အပြာရောင်နိုဝင်ဘာ

Tuesday, November 22, 2011 4:31 PM Posted by အင်ကြင်းသန့်
Labels:

နိုဝင်ဘာရဲ့ နေ့တစ်နေ့မှာပေါ့
တိမ်တွေပြာမပြာဆိုတာ
အသေအချာ မသိခဲ့ရပေမယ့်
သူရယ်ကိုယ်ရယ်ကတော့
အပြာရောင်နယ်မြေထဲ
ခိုဝင်ခဲ့ကြတယ်....။

အဲဒီနယ်မြေမှာလား....
အထင်ကရ နန်းတော်ကြီးတွေတော့ မရှိပါဘူး
အရူးအမူးချစ်တတ်သူနှစ်ဦးရဲ့
ထူးခြားစွာဆောက်တည်ထားတဲ့
ပြာလဲ့လဲ့ ဗိမာန်တစ်ခုပဲရှိတယ်....။

ဘာတွေအတွက် စိုးရိမ်နေရဦးမလဲ
ဆာလောင်မှုတွေ ဆိတ်သုဉ်းဖို့လား
အနမ်းတွေကို ဝေမျှစားသုံးပစ်လိုက်တယ်....။

နတ်သဘင်တမျှ ခမ်းနားဖို့လည်းမလိုအပ်ခဲ့ပါဘူး
အချစ်ရဲ့လက်နဲ့တို့ထိလိုက်တဲ့အခါတိုင်း
ရောင်စဉ်တွေဖြာထွက်
တဖိတ်ဖိတ်လက်နေတဲ့ ဗိမာန်ပဲမဟုတ်လား....။

သူရေးဖွဲ့တဲ့ ကိုယ့်နေ့ညတွေအကြောင်း
ကိုယ်ထုဆစ်တဲ့ သူ့နေ့ညတွေအကြောင်း
တိမ်တိုက်တွေကို ခိုစီး
တေးသွားတွေအဖြစ် ဆိုညည်းမိတော့
ကြယ်လေးတွေက လက်ခုပ်တီးပေးကြတယ်....။

အဲဒီနယ်မြေကိုခြေချတဲ့နေ့မှစ....
"အမုန်းဆိုတဲ့စကားလုံး
ကိုယ်တို့အဘိဓါန်မှာမသုံး" လို့
ကမ္ပည်းလည်း ရေးမှတ်ခဲ့ကြသေးတယ်....။

ဒီလိုနဲ့....
ကမ္ဘာတည်သရွေ့မှာ
သေချာနေတာက
တို့နှစ်ယောက်ရဲ့နိုဝင်ဘာဟာ
အပြာရောင်ပဲဖြစ်နေဦးတော့မယ်။ ။

အင်ကြင်းသန့်

Comments (29)

အပြာရောင်နိုဝင်ဘာရဲ့ ပြာလဲ့လဲ့အချစ်တွေက ကဗျာထဲမှာ စီးမျောနေတယ်....။ ကြယ်လေးတွေနဲ့ အတူ လက်ခုပ်တီးပေးခဲ့ပါတယ်ညီမရေ...။

ဘာတွေအတွက် စိုးရိမ်နေရဦးမလဲ
ဆာလောင်မှုတွေ ဆိတ်သုဉ်းဖို့လား
အနမ်းတွေကို ဝေမျှစားသုံးပစ်လိုက်တယ်...အိုး ရေရေလည်လည် လန်းတယ် ဗျာ လာရောက်ခံစားသွားပါတယ် ။

ကောင်းလိုက် လှလိုက်တဲ့ အပြာရောင်နိုဝင်ဘာ.... နိုဝင်ဘာလမှာ ဒီလိုလှတဲ့ကဗျာတစ်ပုဒ်နဲ့တင် ပြည့်စုံနေပါပြီ ဂျင်းဂျင်းရေ...။

အဲဒီနယ်မြေကိုခြေချတဲ့နေ့မှစ....
"အမုန်းဆိုတဲ့စကားလုံး
ကိုယ်တို့အဘိဓါန်မှာမသုံး" လို့
ကမ္ပည်းလည်း ရေးမှတ်ခဲ့ကြသေးတယ်....။

အရမ်းဂွတ်
ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး


P.S ကြယ်လေတွေလက်ခုပ်သံတော့ကြားချင်သား

ခွန် has left a new comment on your post "အပြာရောင်နိုဝင်ဘာ":

ကောင်းလိုက်တဲ့ ကဗျာလေး မမဂျင်း
ကဗျာတွေ သေချာမဖတ်ဖြစ်တာ ကြာပြီ။

"အမုန်းဆိုတဲ့စကားလုံး ကိုယ်တို့အဘိဓါန်မှာမသုံး"

