Pages

Saturday, September 10, 2011

အပြုံးမပျက်
























ဒါ..လောကဓံပိုးတွေတဲ့လား
ထိုးကိုက်သွားလိုက်ကြတာများ
တရွရွတလှုပ်လှုပ်နဲ့
ဒုတ်ဒုတ်ထိ လှိုက်စား
ဘ၀မကုန်ရုံပါပဲလား....။

ခြောက်ချားမယ်တော့မထင်ပါနဲ့
တောက်ကြွားကာ ဆိုချင်းမဟုတ်
စုတ်ချင်သလောက်သာ စုတ်သွားစမ်းပါစေ
လေလာလည်းကြံ့ကြံ့ခံဦးမယ်
မိုးရယ် ရွာချင်ရွာလိုက်ဦးပေါ့
အပြုံးတော့မပျက်စေရ
အညှာကို မယိုင်လဲစေမယ့်
ခိုင်မြဲတဲ့စိတ်ဓါတ်ငါ့မှာရှိတယ်။

မမှုပါဘူးလေ
ယုယသူတွေဝေးလို့
တစ်ခါပြန်တင့်လန်းဖို့ပုံမပေါ်
ဆွေးမြည့်လို့သာရော်
ရော်ရာမှကျင်
ငါ့ဘ၀နေ၀င်တဲ့လေအနှင်မှာ
ငါကြွေမသွားခင်အထိ
အားအင်ချိလည်းမမှု
ရှိသလောက်ကိုသာမဏ္ဍိုင်ပြုလို့
ရှေ့သို့ အသက်ဆက်သွားဦးမယ်....။ ။

~~~~~~~~~~~~~~~~~~~~~~~~~~


(မှတ်ချက်။ ။ဘလော့ဂါမောင်လေးတစ်ယောက်ဖြစ်တဲ့ Libra Tun က ဒီဓါတ်ပုံလေးကို ပို့ပေးပြီး တစ်ခုခုရေးပေးပါလို့ ဆိုလာတဲ့အတွက် ဓါတ်ပုံလေးကိုကြည့်ပြီး စိတ်ထဲပေါ်လာသလို ချရေးဖြစ်လိုက်ပါတယ်။ ကျွန်မတစ်ယောက်တည်းကိုပဲ ရေးပေးခိုင်းတာမဟုတ်ပါဘူး။ မမသက်ဝေမိုးခါး နဲ့ မွန်(မြတ်မွန်) တို့ကိုလည်း ရေးပေးခိုင်းထားပြီး ကျွန်မတို့အားလုံးကို ဘလော့ပေါ်မှာ တစ်ပြိုင်တည်း တင်ပေးပါလို့သူက တောင်းဆိုထားပါတယ်။ အမှတ်တရ ရေးခိုင်းတဲ့ Libra Tun ကို ကျေးဇူးတင်ပါတယ်။)


အင်ကြင်းသန့်

20 comments:

ညိမ်းနိုင် said...

ဟော...အစ်မပြန်ပေါ်လာပါရောလား....၊ပျောက်နေတာ
ကြာပေါ့နော့...၊ကဗျာလေးလှတယ်အစ်မ...၊ရှေ့သို့.....
အစ်မရေ.....။

seesein said...

မာန်တွေပါနေတယ် ဂျင်းရေ
ဂျင်းးးးလေးတော်ချက်
ကြိုက်စ်


ခင်မင်တဲ့
seesein

ချယ်ရီမြေ said...

မအင်ကြင်းတို့က တကယ့်ဘလော့ဂါပီသပါပေ့... ဆေးစက်ကျရာ ကဗျာတစ်ပုဒ်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိပါတယ်။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

သက်ဝေ said...

အညှာကို မယိုင်လဲစေမယ့်
ခိုင်မြဲတဲ့စိတ်ဓါတ်ငါ့မှာရှိတယ်...

ဂျင်း ရေးတဲ့ ကဗျာကို ဖတ်ရတာ တကယ်ကို အားရှိစရာ ကောင်းလိုက်တာ... ဂျင်း သိပ်တော်တယ်...း))

Anonymous said...

အညှာကို မယိုင်လဲစေမယ့်
ခိုင်မြဲတဲ့စိတ်ဓါတ်ငါ့မှာရှိတယ်။

ညီမ ရေ

ကဗျာလေး ဖတ်ရတာ အားမာန်ရှိလိုက်တာ.. စာလေးတွေ ရေးပါညီမရယ်....စာလည်း ဖတ်နော်

ချစ်မမ

ရွှေစင်ဦး

ညီရဲ said...

ကဗျာလေး ကောင်းလိုက်တာ အားမာန် အပြည့်ပါတယ်။ ဒီလောက်တော်တဲ့ ဘလော့ဂါ စာတွေ မရေးဘဲ ပုန်းနေတာ နှမြောဖို့ ကောင်းလိုက်တာ... စာတွေပြန်ရေးပါ ဂျင်းရေ... စာဖတ်သူတွေ မျှော်နေတယ်...

