ခါတိုင်းလတွေနဲ့မတူဘဲ ဒီလမှာ ပိုမိုများပြားလာတဲ့ အလုပ်တာဝန်တွေကြောင့် သူမရဲ့ စိတ်နဲ့ခန္ဓာကိုယ် တစ်ခုလုံး အတော်လေးကို ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
ဒီတစ်ပတ်ထဲမှာတော့ အပြီးဖြတ်ပေးရန် ရှိနေသည့် အလုပ်ကိစ္စများအတွက် တစ်ပတ်လုံးမှာလည်း အိမ်ပြန်နောက်ကျသည့်အပြင် ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့မှာပါ မနားနိုင်ဘဲ ရုံးကိုသွားပေးဖို့ လိုအပ်လာပြန်သည်။
ညနေမစောင်းခင်အထိ တစ်နေ့လုံးစာမျှနီးပါး လုပ်အပြီးတွင်တော့ အလုပ်တွေအားလုံး ပြီးပြတ်သွား၍ ရုံးမှ ပြန်လာခဲ့တော့သည်။ ရုံးမှအပြန်တွင် သူမအနေဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ ခြေပစ်လက်ပစ်သာ အနားယူလိုက်ချင်သော်လည်း အစ်မရင်းလို ခင်မင်ရသည့် မိတ်ဆွေတစ်ယောက်၏ မွေးနေ့ပွဲသို့ သွားရောက်ရန် ရှိနေသဖြင့် တစ်ခါတည်း ဆက်၍ သွားလိုက်ရပြန်သည်။
ထိုမွေးနေ့ပွဲမှ အပြန်တွင်တော့ သူမရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သူမဘယ်လိုမှပင် တင်းမထားနိုင်တော့ပေ။ အိမ်သို့ ပြန်ရောက်သည့်အခါ သူမနှင့် အတူနေသူ သူငယ်ချင်းက နောက်တစ်နေ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ဘုန်းကြီးကျောင်း၌ အာရုဏ်ဆွမ်း ဆက်ကပ်ရန်အတွက် အလုပ်များရှုပ်နေသော်လည်း သူမအနေနဲ့ ဘယ်လိုမှပင် ကူညီနိုင်ခြင်း မရှိတော့ဘဲ အားနာစွာဖြင့်ပင် အိပ်ရာဝင်ခဲ့မိသည်။
နောက်တစ်နေ့နံနက် အာရုဏ်တက်ချိန်လောက်တွင်မူ သူငယ်ချင်းဖြစ်သူ၏ လာရောက်လှုပ်နှိုးမှုကြောင့် သူမနိုးသွားခဲ့သည်။ အိပ်ရာမှနိုးနိုးချင်းတွင် တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေပြီး ခေါင်းထဲတွင် နောက်ကျိမူးဝေနေသော်လည်း ကုသိုလ်ရေး ဖြစ်သည်မို့ကတစ်ကြောင်း၊ ညကလည်း ဘာမှမကူညီထားမိသဖြင့် သူငယ်ချင်းကို အားနာသည်က တစ်ကြောင်းကြောင့် အိပ်ရာမှထကာ ကူညီလုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းကိုပါ လိုက်သွားလိုက်သည်။
ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်တရားနာ၍ အိမ်ကိုပြန်လာပြီးသည့်နောက်တွင် သူမအတွက် အသုံးအဆောင် ပစ္စည်းအချို့ ၀ယ်စရာရှိနေသဖြင့် သူမတို့အိမ်နှင့် အနီးဆုံး ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများရှိရာနေရာသို့ သူမထွက်လာခဲ့သည်။
ထိုသို့ထွက်သာလာခဲ့ရသော်လည်း သူမ၏ အာရုံများက မကြည်လင်သေး။ ရီဝေနေဆဲပင်....။ သူမ၏စိတ်ထဲတွင်မူ သူမခံစားနေရသည့် နာကျင်ကိုက်ခဲမှုများ၊ မူးဝေနောက်ကျိမှုများကို ပျောက်ကင်းသက်သာသွားစေပြီး ချက်ချင်းပင် ခွန်အားများ ပြန်လည်ရရှိကာ လန်းဆန်းလာစေနိုင်မည့် အားဆေးတစ်မျိုးမျိုးကိုသာ သောက်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေမိသည်။
ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများ၌ သူမလိုချင်သော ပစ္စည်းကို ရှာ၍မရသောကြောင့် ပလာဇာတစ်ခုသို့ သွားလိုက်မည်ဟု စိတ်ကူးကာ ဘတ်စ်ကားစီးလာခဲ့လိုက်သည်။ သူမစီးလာသော ဘတ်စ်ကားမှာ နံပါတ်လည်းအမှန်၊ လမ်းကြောင်းလည်းအမှန်ပင် ဖြစ်သော်လည်း မကြည်လင် နောက်ကျိမူးဝေနေသော စိတ်အာရုံတို့ကြောင့် စီးနေရင်းမှ ရုတ်တရက် သူမကိုယ်သူမ နံပါတ်မှား၍ စီးလာမိသည်ဟု ထင်လိုက်ကာ မှတ်တိုင်တစ်ခု အရောက်တွင် ကားပေါ်မှဆင်းလိုက်သည်။
ဆင်းပြီးကာမှ “ဟာ....သွားပါပြီ....ဒီကားက အမှန်ပဲဟာကို....ငါတော့နောက်တစ်ကားကို အကြာကြီးစောင့်ရဦးမယ်..” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေစဉ် သူမဘေးမှာ အသက်အရွယ်အားဖြင့် အတော်ပင်ကြီးနေပုံရပြီဖြစ်သော အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ အချီအချ စကားများပြောနေကြသည်ကို သတိထားကြည့်မိလိုက်သည်။
သူတို့ဘာသာစကားကို နားမလည်သော်လည်း အဘိုးအိုက ကားလမ်းကြောင်းတစ်ခုကို မေးနေမှန်းတော့ သိလိုက်သည်။ သို့သော် လူငယ်ဖြစ်သူမှာ အဘိုးအို၏ မေးခွန်းများကို ဖြေနေရသည်ကို သိပ်စိတ်ရှည်ပုံမရပါ။ ထိုသို့ အဘိုးအိုက အားကိုးတကြီး မေးနေရင်းလက်စနှင့်ပင် သူစီးရမည့် ဘတ်စ်ကားနံပါတ် ရောက်လာသောအခါ ဒီအတိုင်းထားခဲ့ကာ ဘတ်စ်ကားပေါ်သို့တက်၍ ထွက်ခွာသွားလေသည်။
ထိုလူငယ်ထွက်ခွာသွားပြီးနောက် ကားဂိတ်တွင် သူမတစ်ယောက်သာ ကျန်နေခဲ့ရာ အဘိုးအိုက တရွေ့ရွေ့နှင့် သူမနားသို့ ချဉ်းကပ်လာပြီး သူတို့ဘာသာစကားနှင့် စကားစတင် ပြောလာပါသည်။ သူမကလည်း သူတို့ဘာသာစကားကို သူမနားမလည်ကြောင်း၊ ကျေးဇူးပြုပြီး အင်္ဂလိပ်စကားကို သုံးနိုင်လျှင်သုံးပေးပါရန် ကောင်းမွန်စွာ ပြန်လည်ပြောပြပါသည်။ ထိုအခါ အဘိုးအိုက အင်္ဂလိပ်စကားဖြင့် သူဖြစ်နေသည့်အကြောင်းစုံကို သူမအား ပြောပြပါတော့သည်။
သူ့စကားအရ သူသည် ဤအနီးအနားတစ်ဝိုက်မှာနေသူ မဟုတ်ပေ။ ဤ နေရာမှာရောင်းသော ကြက်ဆီထမင်းအား စားချင်လွန်း၍ လာဝယ်ရာမှ လမ်းပျောက်သွားပြီး အိမ်သို့ ဘယ်ကားကိုစီး၍ ဘယ်လိုပြန်ရမည်ကို သူမမှတ်မိတော့ကြောင်း၊ ရထားစီးရန်လည်း ဘူတာက ဘယ်နားတွင်ရှိ၍ ဘယ်လိုသွားရမည်မှန်းလည်း သူမသိကြောင်း၊ အခြားသူများကိုမေးမြန်းပါသော်လည်း ဘယ်သူကမှ သူ့ကို ကောင်းကောင်းမွန်မွန် ပြောပြကူညီခြင်းမရှိကြောင်း၊ စသည်ဖြင့် ငိုသံပါကြီးနှင့်ပြောပြလေတော့သည်။ သူမကိုလည်း သူ့ကို ကူညီပေးပါရန် တောင်းတောင်းပန်ပန်နှင့် ပြောလေသည်။ သူမ၏စိတ်ထဲတွင် အဘိုးအိုအပေါ်မှာ လွန်စွာမှ သနားကရုဏာသက်သွားမိလေသည်။
“အဘိုး....မငိုပါနဲ့....စိတ်ချပါ... ငါမင်းကို အိမ်ကိုရောက်အောင် ပြန်ပို့ပေးမယ်... မင်းရဲ့အိမ်က ဘယ်ဘူတာရုံနဲ့ နီးသလဲဆိုတာရော မင်းမှတ်မိလား....”
