
ဟုတ်တယ်နော်......အင်ကြင်းရေ
ခရီးတွေသွားနေကြလိုက်တာ
အဆုံးကတော့ တူတူပါပဲလေ
ခင်တဲ့ sis jasmine
အင်ကြင်းရေ ဒီနေ့မအိမွန်အိမ်ကိုသွားလည်ဖြစ်တယ်။
သူစင်္ကာပူကပြန်လာပြီးမှပထမဆုံးတွေ့ဖြစ်တာ။
စကားတွေပြောဖြစ်ကြရင်းမလိခsiteကအကြောင်းရောက်
ပြီးအင်ကြင်းစာရေးတယ်ဆိုပြီး blogလိပ်စာပေးလို့
ဖတ်ကြည့်ဖြစ်ပြီးအရမ်းအံ့သြသွားတယ်။
တို့အင်ကြင်းအရမ်းတော်တယ် ပရိတ်သတ်တယောက်တိုးပြီလို့မှတ်လိုက်နော်။
အင်ကြင်း အတွက်စာဖတ်ပရိတ်သတ်တယောက်တိုးပြီ။
ရွှေရည်
အင်ကြင်းအတွက်စာဖတ်ပရိတ်သတ်တယောက်တိုးပြီ။
ရွှေရည်
Post a Comment