Odds and Ends

Wednesday, June 1, 2011 12:27 AM Posted by အင်ကြင်းသန့်
Labels:

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တုန်းက မလေးရှားမှာရှိတဲ့ Cameron Highlands ကို အလည်သွားခဲ့တယ်။ ဒီပုံလေးတွေက Cameron Highlands မှာရှိတဲ့ Attraction တွေထဲက တစ်ခုဖြစ်တဲ့ Cactus Valley ကိုဝင်တော့ ဈေးဆိုင်လေးတွေမှာ ချိတ်ဆွဲရောင်းချနေတဲ့ အမှတ်တရ ပစ္စည်းလေးတွေပါ။ ဘာရယ်မဟုတ်ပါဘူး... အဲဒီလို ပုစုခရုပစ္စည်းလေးတွေကို စုထားတာကို ကြည့်ရတာ ချစ်စရာကောင်းလို့ ရိုက်လာခဲ့တာ။ ကင်မရာအသေးလေးမို့လို့ ပုံအရည်အသွေးကတော့ သိပ်မကောင်းပေမယ့် အမှတ်တရသိမ်းထားချင်လို့လေ။


ပန်းပွင့်လေးတွေ အဲလို စီရရီဖြစ်နေတာကို ချစ်လို့....



တကယ့် ladybug လေးတွေ ကပ်နေသလိုပဲ

ဒီပုံဆိုရင်လည်း အမှတ်တမဲ့ ကြည့်မယ်ဆိုရင် တကယ့်မုန့်တွေနဲ့တော်တော်တူတယ်.....း)




ငယ်ငယ်တုန်းက ချာလီထီးအရောင်တောက်တောက်လေးတွေ ပူဆာတတ်တာကို သွားသတိရမိတယ်။

တန်သလားမမေးနဲ့ တစ်တွဲ ပြား ရှစ်ဆယ်နဲ့ Offer ပေးနေတာ....း))


Comments (16)

ချစ်ညီမ အင်ကြင်း ရေ

ဘလောဂ့်ဂါ ဘဝ ကနေ ဆိုင်ပြောင်းများဖွင့်သွားပြီလားလို့ သတိရနေတယ် ညီမ ရေ ပစ္စည်းလေး တွေကလည်း ညီမ အတိုင်းဘဲ လှမှလှ

ချစ်မမရွှေစင်

မမရွှေစင်....ညီမလေးလည်း သတိရပါ့ဗျားးး....ဟုတ်ပ စလုံးမှာ အခြေအနေမကောင်းတော့ရင် မြန်မာပြည်ပြန်ပြီး ဆိုင်ဖွင့်စားမလားလို့ လိုက်လေ့လာထားတာ....ဟီးဟီး...

စတော်ဘယ်ရီတွေခူးခဲ့မှာပေါ့၊ မြန်မာအလုပ်သမားတွေလုပ်နေတဲ့ ပန်းခင်းတွေရော ရောက်ခဲ့မယ်ထင်ပါတယ်၊ အဆင်းမှာမမှုးဘူးဆိုရင် ကံကောင်းပါတယ်၊

ကိုဆိုဆီရေ....စတော်ဘယ်ရီပင်တွေကို ဓါတ်ပုံပဲ၇ိုက်ခဲ့တော့တယ်။ ခူးတော့မခူးခဲ့မိဘူး။ မြန်မာအလုပ်သမားတွေတော့ တွေ့ခဲ့တယ်။ ဟုတ်တယ် အဆင်းမှာမူးတော့မမူးဘူး။ ကံကောင်းတယ်ပဲ ပြောရမယ်...။း)

ဂျင်းရေ.. အမလည်း အဲလို ပစ္စည်း ပိစိ ပေါက်စလေးတွေ သိပ်ချစ်တယ်... အမ ဖဘမှာ နှစ်ပုံ သုံးပုံ ရှိတယ်... ရောင်စုံ ပိစိကွေးလေးတွေ... မလက္ကာက ရိုက်လာတာ...း))

ဟုတ်တယ် မမသက်ဝေ...အတူတူပဲ ဂျင်းလည်းချစ်လို့ မရိုက်ဘဲမနေနိုင်လို့ကို ရိုက်ခဲ့တာ။း))

ဂျင်းဂျင်း
ချာလီထီးအရောင်တောက်တောက်ကြိုက်တယ်လား
တန်သလားမမေးနဲ့ဆိုတာ ဈေးတန်တာဆိုတာ ဈေးကြီးတာလား ညီမလေးရေ မမပြောသလို ဂျင်းလေးလိုဘဲ အားလုံးလှမှ လှ


