Pages

Friday, September 23, 2011

အမေ့ကို ကယ်ကြစို့




















ရာဇ၀င်တွေ ဘယ်လိုပဲဟောင်းဟောင်း
သမိုင်းတွေ ဘယ်လိုပဲနှောင်းနှောင်း
ပြောင်းလဲမသွားခဲ့တာက အမေ။

အမေဟာ အိနြေ္ဒရှင်တစ်ယောက်
တည်ငြိမ်သလောက် ခမ်းနားခဲ့တယ်
ဆန်းပြားတဲ့ ခေတ်စနစ်တွေအောက်
ဘယ်လိုပဲ သက်ရောက်ခဲ့ပါစေ
အမေက သစ္စာမဖောက်ခဲ့ဘူး။

ဝမ်းမနာသမီးသား ပြည်သူများအတွက်
နေ့စဉ်ရက်ဆက် ၀တ္တရားမပျက်
စီးဆင်းပေးနေ အမေ့ကြောင့်လေ
ဒီတိုင်း၊ ဒီပြည်၊ ဒီဌာနီမှာ
ဆန်၊ ရေ ၊ စပါး၊ သယံဇာတ ပေါကြွယ်များရ
သားတို့ သမီးတို့ ၀မ်းဝ ခါးလှခဲ့ကြတယ်။

ခေတ်တွေကပြောင်း၊ စနစ်တွေကပြောင်း
ပြောင်းလဲခြင်းတွေဖုံးလွှမ်းလာတော့
ကူးသန်းသွားလာရေးအတွက်ပေါ့တဲ့
အမေ့မျက်နှာကိုပင်မငဲ့
ရင်ခွင်ရဲ့အကြား တူးဆွကာထိုးစိုက်
တည်ဆောက်လိုက်တဲ့ တံတားများကြောင့်
အမေ့ကိုယ် တနံတလျားမှာလေ
သောင်ခုံတွေဗရပွနဲ့
အမေဒဏ်ရာရနေခဲ့တာ ကြာလှပေါ့။

ဒါကိုမှ အားမရသေးပါလား
ဖောက်ပြားလာတဲ့ ခေတ်စနစ်ထဲမှာ
ထောက်ထားညှာတာခြင်းကင်းတဲ့လူတစ်စုက
ရက်ရက်စက်စက်
အမေ့ရင်နှစ်မြွှာကိုခွဲ
ညှဉ်းဆဲဖို့ပြင်နေကြပြန်တယ်။

ဘယ်လိုအကျိုးမျိုးကိုမှ မလိုချင်ပါဘူး
အမေ့ကိုရင်းမှ
အလင်းရမယ်တဲ့လား
စိုးစဉ်းမျှမထိုက်တန်လိုက်တာ
မှောင်မိုက်မှာပဲ အမေနဲ့အတူတကွ
ကောင်းအတူ ဆိုးအမျှ
ဆက်နေကြပါရစေ။

အမေကျွေးတဲ့ထမင်းကိုစား
ငမိုက်သားတို့ကား
အမေ့ကိုကျေးပြန်စွပ်၏
ရိုင်းစိုင်းလှပါဘိ
ရင်ထဲမှာမချိတရိနဲ့
သားတို့ရေ....
သမီးတို့ရေ....
အမေငိုနေရရှာပြီလေ။

အမေ မသေစေရဘူး
အမေ မသေစေရဘူး
အမေ့ကိုသာ ဆုံးရှုံးခဲ့ရင်
အမိမဲ့သား ရေနည်းငါးသို့
ဘ၀များလည်း ပျက်ရချည်ရဲ့။

အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အခုချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်"



အင်ကြင်းသန့်

26 comments:

sosegado said...

ဧရာဝတီက အမြဲရှင်သန်နေမှာပါ သဘာဝပါပဲ၊
သဘာဝကို ပြောင်းပစ်လျှင် သဘာဝကလည်းပြန်ပြောင်းပစ်တတ်တယ်

မိုးငွေ့...... said...

ဘာပဲဖြစ်ဖြစ် မိခင်ဧရာဝတီကို ကယ်တင်ဖို့ အဖက်ဖက်က ဒီလိုဝိုင်းဝန်းကူညီတာတွေ့ရလို့ ကျေနပ်ဝမ်းသာမဆုံးဖြစ်ရပါသည်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

မိုးငွေ့...... said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

သက်တန့်ချို said...

အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့

seesein said...

အမေဧရာ ရင်ကွဲနာ မကျစေရပါဘူး
လူတစု ကျေးပြန်စွပ်လည်း
လူများစုက ကျေးမစွပ်ကြပါဘူး
ကျေးစွပ်တဲ့ ငမိုက်သားတို့
လားရာလမ်းက .....