လင်းခေတ်ဒီနို said...

ဆွေးမြည့်လို့သာရော်
ရော်ရာမှကျင်
ငါ့ဘ၀နေ၀င်တဲ့လေအနှင်မှာ
ငါကြွေမသွားခင်အထိ
အားအင်ချိလည်းမမှု
ရှိသလောက်ကိုသာမဏ္ဍိုင်ပြုလို့
ရှေ့သို့ အသက်ဆက်သွားဦးမယ်....။ ။

သိပ်ကောင်းတယ်

မြတ်မွန် said...

ဂျင်းကဗျာလေး ဖတ်ပြီး မွန်တောင်မရေးရဲတော့ဘူး..
အားလုံးနဲ့ တူတူမတင်လိုက်နိုင်တာ စိတ်မကောင်းဘူး။

စာပြန်ရေးနော်ဂျင်း
ချစ်တဲ့

နေ၀သန် said...

မရောက်ဖြစ်တာတောင် ကြာသွားပြီး အစ်မရေ... ကဗျာလေးနဲ့ပုံလေးက လိုက်ဖက်ပါ့...း))).. ကဗျာဆို ကျွန်တော်က ခပ်တုံးတုံးမို့ ဘာရေးရမှန်းကိုမသိတာ...း))

ခင်မင်လျက်
နေ၀သန်

အင်ကြင်းသန့် said...

ကိုညိမ်းနိုင်၊ မမလေးစည်းစိမ်၊ ချယ်ရီမြေ၊ မမသက်ဝေ၊ မမရွှေစင်၊ ကိုညီရဲ(သို့)ကိုဘလက်၊ ဗညား၊ မွန်၊ နေ၀သန် >>> အားလုံး အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ....။

ကိုကိုမောင်(ပန်းရနံ့) said...

ပေါ်တော်မူလေး။ ထွက်မပြေးနဲ့တော့။ ဆက်ရေးးးးးးးး။

ခင်မင်လျှက်

အင်ကြင်းသန့် said...

ဟုတ်ကဲ့ပါ သူကြီးမင်း.... :D

noblemoe said...

သစ်ရွက်လေးသာစကားပြောတတ်ရင် ဂျင်းကိုသိပ်ကျေးဇူးတင်နေမှာသိလား။
ခွန်အားပေးတဲ့ကဗျာလေးတကယ်တော်တယ်ဂျင်းပုံနဲ့
စာတွဲကြည့်လိုက်ရင်ကွက်တိ

ဂျင်းရေးးးးးးးးးစိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

မကြွေခင် မသေခင်ချိန်ထိတော့ အားမာန်အပြည့်နဲ့ ရှေ့ဆက်ရမှာပေါ့လေ..
ပျောက်နေတဲ့သူကို ပြန်ပေါ်လာစေတဲ့ သစ်ရွက်လေးပါလား
ပိုးကိုက်နေတဲ့ သစ်ရွက်ကလေးနဲ့ ပြန်ပေါ်လာတဲ့ ဂျင်းစုတ်း)

မြသွေးနီ said...

အင်ကြင်းရေ...
ကဗျာလေးက ဖတ်ပြီး ခွန်အားတွေတောင် ရှိလာရတယ်..။
ဓာတ်ပုံလေးတစ်ပုံအပေါ် မြင်မိတဲ့ အမြင်လေးကို ကဗျာလေးအဖြစ် အသွင်ပြောင်းတတ်တဲ့ စိတ်ကူးလေးကို နှစ်သက်မိတယ်။

မိုးငွေ့...... said...

ပုံလေးတစ်ပုံနဲ့ကဗျာကောင်းတစ်ပုဒ်ရေးနိုင်တဲ့ ဂျင်းရဲ့ အရည်အချင်းကို မချီးကျူးပဲမနေနိုင်ဘူး...။ တော်လိုက်တဲ့ ငါ့ညီမ...

sosegado said...

“တစ်ခါပြန်တင့်လန်းဖို့ပုံမပေါ်
ဆွေးမြည့်လို့သာရော်
ရော်ရာမှကျင်
ငါ့ဘ၀နေ၀င်တဲ့လေအနှင်မှာ
ငါကြွေမသွားခင်အထိ”
သင်္ခါရ တရားတွေပါနော်၊
စိတ်ကူးလေးကောင်းပါသည်။

အင်ကြင်းသန့် said...

မိုး၊ မချော၊ မမမြသွေးနီ၊ အစ်မမိုးငွေ့နဲ့ ကိုဆိုဆီတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ပေါ့ဆိမ့် said...

အတွေးကဆန်းတယ်... တင်စားထားတဲ့ ကဗျာဉာဏ်လေးလည်း လန်းတယ်...
ခင်မင်စွာဖြင့်
ဆင်တဲကဖေး

မောင်ဘကြိုင် said...

ကဗျာလေးကောင်းတယ်ဗျာ
အားနဲ့မာန်နဲ့ ကြိုက်တယ်