အဘိုးအိုက ဘူတာရုံတစ်ခု၏ နာမည်ကိုပြောပါသည်။ ထိုဘူတာရုံကို ရောက်လျှင် သူ့အိမ်ကိုမှတ်မိပြီဟုလည်း ဆိုပါသည်။
“ဟုတ်ပြီ...အဘိုး...စိတ်ချ....ငါမင်းကို အဲဒီဘူတာရုံကို ရောက်အောင်လိုက်ပို့မယ်....အခု ငါတို့ ဒီနားက ဘူတာရုံကို အရင်သွားကြမယ်....အဲဒီကနေမှတဆင့် မင်းရဲ့အိမ်ရှိတဲ့ဘူတာရုံအထိ ငါလိုက်ပို့ပေးမယ်.....။ မင်းအရမ်းမောနေပြီလား လမ်းလျှောက်လို့ရောရသေးလား....”
ဟုပြောကာ အဘိုးအို၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ အဘိုးအိုက သူမကို အားကိုးတကြီးဖြင့်ကြည့်ကာ
“ရပါတယ်….ငါ ဖြေးဖြေးချင်းတော့ လျှောက်လို့ရပါတယ်”
“အိုကေအဘိုး....ငါမင်းကိုတွဲပြီးလျှောက်မယ်....မင်းဘာမှစိတ်မပူပါနဲ့....ဘူတာရုံ ရှိတဲ့ ဘက်ကို သွားဖို့ဆိုရင် ပထမဆုံးအနေနဲ့ ငါတို့ ဒီကုန်းကျော်တံတားကိုတော့ ကျော်ရမယ်...”.
သူမပြောပြောဆိုဆိုနဲ့ အဘိုးအို၏ လက်ကိုတွဲကာ တံတားပေါ်သို့ တလှမ်းချင်း ခေါ်ဆောင်လာခဲ့သည်။

အဘိုးအို၏ မျက်ဝန်းမှမျက်ရည်များ ပြည့်လျှံလာကာ တုန်ယင်နေသောအသံဖြင့်
“မိန်းကလေးရယ် မင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါလူတွေအများကြီးကို အကူအညီတောင်းပြီးပြီ။ ငါ့ကိုကူညီဖို့ ဘယ်သူမှ စိတ်မရှည်ကြဘူး။ မင်းနဲ့သာမတွေ့ရင်တော့ ငါဘယ်လိုလုပ်ရမယ်မှန်း ငါမသိတော့ဘူး။”
အဘိုးအိုကဆက်၍ပြောပါသည်။
“ငါ့ရဲ့အသက်က ၉၂နှစ်ရှိပြီ မိန်းကလေးရဲ့..... ငါ့မှာသားသမီးလေးယောက်နဲ့ မြေးတွေရှိပေမယ့် အခုသူတို့က နိုင်ငံခြားကို သွားတယ်။ ငါ့ကိုတစ်ယောက်တည်း ထားခဲ့ကြတာ။ တစ်လလောက်ကြာမှသူတို့က ပြန်လာကြမယ်လို့ ပြောသွားကြတယ်။ ငါ့ကိုသူတို့က အပြင်ကိုလျှောက်ပြီး မသွားဖို့ မှာခဲ့ကြပါတယ်။ ဒါပေမယ့် ငါက ဒီနေ့ကြမှ ဟောဒီနားက ကြက်ဆီထမင်းလေးကို စားချင်လွန်းလွန်းလို့ ထွက်လာခဲ့မိတာပါ....”