ဧရာဝတီ မြစ်ဆုံး ဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်

ခင်မင်တဲ့
မမလေး
seesein

ကိုဇော်သိင်္ခ said...

အမေ ဧရာ မသေရဘူး...
အမေ ဧရာ မသေဖို့အတွက် သားတို့ သမီးတို့မှာ တာဝန်ရှိပါတယ်..
ကဗျာလေး ဖွဲ့ထားတာ အရမ်းကောင်းတယ်..

မြစ်ဆုံ စီမံကိန်းကြီးကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်.. ညီမ အင်ကြင်းသန့် ရေ...


ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

မြတ်မွန် said...

ဆက်မလုပ်လေ ကောင်းလေပါပဲ ဂျင်းရေ...။
ဒါပေမယ့်လည်း တားမရဘူး ထင်ပါရဲ့..:((((((((

မြသွေးနီ said...

ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

Anonymous said...

မျှော်လင့်မိပါရဲ့ဗျာ
သေချာပြန်သုံးသပ်ပြီး ပြည်သူ့အသံနားစွင့်လို့
မြစ်ဧရာကိုထိန်းသိမ်းဖို့ ကြိုးစားကြပါစေလို့


မောင်ဘကြိုင်

လင်းဦး(စိတ်ပညာ) said...

သမိုင်းတစ်လျှောက် ရပ်တည်ပေးခဲ့သော မိခင် ဧရာဝတီရဲက အသက်သွေးကို ကာကွယ်ကြပါစို့

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

SHWE ZIN U said...

ချစ်ညီမ ဂျင်းရေ

အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။

ကောင်းလိုက်တဲ့ ကဗျာလေး


လုံးဝ လုံးဝ ကယ်တင်မယ် နော်

ကျေးဇူး
ချစ်အမကြီး
ရွှေစင်ဦး

mstint said...

ပြည်သူတို့ချစ်ခင်တွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဧရာဝတီ ကို ဘယ်အကျိုးအမြတ်အတွက်နဲ့မှ မရောင်းစားသင့်ဘူး
မရောင်းနိုင်ပါဘူး
ရောင်းတဲ့သူက မျိုးချစ်စိတ် မဲ့နေလို့ဘဲဖြစ်မယ်
ငါ့ညီမဂျင်းကို အပြတ်ထောက်ခံတယ်..

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

Angel Shaper said...

ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

မအိမ်သူ said...

အမေရှိမှ သားသမီးရှိမှာ။ အမေပျောက်မှတော့ သားသမီးတွေလဲပျောက်မှာ အသေအချာပဲ။ ဒီမြေ ဒီရေ ဒီပြည်သူပြည်သားတွေအားလုံးကို ဒီအမေကမွေးဖွားပေးခဲ့တာ။

kiki said...

“အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။”

ဖတ်အပြီးမှာ အင်အားတွေ တိုးလာတယ် ။ သွေးတွေဆူလာတယ် ဂျင်းရေ..
ဧရာဝတီ ဆက်လက်ရှင်သန်စေရမယ်။

ခင်တဲ့
မကိ ..

kiki said...

“အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။”

ဖတ်လို့အပြီး အားအင်တွေ တိုးလာတယ် ။သွေးတွေဆူလာတယ် ဂျင်းရေ..
ဧရာဝတီ ဆက်လက်ရှင်သန်စေရမယ်...

ခင်တဲ့
မကိ ။

ညီရဲ said...

သူတို့ မို့ လုပ်ရက်တယ်။ တော်တော် ရက်စက်တဲ့သူတွေ...
အခုထိလဲ မရပ်သေးဘူး အင်ကြင်းရေ...
ပြည်သူလူထုကို ကျောသပ်ပြီး ဆက်လုပ်နေတာ...
ဒါကြောင့်လဲ အပြင်းအထန် ကန့် ကွက်နေကြတာလေ...

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာ စီမံကိန်းကို အပြတ်အသတ်ကန့်ကွက်ပါတယ်..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

လင်းခေတ်ဒီနို said...

ငါတို့ရဲ့ ဆန္ဒတွေ ဖြစ်မြောက်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းမိတယ် ဂျင်းရေ . . .

ညိုလေးနေ said...

ဂျင်းရေ
အမေ့ကို အတူတူ ကယ်ကြစို့
မြစ်ဆုံဆည် ဗျူဟာစီမံကိန်းအား အပြင်းအထန် ကန့်ကွက်ပါသည်။

မြစ်ကျိုးအင်း said...

ခပ်ရှင်းရှင်းပဲ။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်တယ်။

မေသိမ့်သိမ့် ကျော် said...

မိခင်ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းပါစေ။ အဓွန့်ရှည်တည်တံ့ပါစေ။ ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ။

nai said...

WE Can Do it !