အိပ်မက်ဆိုး
အခါခါမထိုးနှက်ပါနဲ့
တကယ်ကိုရိုးသားခဲ့သူပါ
မသိသားဆိုးရွားစွာနဲ့
ဒီကွန်ကိုယက်ခဲ့မိသူမို့
အပြစ်ရှိသူလို့ဆိုရက်သလား
ဖြေကြားပေးပါ....
သိစိတ်ကဒဏ်ရာ
ကုရတာလွယ်သလောက်
မသိစိတ်မှာဖြစ်တဲ့အနာ
ကျက်ဖို့ခဲယဉ်းလိုက်တာ....
အကြိမ်ကြိမ်ငိုကြွေးခဲ့ပြီးပြီပဲ
ဘာတွေထပ်ပေးရဦးမလဲ
ခြောက်ချားနေမိတုန်းပဲ
အိပ်စက်ခြင်းတွေဘယ်နှစ်ခါပျောက်ဆုံးရဦးမှာလဲ
နှောင်ထုံးကိုဖြတ်ဖို့ရာ
မစွမ်းသာခဲ့သူမို့
မိုက်မဲတဲ့သူရယ်လို့အမြည်တပ်
ဒဏ်ခတ်နေဦးမှာလား
ကိုယ့်လိပ်ပြာကိုယ်သန့်သူပါ
အောက်ကျို့ကာမတောင်းဆိုပါရစေနဲ့
အိပ်မက်ဆိုးရေ....
နင်ယူသွားတဲ့အိပ်စက်ခြင်းများ
ပြန်ထားခဲ့ပါ။ ။
အင်ကြင်းသန့်
အခါခါမထိုးနှက်ပါနဲ့
တကယ်ကိုရိုးသားခဲ့သူပါ
မသိသားဆိုးရွားစွာနဲ့
ဒီကွန်ကိုယက်ခဲ့မိသူမို့
အပြစ်ရှိသူလို့ဆိုရက်သလား
ဖြေကြားပေးပါ....
သိစိတ်ကဒဏ်ရာ
ကုရတာလွယ်သလောက်
မသိစိတ်မှာဖြစ်တဲ့အနာ
ကျက်ဖို့ခဲယဉ်းလိုက်တာ....
အကြိမ်ကြိမ်ငိုကြွေးခဲ့ပြီးပြီပဲ
ဘာတွေထပ်ပေးရဦးမလဲ
ခြောက်ချားနေမိတုန်းပဲ
အိပ်စက်ခြင်းတွေဘယ်နှစ်ခါပျောက်ဆုံးရဦးမှာလဲ
နှောင်ထုံးကိုဖြတ်ဖို့ရာ
မစွမ်းသာခဲ့သူမို့
မိုက်မဲတဲ့သူရယ်လို့အမြည်တပ်
ဒဏ်ခတ်နေဦးမှာလား
ကိုယ့်လိပ်ပြာကိုယ်သန့်သူပါ
အောက်ကျို့ကာမတောင်းဆိုပါရစေနဲ့
အိပ်မက်ဆိုးရေ....
နင်ယူသွားတဲ့အိပ်စက်ခြင်းများ
ပြန်ထားခဲ့ပါ။ ။
အင်ကြင်းသန့်
14 comments:
ပြန်ထားခဲ့လိုက်ပါ အိပ်မက်ဆိုးရေ. (ဂျင်းမလေးက ပြန်ထားခဲ့ဆိုလို့ပါ)။ ကဗျာကောင်းလေးနဲ့ နှစ်သစ်ကိုကြိုဆိုလိုက်တာပေါ့။
ပျော်ရွှင်ချမ်းမြေ့ပါစေ ဂျင်းရေ။
ချစ်တဲ့
သဒ္ဓါ
ဝေ .. ဒီမှာလည်း အိပ်ရေးပျက်တဲ့လူတယောက် ..း))
ကဗျာလေးကောင်း၏...။ ဂျင်းလေး အိပ်မက်ဆိုးက လွတ်မြောက်စေ...။
ကဗျာကောင်းလေး ရင်နဲ့ ခံစားဖတ်သွားပါတယ် အမရေ... :)
ခင်မင်လျက်
Junemoe
အိပ်မက်ဆိုးကို အခါခါနှိုးမိတော့ အိပ်ပျက်ရပြီပေါ့... ပေါ့ပေါ့ပါးပါးလေးတွေး အိပ်ရေးဝဝအိပ်ပါ မြေးလေးရေ... တကယ်က အိပ်စက်ခြင်းဆိုတာကို ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မခိုးယူနိုင်ပါဘူးကွယ်... ကိုယ့်အိပ်စက်ခြင်းကို ကိုယ်ကိုယ်တိုင် မခိုးယူမိပါစေနဲ့ ငါ့မြေး...
နှောင်ထုံးကိုဖြတ်ဖို့ရာ
မစွမ်းသာခဲ့သူမို့
မိုက်မဲတဲ့သူရယ်လို့အမြည်တပ်
ဒဏ်ခတ်နေဦးမှာလား
ကိုယ့်လိပ်ပြာကိုယ်သန့်သူပါ
အောက်ကျို့ကာမတောင်းဆိုပါရစေနဲ့
အိပ်မက်ဆိုးရေ....
နင်ယူသွားတဲ့အိပ်စက်ခြင်းများ
ပြန်ထားခဲ့ပါ။ ။
ဂျင်းမ ဒီအဆုံးသတ်လေးကို ငါ အခိုက်ဆုံးပဲး)
ဓာတ်တူ နံတူ ခံစားချက် တူတယ်း))
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ်အင်ကြင်းရေ။
အိပ်မက်ဆိုးကနေအမြန်ဆုံးပြန်လည်နိုးထနိုင်ပါစေလို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိပ်မက်ဆိုးတွေ မမက်အောင် ဘုရားရှိခိုးအိပ်ပါ ညီမလေးဂျင်း...။
“မသိစိတ်မှာဖြစ်တဲ့အနာ
ကျက်ဖို့ခဲယဉ်းလိုက်တာ....”
ဒီလိုစာသားတွေကြောင့် ကဗျာလေးက လေးနက်သွားတယ်။ ရေးတတ်ပါပေ့။
အိပ်မက်ဆိုးပေမယ့်
ကဗျာလေးကောင်းတယ်....း)
ပထမဆုံးအကြိမ် ဒီကိုရောက်လာပြီး ပထမဆုံးအကြိမ် ဒီကဗျာလေး ဖတ်သွားတယ်။ လူချင်းတော့ ညီမတို့ တွေ့ဖူးပြီးသားနော် မမ မှတ်မိရင်ပေါ့ :D :P
အိပ်ရေးတွေပျက်ရလွန်းလို့အိပ်ဆေးတောင်မတိုးတော့တဲကဘ၀း)))
အိပ်မက်ဆိုးကြောင့် လန့်နိုးရတဲ့အချိန်တွေတိုင်း
ဇော်ချွေးတွေပြန်ပြီး တော်တော်နဲ့ အိပ်မရတော့တဲ့ အကြိမ်ပေါင်းတွေလည်း မနဲတော့ပါဘူး....။
အိပ်မက်ဆိုးကြောင့် လန့်နိုးရတဲ့အချိန်တွေတိုင်း
ဇော်ချွေးတွေပြန်ပြီး တော်တော်နဲ့ အိပ်မရတော့တဲ့ အကြိမ်ပေါင်းတွေလည်း မနဲတော့ပါဘူး....။
Post a Comment