ကြိုက်တယ်... :)

နိုဝင်ဘာရဲ့ ပြာလဲ့လဲ့ နေ့ရက်များပေါ့လေ...၊စကားလုံး
တွေကလှတယ်ဗျ....၊

သြ....ဒီကလေးတော်တော်တတ်နေပါပြီကော...... တိမ်တွေရော ကြယ်တွေရော ပြာတာတွေရော ဖြူတာတွေရောင် ...ရော...ရော.... ...အတွေးရောင်စုံသွားပြီ ဂျင်းစုတ်ရေ...လေထဲတိုက်ဆောက်တာကတော့ ဘယ်နှစ်လုံးဆောက်ဆောက် ဘယ်နှစ်ထပ်ဆောက်ဆောက် ဆောက်စေသတည်းးးးးးးးး

ဂျင်းရဲ့ မမလေး

ကဗျာလေးက လှတယ်ဗျာ။
ခိုက်သွားတယ်.. အသည်းကို... :D

ခင်လျက်
ဒီနေခ (ခ) Junemoe

ကဗျာလေးက လှလိုက်တာ..
ခိုက်သွားတယ်.. အသည်းကို.. :D

ခင်လျက်
ဒီနေခ (ခ) ဂျွန်မိုး

နတ်သဘင်တမျှ ခမ်းနားဖို့လည်းမလိုအပ်ခဲ့ပါဘူး
အချစ်ရဲ့လက်နဲ့တို့ထိလိုက်တဲ့အခါတိုင်း
ရောင်စဉ်တွေဖြာထွက်
တဖိတ်ဖိတ်လက်နေတဲ့ ဗိမာန်ပဲမဟုတ်လား....။


နှစ်ယောက်တအိပ်မက်..ပေါ့ ဂျင်းရယ်..
ကဗျာလေးအရမ်းလှတယ်...

ကဗျာလေးက စီးမျောမှုကောင်းလိုက်တာ...
ချစ်သူနှစ်ဦးရဲ့ အချစ်ကို အပြည့်အဝ ဖော်ကျူးနိုင်တယ်...
ချစ်ကြပါဗျာ ချစ်နိုင်သူတွေ ချစ်ကြပါ...
ဒါနဲ့ စားစရာရှားလို့ ဗျာ အနမ်းတွေကိုမှ ဝေမျှစားသုံးရတယ်လို့ ...
မြင်ယောင်သွားပါတယ်ဗျာ ပြာယီးပြာယာနဲ့ အနမ်းတွေ ဝေမျှစားသုံးနေပုံကို ဟီ ဟိ...

နိုဝင်ဘာရဲ့ နေ့တစ်နေ့မှာပေါ့
တိမ်တွေပြာမပြာဆိုတာ
အသေအချာ မသိခဲ့ရပေမယ့်
သူရယ်ကိုယ်ရယ်ကတော့
အပြာရောင်နယ်မြေထဲ
ခိုဝင်ခဲ့ကြတယ်----
အဲဒါအကောင်းဆုံးပေါ့ကွယ်
အချစ်မရှိရင် ကမ္ဘာကြီးငြိမ်းချမ်းမှု မရှိနိုင်ပါဘူး
ခင်ခင်မင်မင် jasmine
တစ်လက်စထဲ follower လဲလုပ်ခဲပပါတယ်နော်

ဂွတ်ပဗျား....ကဗျာလေးကောင်းချက် ထောင်းချက်တဲ့အတိုင်းပဲ :P

ခင်တဲ့(ဖိုးကြယ်)

အင်းးးးးဟုတ်ပါပြီ....

စီကေအေ

နတ်သဘင်တမျှ ခမ်းနားဖို့လည်းမလိုအပ်ခဲ့ပါဘူး
အချစ်ရဲ့လက်နဲ့တို့ထိလိုက်တဲ့အခါတိုင်း
ရောင်စဉ်တွေဖြာထွက်
တဖိတ်ဖိတ်လက်နေတဲ့ ဗိမာန်ပဲမဟုတ်လား....။ :) love that stem.

ကဗျာလေးမိုက်တယ်. ခေါင်းစဉ်ကိုက လှတာ။

ထူးခြားနေပါတယ်လို့တော့ထင်သား
လက်စသပ်တော့ အပြာရောင် စောင်ကြီးခြုံပြီး ပုန်းနေတာကိုး.
တစ်ယောက်တည်းတော့ ဟုတ်ဟန်မတူဘူး
ကဗျာထဲမှာ ဝန်ခံနေတယ်..
ကဲ ဒေါ်ဂျင်း
အပြာရောင်နယ်မြေထဲမှာ လွတ်လပ် ပျော်ရွှင်စွာ ခိုဝင်နိုင်ပါစေ..