အဘိုးအိုက ပြောပြောဆိုဆို သူ့လက်ထဲမှဆွဲလာသော အထုတ်လေးကိုလည်း မြှောက်ပြလေသည်။
သူမကလည်း အဘိုးပြောပြသည်တို့ကို ဂရုတစိုက် စိတ်ဝင်တစား နားထောင်ပေးကာ တံတားကို တရွေ့ရွေ့ဖြတ်ကျော်ခဲ့ကြပြီးနောက် လမ်းတစ်ဘက် ကားမှတ်တိုင်သို့ ရောက်ရှိသွားပါသည်။ ဘူတာရုံသို့ ရောက်ရန် နောက်ထပ် နှစ်မှတ်တိုင်စာမျှ လမ်းလျှောက်ရဦးမည် ဖြစ်သော်လည်း အဘိုးအို၏ ပုံစံမှာ အလွန်တရာမှပင် မောဟိုက်နေပြီး နောက်ထပ်အနည်းငယ်မျှ ထပ်မံလျှောက်လှမ်းဖို့ပင် တော်တော်လေးခက်ခဲနေပုံပေါ်နေပါပြီ။
ဒီပုံအတိုင်းဆိုရင်တော့ ဘူတာရုံသို့ခေါ်သွာဖို့ဆိုတာမလွယ်ပေ၊ မဖြစ်နိုင်လောက်တော့ပေ။ တက်စ်စီငှားပြီးပို့ပေးမှဖြစ်တော့မယ်ဟု သူမဆုံးဖြတ်လိုက်ကာ အဘိုးအိုကို ပြောပြလိုက်တော့ အဘိုးအိုက ၀မ်းနည်းတုန်ယင်စွာဖြင့် တက်စ်စီငှားရန်အတွက် သူ့မှာပိုက်ဆံပါမလာကြောင်း၊ ငွေပိုဟူ၍လည်းသူ့မှာ မရှိကြောင်း၊ သူ၏သားသမီးများကလည်း ထမင်းစားဖို့လောက်အတွက်သာ ပိုက်ဆံကိုတွက်ပြီး ပေးခဲ့တာဖြစ်ကြောင်းစသည်ဖြင့် ပြောပြပြန်သည်။
“စိတ်မပူပါနဲ့အဘိုး….ငါ့မှာ ပိုက်ဆံပါပါတယ်။ စိတ်ချ…..မင်းကို ငါတက်စ်စီနဲ့ လိုက်ပို့ပေးမယ်။ ပိုက်ဆံကိုလည်း ငါပဲပေးမှာ….မင်းဘာမှစိတ်မပူနဲ့နော်”
အဘိုးအိုကတော့ သူမအား ကျေးဇူးတင်ကြောင်းများကိုသာ တဖွဖွပြောနေလေတော့သည်။ သို့နှင့်သူမ တက်စ်စီငှားရန်ပြင်လိုက်သည်။ လာနေသောတက်စ်စီများကို ကြည့်သော်လည်း အားလုံးက မအားပေ။ အချိန်အတော်ကြာကြာ စောင့်နေပြီးသည့်တိုင် ကားကမရနိုင်သဖြင့် တက်စ်စီရရန် ပိုမိုအခွင့်အလမ်းသာသော လမ်းမကြီးဘက်သို့ သွားရန် အဘိုးအိုကို သူမ အကျိုးအကြောင်း ပြောပြသည်။ အဘိုးအိုမှာ အတော်ပင် မောဟိုက်နေပြီ ဖြစ်သော်လည်း ဤနေရာတွင်သာ ဆက်နေလျှင် ကားရဖို့မလွယ်ကြောင်း သူလည်းရိပ်မိသဖြင့် သူမကိုမှီတွဲကာ လမ်းမကြီးပေါ်သို့ တရွေ့ရွေ့ လျှောက်လာခဲ့ကြပြန်သည်။
လမ်းမကြီးပေါ်သို့ အရောက်တွင် ကားများက ပေါသော်လည်း သူမတားနေသည်ကို တော်ရုံနှင့် ရပ်မပေးကြချေ။ တကယ်တော့ တက်စ်စီများရပ်နားရာနေရာနှင့် ဘူတာရုံမှာ လမ်းလျှောက်သွားမည်ဆိုပါက သူမတို့နှင့် တစ်မှတ်တိုင်စာမျှလောက်ပင် မဝေးတော့ချေ။ သို့ပါသော်လည်း အဘိုးအိုက သူ့မှာအလွန်ပင် မောပန်းနွမ်းဟိုက်နေပြီဖြစ်ကြောင်း၊ သူ့အနေဖြင့် အနည်းမှပင် လမ်းထပ်လျှောက်ရန် မဖြစ်နိုင်တော့ကြောင်း သူမအား သနားစဖွယ်ပြောလာသဖြင့် သူမအနေဖြင့် ဒီနေရာမှာပင် ကားရအောင် ငှားမှဖြစ်ချေမည်။
ထို့ကြောင့်သူမလည်း နေပူထဲတွင်ရပ်ကာ လာသမျှကားကို မလွတ်တန်းတားနေမိသည်။ အချိန်မှာလည်း နေ့လည် ၁၂နာရီထိုးခါနီးဖြစ်သည်မို့ သူမအနေနှင့် အတော်ပင်ပူလောင်နေသော်လည်း စိတ်ထဲတွင် အဘိုးအိုအား ကူညီပေးချင်သည့် စိတ်ကသာကြီးစိုးနေသဖြင့် ပူလောင်မှုကို ဂရုမပြုနိုင်ပါ။
ကားငှားနေရင်းသူမ တစ်ချက်စိုးရိမ်သွားသည်မှာ သူမတွင်ပါလာသော ငွေသားမှာ ကားခအတွက် လောက်ငှမှုရှိမရှိဆိုတာ…..။ တစ်ချို့တက်စ်စီတွေက ဘဏ်ကဒ်နဲ့ပေးလို့မရ အဆင်မပြေ လက်မခံကြပေ။ သူမလည်း ကားတစ်စီးရပ်ပေးတိုင်း ခရီးအကွာအဝေးကိုပြောပြပြီး ဈေးကို အရင်မေးကြည့်မိသည်။ သူတို့ပြောတဲ့ဈေးနဲ့ သူမမှာရှိတဲ့ငွေသားနဲ့ကလောက်ငှမှုမရှိပေ။ အနီးအနားရှိဘဏ်တစ်ခုခုသို့ သွားရောက်၍ ပိုက်ဆံထုတ်ယူရန် စဉ်းစားသော်လည်း အဘိုးအိုက သူမအား အားကိုးတကြီးနှင့် ဆုပ်ကိုင်ထားသည်မှာ မျက်စိအောက်ကပင် ပျောက်သွားမှာစိုးနေပုံရပါသည်။ သူ့ကိုခေါ်သွားဖို့ကလည်း နည်းနည်းမှအဆင်မပြေ။
သူမအနေနှင့် ကျဉ်းထဲကျပ်ထဲရောက်နေသော်လည်း ရအောင်ကူညီမည်ဟု ဆုံးဖြတ်ထားသဖြင့် ဘဏ်ကဒ်နှင့်ပေး၍ရသော တက်စ်စီရသည်အထိကို စိတ်ရှည်လက်ရှည် စောင့်ငှားလိုက်ပါသည်။ အချိန်အတော်ကြာ စောင့်လိုက်အပြီးမှာတော့ ကားတစ်စီးကို အဆင်ပြေစွာ ငှား၍ရသွားပါတော့သည်။ သူမလည်း အဘိုးအိုကို ကားရှေ့ခန်းမှာ ထိုင်စေပြီး သူမက နောက်ခန်းမှဝင်ထိုင်လိုက်ကာ ကားသမားကိုလည်း အကျိုးအကြောင်း ပြောပြလိုက်သည်။
အဘိုးအိုမှာ ကားလမ်းတစ်လျှောက်လုံး ငြိမ်သက်စွာ အိပ်စက်အနားယူလျက် လိုက်ပါလာပါသည်။ သူမကသာ ကားနောက်ခန်းမှာထိုင်ကာ အဘိုးအိုနှင့်သူ၏သားသမီးတွေအကြောင်း၊ အခက်အခဲကြုံတွေ့နေသော အဘိုးအိုက အကူအညီတောင်းခဲ့သည်ကို စိတ်ရှည်စွာဖြင့် အကူအညီမပေးနိုင်ကြသော ဒီနိုင်ငံမှနိုင်ငံကြီးသားများ၏ စိတ်ထားများအကြောင်းကို သူမ၏
“မိန်းကလေးရယ် မင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါလူတွေအများကြီးကို အကူအညီတောင်းပြီးပြီ။ ငါ့ကိုကူညီဖို့ ဘယ်သူမှ စိတ်မရှည်ကြဘူး။ မင်းနဲ့သာမတွေ့ရင်တော့ ငါဘယ်လိုလုပ်ရမယ်မှန်း ငါမသိတော့ဘူး။”
အဘိုးအိုကဆက်၍ပြောပါသည်။
“ငါ့ရဲ့အသက်က ၉၂နှစ်ရှိပြီ မိန်းကလေးရဲ့..... ငါ့မှာသားသမီးလေးယောက်နဲ့ မြေးတွေရှိပေမယ့် အခုသူတို့က နိုင်ငံခြားကို သွားတယ်။ ငါ့ကိုတစ်ယောက်တည်း ထားခဲ့ကြတာ။ တစ်လလောက်ကြာမှသူတို့က ပြန်လာကြမယ်လို့ ပြောသွားကြတယ်။ ငါ့ကိုသူတို့က အပြင်ကိုလျှောက်ပြီး မသွားဖို့ မှာခဲ့ကြပါတယ်။ ဒါပေမယ့် ငါက ဒီနေ့ကြမှ ဟောဒီနားက ကြက်ဆီထမင်းလေးကို စားချင်လွန်းလွန်းလို့ ထွက်လာခဲ့မိတာပါ....” အဘိုးအိုက ပြောပြောဆိုဆို သူ့လက်ထဲမှဆွဲလာသော အထုတ်လေးကိုလည်း မြှောက်ပြလေသည်။