ခင်မင်တဲ့
seesein

ဂျင်းရဲ့ ပစ္စည်းပုစုခရုလေးတွေချစ်လိုက်တာ.....
ဂျင်းကိုမမြင်ဖူးပေမယ့် အဲဒီပန်းပွင့်သေးသေးလေးတွေလိုပဲလှမယ်လို့ မြင်နေတယ်...။


ခင်တဲ့
မိုးငွေ့

အဟေး .......
ဂျင်းပိုစ့်တင်တယ်.....
ပျော်လိုက်တာ....ဟဟဟဟ
လက်ဆောင်ဝယ်လာလားဟင်..။
မပါဘူးဆို ငိုမှာနော်..ဒါဗြဲ..။
ချစ်တဲ့
သတိရတယ်..။

ရွှေမန်းသူတွေက ဈေးတန်တယ် ဆိုတာ ဈေးကြီးတာကို ပြောတာ...
တို့များက ဈေးတန်တယ်ဆိုတာ ဈေးချိုတာကို ပြောတာ...

အစတုန်းက ယောက္ခမကြီးနဲ့ မသီတာနဲ့ အဲ့စကားလုံနဲ့ လိပ်ပတ်မလည် ဖြစ်ကြတာပေါ့။
ရှိသေးတယ် အခြား စကားလုံးတွေ...

ပုစုခရုလေးတွေ မချစ်တတ်ပေမဲ့ ပုံလေးတွေ သေသေချာချာ ကြည့်သွားပါတယ် ဂျင်းရေ။

@မမစည်းစိမ်>>>မမလေးရေ...ငယ်ငယ်တုန်းကတော့ ချာလီထီးအရောင်တောက်တောက် လှလှလေးတွေ သူများဆောင်းထားတာတွေ့ရင် လိုချင်တာလေ...အခုတော့ အဲလိုအရောင်တောက်တောက်မဆောင်းရဲတော့ဘူး။ :D

@အစ်မမိုးငွေ့>>>အယ်....မှန်းချက်နဲ့တော့ လွဲတယ် မမိုးရေ...း)))

@မွန်>>> မွန်ရေ....လက်ဆောင်ပါတာပေါ့...မွန်နဲ့တွေ့တဲ့အခါကျပေးမယ်လေ...နော်း))

@မသီတာ>>>ဟုတ်လား....ဂျင်းက အဲဒီစကားလုံးနှစ်လုံး အဲလိုကွဲမှန်းမသိဘူး မသီတာရဲ့။ အခုမှပဲသိတော့တယ်။ မှတ်ထားလိုက်ပီ။း))

အစ်မရွှေစင်ပြောတာ မှန်တယ်
ဂျင်းစုတ်က ဘလော့်မရေးတော့ဘူး ဆိုင်ဖွင့်တော့မှာ
ခုလည်း သူ့ဆိုင်မှာတင်ဖို့ ပစ္စည်းတွေ ကြော်ငြာနေတာလေ။
ဟက်ဟက်
အဲဒီပန်းတွေက စားလို့ရလားး)
ဒါနဲ့ ဆိုင်ရှင်အလစ်မှာ ပန်းလေးတစ်ပွင့်လောက် တိုလာသေးလား

ဟုတ်ပ ...ဆိုင်အတွက် ကြော်ငြာရိုက်ဖို့မချောကို မင်းသမီးလုပ်ခိုင်းမယ်။း))

အမယ်...ဆိုင်ရှင်အလစ်မှာ
ပန်းတစ်ပွင့်လောက်သူ့အတွက်ယူခဲ့ပေးပါလို့ သူပဲသင်ပေးခဲ့ပြီးတော့ အခုမှမသိချင်ယောင်ဆောင်နေတယ်။း)))

မအင်ကြင်းရေ....ဝဲစွဲတုန်းက လင့်ဖြုတ်ပြီး ပြန်မတပ်ဖြစ်
လို့ ခုမှရောက်သဗျ...:) အဲ့ကိုလည်းသွားချင်တာရယ်...
၈လပိုင်းလောက်မှသွားမလားလို့...။

မောင်လေး

ဟမ်....အင်း....ဟုတ်တယ်ထင်တယ်...လူလိုပဲလှမယ်ထင်တယ်နော်......မတွေ့ဖူးသေးဘူး :P

ခင်တဲ့(ဖိုးကြယ်)

ညိမ်းနိုင်ဆိုလို့ ဘယ်သူများလည်းလို့ ကိုမောင်လေးကိုးးးး....း)

တွေ့ဖူးမှ ထွက်ပြေးမယ်ထင်တယ် ကိုဖိုးကြယ်....း))