ကဗျာလေးက ချစ်စရာကောင်းလိုက်တာ။ ပျော်ရွှင်စရာ ချစ်သက်နှစ်ပတ်လေး ဖြစ်ပါစေ။ မဇွန်လာတာ နောက်ကျသွားလို့ ဆုတောင်း နောက်ကျသွားပေမယ့် အပြာရောင်နိုဝင်ဘာတစ်ရက် လှပစွာ ကုန်ဆုံးသွားခဲ့ပြီလို့ ယုံလိုက်မယ်နော်။

မဇွန်အတွက်တော့ ဒီနှစ်နိုဝင်ဘာ ခါးသီးလွန်းသကွယ်... :(

အမလေး.. ပလုတ်တုတ်.. ရှေ့မှာ အပြာရောင် မြစ်ကြီးပါလား.. :D
နိုဝင်ဘာလ အတွင်း ခံစားချက်တွေချင်း တူနေ၏.. ဒီလို ကဗျာလေး တစ်ပုဒ်ရေးချင်နေတာ.. ဘယ်က ဘယ်လို စရေးလို့ ရေးရမှန်းမသိဖြစ်နေတာ..
တကယ့် သိင်္ဂါရရသပဲ.. :)

ကဗျာလေးက အရမ်းကောင်းတယ်... စကားလုံးပြာပြာတွေ.. နှင်းပြာပြာတွေ... ကိုပျာယိပျာယာ ဖတ်သွားပါတယ်..။

အပြာရောင်နိုဝင်ဘာလေးကို Happy Sweet December မှာ ဆုတောင်းပေးခဲ့တယ် အင်ကြင်းရေ။
ရက်ပေါင်း လပေါင်း နှစ်ပေါင်းများစွာ ချစ်တဲ့သူနှစ်ယောက်ရဲ့အပြာရောင်နိုဝင်ဘာလေးအဖြစ်ပျော်ရွှင်ကြည်နူးစွာ ရပ်တည်နိုင်ကြပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခုမှ လာဖတ်ဖြစ်တယ်..
ကဗျာလေး ကြိုက်တယ်..

မိုက်တယ် .. ကိုယ်ပါလိုက် စီးမျောသွားတယ် ..း))

စာတွေ လိုက်မဖတ်ဖြစ်တာ ကြာသွားပြီ အင်ကြင်းရေ...
ကဗျာလေးက ပရဆန်တယ်တယ်ဗျာ...
အနမ်းတွေကို ဝေမျှစားသုံးပစ်လိုက်တယ်.... ဆိုတော့ ပြာနှမ်းကုန်မှာပဲနော် ... :P
ပြာပြာသလဲ မဖတ်ပဲ ပြာတာတစ်ယောက်လို သိမ်းကျုံးပြီး ဖတ်သွားပါတယ်... :)

C Box မမြင်လို့ ဒီမှာနောက်တစ်ခေါက် ရေးလိုက်တယ်။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ အင်ကြင်းရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

ကောင်းလိုက်တဲ့ ကဗျာလေး ညီမ ရေ

ကဗျာလေးအားပေးသွားတယ်အင်ကြင်းရေ။
အိုင်အိုရာ

နိုဝင်ဘာရဲ့ နေ့တစ်နေ့မှာပေါ့
တိမ်တွေပြာမပြာဆိုတာ
အသေအချာ မသိခဲ့ရပေမယ့်
သူရယ်ကိုယ်ရယ်ကတော့
အပြာရောင်နယ်မြေထဲ
ခိုဝင်ခဲ့ကြတယ်....။
အဖွင့်လေးကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ
စကားလုံးတွေသုံးထားတာကောင်းလွန်းတယ်
ပြေတီဦးအလှူကိစ္စမှာ အမရွှေစင်ဦးဆီကကွန်မက်ဖတ်ပြီးလိုက်လာတာပါ
အဲလိုရေးခဲ့တာလဲသဘောကျမိပါတယ်

ပြီးခဲ့တဲ့နိုင်ဝင်ဘာရဲ့ ပျောက်ဆုံးနေတဲ့ အလှကို ဒီမှာရှာတွေ့ပြီ ညီမလေးရေ။ ချစ်စရာကောင်းလိုက်တဲ့ အပြာလဲ့လဲ့...တကယ်လှတယ်။

ကိုယ်စာတွေမရေးခင်ကတည်းက ညီမလေးအင်ကြင်းဘလော့ဂ်ကို လာဖတ်နေကျး) အရေးအသားတွေချစ်စရာကောင်းတယ်။

ချစ်ခင်သော...