သူမကလည်း အဘိုးပြောပြသည်တို့ကို ဂရုတစိုက် စိတ်ဝင်တစား နားထောင်ပေးကာ တံတားကို တရွေ့ရွေ့ဖြတ်ကျော်ခဲ့ကြပြီးနောက် လမ်းတစ်ဘက် ကားမှတ်တိုင်သို့ ရောက်ရှိသွားပါသည်။ ဘူတာရုံသို့ ရောက်ရန် နောက်ထပ် နှစ်မှတ်တိုင်စာမျှ လမ်းလျှောက်ရဦးမည် ဖြစ်သော်လည်း အဘိုးအို၏ ပုံစံမှာ အလွန်တရာမှပင် မောဟိုက်နေပြီး နောက်ထပ်အနည်းငယ်မျှ ထပ်မံလျှောက်လှမ်းဖို့ပင် တော်တော်လေးခက်ခဲနေပုံပေါ်နေပါပြီ။
ဒီပုံအတိုင်းဆိုရင်တော့ ဘူတာရုံသို့ခေါ်သွာဖို့ဆိုတာမလွယ်ပေ၊ မဖြစ်နိုင်လောက်တော့ပေ။ တက်စ်စီငှားပြီးပို့ပေးမှဖြစ်တော့မယ်ဟု သူမဆုံးဖြတ်လိုက်ကာ အဘိုးအိုကို ပြောပြလိုက်တော့ အဘိုးအိုက ၀မ်းနည်းတုန်ယင်စွာဖြင့် တက်စ်စီငှားရန်အတွက် သူ့မှာပိုက်ဆံပါမလာကြောင်း၊ ငွေပိုဟူ၍လည်းသူ့မှာ မရှိကြောင်း၊ သူ၏သားသမီးများကလည်း ထမင်းစားဖို့လောက်အတွက်သာ ပိုက်ဆံကိုတွက်ပြီး ပေးခဲ့တာဖြစ်ကြောင်းစသည်ဖြင့် ပြောပြပြန်သည်။
“စိတ်မပူပါနဲ့အဘိုး….ငါ့မှာ ပိုက်ဆံပါပါတယ်။ စိတ်ချ…..မင်းကို ငါတက်စ်စီနဲ့ လိုက်ပို့ပေးမယ်။ ပိုက်ဆံကိုလည်း ငါပဲပေးမှာ….မင်းဘာမှစိတ်မပူနဲ့နော်”
အဘိုးအိုကတော့ သူမအား ကျေးဇူးတင်ကြောင်းများကိုသာ တဖွဖွပြောနေလေတော့သည်။ သို့နှင့်သူမ တက်စ်စီငှားရန်ပြင်လိုက်သည်။ လာနေသောတက်စ်စီများကို ကြည့်သော်လည်း အားလုံးက မအားပေ။ အချိန်အတော်ကြာကြာ စောင့်နေပြီးသည့်တိုင် ကားကမရနိုင်သဖြင့် တက်စ်စီရရန် ပိုမိုအခွင့်အလမ်းသာသော လမ်းမကြီးဘက်သို့ သွားရန် အဘိုးအိုကို သူမ အကျိုးအကြောင်း ပြောပြသည်။ အဘိုးအိုမှာ အတော်ပင် မောဟိုက်နေပြီ ဖြစ်သော်လည်း ဤနေရာတွင်သာ ဆက်နေလျှင် ကားရဖို့မလွယ်ကြောင်း သူလည်းရိပ်မိသဖြင့် သူမကိုမှီတွဲကာ လမ်းမကြီးပေါ်သို့ တရွေ့ရွေ့ လျှောက်လာခဲ့ကြပြန်သည်။
လမ်းမကြီးပေါ်သို့ အရောက်တွင် ကားများက ပေါသော်လည်း သူမတားနေသည်ကို တော်ရုံနှင့် ရပ်မပေးကြချေ။ တကယ်တော့ တက်စ်စီများရပ်နားရာနေရာနှင့် ဘူတာရုံမှာ လမ်းလျှောက်သွားမည်ဆိုပါက သူမတို့နှင့် တစ်မှတ်တိုင်စာမျှလောက်ပင် မဝေးတော့ချေ။ သို့ပါသော်လည်း အဘိုးအိုက သူ့မှာအလွန်ပင် မောပန်းနွမ်းဟိုက်နေပြီဖြစ်ကြောင်း၊ သူ့အနေဖြင့် အနည်းမှပင် လမ်းထပ်လျှောက်ရန် မဖြစ်နိုင်တော့ကြောင်း သူမအား သနားစဖွယ်ပြောလာသဖြင့် သူမအနေဖြင့် ဒီနေရာမှာပင် ကားရအောင် ငှားမှဖြစ်ချေမည်။
ထို့ကြောင့်သူမလည်း နေပူထဲတွင်ရပ်ကာ လာသမျှကားကို မလွတ်တန်းတားနေမိသည်။ အချိန်မှာလည်း နေ့လည် ၁၂နာရီထိုးခါနီးဖြစ်သည်မို့ သူမအနေနှင့် အတော်ပင်ပူလောင်နေသော်လည်း စိတ်ထဲတွင် အဘိုးအိုအား ကူညီပေးချင်သည့် စိတ်ကသာကြီးစိုးနေသဖြင့် ပူလောင်မှုကို ဂရုမပြုနိုင်ပါ။
ကားငှားနေရင်းသူမ တစ်ချက်စိုးရိမ်သွားသည်မှာ သူမတွင်ပါလာသော ငွေသားမှာ ကားခအတွက် လောက်ငှမှုရှိမရှိဆိုတာ…..။ တစ်ချို့တက်စ်စီတွေက ဘဏ်ကဒ်နဲ့ပေးလို့မရ အဆင်မပြေ လက်မခံကြပေ။ သူမလည်း ကားတစ်စီးရပ်ပေးတိုင်း ခရီးအကွာအဝေးကိုပြောပြပြီး ဈေးကို အရင်မေးကြည့်မိသည်။ သူတို့ပြောတဲ့ဈေးနဲ့ သူမမှာရှိတဲ့ငွေသားနဲ့ကလောက်ငှမှုမရှိပေ။ အနီးအနားရှိဘဏ်တစ်ခုခုသို့ သွားရောက်၍ ပိုက်ဆံထုတ်ယူရန် စဉ်းစားသော်လည်း အဘိုးအိုက သူမအား အားကိုးတကြီးနှင့် ဆုပ်ကိုင်ထားသည်မှာ မျက်စိအောက်ကပင် ပျောက်သွားမှာစိုးနေပုံရပါသည်။ သူ့ကိုခေါ်သွားဖို့ကလည်း နည်းနည်းမှအဆင်မပြေ။
သူမအနေနှင့် ကျဉ်းထဲကျပ်ထဲရောက်နေသော်လည်း ရအောင်ကူညီမည်ဟု ဆုံးဖြတ်ထားသဖြင့် ဘဏ်ကဒ်နှင့်ပေး၍ရသော တက်စ်စီရသည်အထိကို စိတ်ရှည်လက်ရှည် စောင့်ငှားလိုက်ပါသည်။ အချိန်အတော်ကြာ စောင့်လိုက်အပြီးမှာတော့ ကားတစ်စီးကို အဆင်ပြေစွာ ငှား၍ရသွားပါတော့သည်။ သူမလည်း အဘိုးအိုကို ကားရှေ့ခန်းမှာ ထိုင်စေပြီး သူမက နောက်ခန်းမှဝင်ထိုင်လိုက်ကာ ကားသမားကိုလည်း အကျိုးအကြောင်း ပြောပြလိုက်သည်။
အဘိုးအိုမှာ ကားလမ်းတစ်လျှောက်လုံး ငြိမ်သက်စွာ အိပ်စက်အနားယူလျက် လိုက်ပါလာပါသည်။ သူမကသာ ကားနောက်ခန်းမှာထိုင်ကာ အဘိုးအိုနှင့်သူ၏သားသမီးတွေအကြောင်း၊ အခက်အခဲကြုံတွေ့နေသော အဘိုးအိုက အကူအညီတောင်းခဲ့သည်ကို စိတ်ရှည်စွာဖြင့် အကူအညီမပေးနိုင်ကြသော ဒီနိုင်ငံမှနိုင်ငံကြီးသားများ၏ စိတ်ထားများအကြောင်းကို သူမ၏
အတွေးတွေ နယ်ချဲ့နေမိသည်။
သို့နှင့် ကားမှာလည်း အဘိုးအိုပြောပြသည့် သူ၏အိမ်တည်ရှိရာ ဘူတာရုံနားသို့ရောက်လာခဲ့သည်။ အဘိုးအိုးမှာလည်း မည်မျှပင်မောပန်းခဲ့သည်မသိ။ အတော်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် မနည်းပင် နိုးယူလိုက်ရလေသည်။ သူမလည်းကားသမားကို ပိုက်ဆံရှင်းပေးလိုက်ကာ အဘိုးအိုကို ဘူတာရုံကိုပြလိုက်သည်။ ဘူတာရုံကိုမြင်သောအခါ သူ၏မျက်နှာမှာဝင်းပသွားပြီး ချက်ချင်းပင်ရွှင်လန်းတက်ကြွစွာဖြင့် ဟိုမှာ ဟိုမှာ အဲဒါ ငါ့အိမ်လေ…. ဘူတာရုံနှင့်ကပ်လျက် လူနေတိုက်ခန်းများရှိရာအထပ်တစ်ထပ်သို့ သူမကို လက်ညိုးထိုးပြလေသည်။ ၀မ်းသာလွန်းလို့ မျက်ဝန်းတွင်မျက်ရည်ကြည်များဝေ့၀ဲစွာဖြင့် သူမ၏လက်ကိုကိုင်ကာ သူမကိုလည်း လွန်စွာပင်ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ကိုဒီမှာပဲ ထားခဲ့လို့ရပြီဆိုသည့်အကြောင်း ပြောပါသည်။ သူမလည်း အဘိုးအိုဆီမှ နောက်တစ်ခါ တစ်ယောက်တည်း ယခုလို ဝေးဝေးလံလံနေရာများသို့ ထွက်မသွားရန် ကတိတောင်းခဲ့ပြီး အဘိုးအိုကို နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။
သူမ၏အပြန်လမ်းတစ်လျှောက်တွင် သူမကိုယ့်ကိုကိုယ် သတိထားလိုက်မိသည်မှာ သူမတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပြီး တစ်မနက်လုံး နောက်ကျိမူးဝေနေသော အာရုံများမှာလည်း ကြည်လင်နေပါသည်။ သူမလည်း ကိုယ့်ကိုကိုယ် အံ့အားသင့်သွားပြီး ပြန်လည်သုံးသပ်လိုက်တော့ ….သြော်….ဟုတ်သားပဲ သူမ၏မျက်စိရှေ့မှာ ဒုက္ခနဲ့ကြုံတွေ့နေသူကို သူမတတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့သည့်အပြင် ထိုဒုက္ခမှလွတ်မြောက်သွားပြီး ပျော်ရွှင်ချမ်းမြေ့မှု ရရှိသွားသည်ကိုလည်း သူမမျက်ဝါးထင်ထင် မြင်ခဲ့ရသည့်အတွက် ပီတိများဖြစ်မိကာ ထိုပီတိများ၏ အရှိန်အဟုန်ကြောင့် သူမခံစားနေရသော ဝေဒနာတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကင်းသွားခြင်းဖြစ်ပေမည်။ ဒါဟာ သူမသောက်သုံးချင်နေသည့် အကောင်းဆုံးအားဆေးပင် မဟုတ်ပါလား… ဟု တွေးမိကာ တစ်ကိုယ်တည်း ပြုံးလိုက်မိပါတော့သည်။

37 comments:
အဘိုးအကြောင်းသိရတာ စိတ်မကောင်းဘူး... :(
ညီမငယ် ဂျင်းရဲ့မွန်မြတ်တဲ့ စိတ်စေတနာနဲ့ လုပ်ရပ်ကို မဇွန်က သာဓုခေါ်သွားတယ်နော်။
ဂျင်းရေ... စင်္ကာပူနိုင်ငံသားတွေကိုတော့ အစ်မ ဘယ်တုန်းကမှ နိုင်ငံကြီးသားလို့ မသတ်မှတ်ဖူးဘူးကွယ်။ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ စိတ်ဓာတ်က နိုင်ငံတိုးတက်ပေမယ့် နိုင်ငံကြီးသား အခေါ်ခံရလောက်တဲ့ စိတ်ဓာတ်မျိုး မပြည့်ဝသေးဘူးလို့ အစ်မရဲ့ အတွေ့အကြုံများအရ သိထားတယ်။
ပီတိ ဖြစ်မိတယ်။
ညီမလေးရေ ခံစားချက်တွေ တပုံကြီးပဲ... ညီမလေး စိတ်ထားလေးက လှလိုက်တာ... အဘိုးအို အကြောင်း စဉ်းစားမိတော့လဲ.... စင်ကာပူကို သက်မပဲချမိတော့တယ်... အသက်ကြီး ရင် ဒီနိုင်ငံမှာ လုံး ဝ မနေဘူးဟာ.... စိတ်ပျက်တာနဲ့တင် အသက်ထွက်သွားနိုင်တယ်....
စိတ်ထားကောင်းတဲ့ ဂျင်း....။
ဒီမှာကတော့ ဒီလိုပဲ....အဖိုး၊အဖွားတွေ၊ကလေးတွေကို
ပစ်ထားကြတာပဲ..။စိတ်ဆင်းရဲစရာ....:(
ဂျင်းမတို့က မရေးရင်လည်းမရေးