Here are the cactuses!!!
Thursday, June 2, 2011
10:38 AM
Posted by
အင်ကြင်းသန့်
Labels:
အမှတ်တရ
အရင်ပိုစ့်မှာတုန်းက Cameron Highlands က Cactus Valley ကို ရောက်ခဲ့တယ်လို့ ဆိုထားခဲ့တဲ့အတိုင်း အခုပိုစ့်မှာတော့ အဲဒီ Cactus Valley က Cactus အပင်လေးတွေရဲ့ပုံတွေကို အမှတ်တရ သိမ်းထားလိုက်ချင်ပြန်တယ်။ မြန်မာလိုဆိုရင်တော့ ကန္တာရပင်လေးတွေလို့ ခေါ်မယ်ထင်တယ်။ (တစ်ချို့အဘိဓါန်တွေမှာ ရှားစောင်းပင်လို့ ဘာသာပြန်ထားတာတွေလည်း တွေ့ရတယ်)။ အပင်လေးတွေက သေးသေးလေးတွေဖြစ်ပြီး တစ်ချို့အပင်လေးတွေမှာက ဆူးတွေပါလိုက်သေးတာ။ ကြည့်ရတာ ချစ်ဖို့ကောင်းသလို အူယားစရာလည်း ကောင်းလှတယ်။









အပင်လေးတွေ ချစ်စရာ ကောင်းလိုက်တာ တစ်ပင်လောက် ပေးလေ... :)
ဟုတ်တယ် မသိင်္ဂါ....အရမ်းချစ်စရာကောင်းတယ်။ ကြိုက်တဲ့အပင်သာ ယူသွားပါဗျာ....။း))
ဂျင်းမကဘယ်ပျောက်နေပါလိမ့်.. ဒီထဲမှာ ရှာနေတာ....
ချစ်စရာလေးတွေကို တစုတစည်းထဲ တွေ့ရတာ... သေသေချာချာကို ဓါတ်ပုံရိုက်ယူလာတာ...
ဂျင်း သိပ်တော်တယ်...
မသဒ္ဓါရေ....ဂျင်းမက အပင်လေးတွေကြားထဲမှာ ပုန်းနေတာ.... :P
ကျေးဇူး မမသက်ဝေ....မြောက်သွားပီ...ဟီးဟီး
ဂျင်းရေ ပုန်းနေတာဆိုလို့ သေချာရှာကြည့်တာ အပင်လေးတွေနဲ့အပြိုင်လှနေတာ တွေ့တယ် ဒါပေမယ့် ဂျင်းမှာတော့ ဆူးလေးတွေ မပါဘူးမို့လား
ခင်မင်တဲ့
မမလေး seesein
ချစ်ညီမ အင်ကြင်း ရေ
ဒီမှာလည်း ရှိတော့ရှိတယ် ဒီလောက် မစုံဘူး ချစ်စရာလေး တွေ ညီမ အတိုင်းဘဲထင်တယ်
ချစ်မမ
ရွှေစင်ဦး
မမလေးရေ....ဂျင်းမှာ ဆူးမရှိလို့ကို ခက်နေတာ....း))
ဟုတ်တယ် မမရွှေစင် အဲဒီမှာတော်တော်စုံတယ်...း)
ဟုတ်ပါ့ဂျင်းရေ..ချစ်စရာကောင်းသလို အမြင်ကပ်စ၇ာလည်းကောင်းသေး..
အဲဒီအပင်လေးတွေက အသက်ပြင်းတယ်..။
နီနီလုံးလုံးအပင်လေးတွေကို ချစ်တယ်။ အိမ်မှာ အလှထားရရင်ကောင်းမှာ...
လှလိုက်တဲ့ အပင်တွေအေ လိုချင်လိုက်တာ လိုချင်လိုက်တာ
ဝယ်ပို့ပေးပါ အပင် ၂၀လောက်း)
အတည်ပြောတာ သိပ်ချစ်စရာကောင်းတာဘဲ သဘောကျလိုက်တာ
@မွန်>>>ဟုတ်လား မွန် အသက်ပြင်းတယ်လား၊ ဂျင်းက တစ်ခါမှ မစိုက်ဖူးတော့ မသိဘူး။
@မအိမ်သူ>>>ဟုတ်တယ် မအိမ်သူ။ ချစ်စရာကောင်းလှတယ်။
@မချော>>>ကဲပါ ငါ့အစ်မကြီးမချောကို အပင်၂၀လောက်အော်ဒါမှာပြီး ၀ယ်ပို့ပေးဦးမှပါ။း)))
ဂျင်ဂျင်းတို့ ဘယ်အချိန်က ဘယ်လိုများ ရိုက်ခဲ့သလဲဆိုတာ အတူသွားတဲ့သူတောင် မသိလိုက်ဘူး။
လက်စသတ်တော့ သူက ကင်မရာထဲက ဒိုင်လျှိုပုံတွေ အခုမှ ထုတ်သုံးနေတာကိုး... ဟင်း...ဟင်း....။
မှတ်ချက်။ ။ နှစ်ပုဒ်စာ ကော်မန့်ပေးသွားသည်ဟု မှတ်ယူပါရန်။
အပင်လေးတွေက ချစ်စရာလေးတွေ...
အလှစိုက်ဖို့ တပင်လောက်လက်ဆောင်ယူသွားမယ်နော်..
လင့်ချိတ်လိုက်ပြီ အင်ကြင်းရေ.. အဲဒါမှပဲ မှန်မှန်ရောက်မှာ၊ နို့မို့ဆို လင့်က ရှာမရဘူး..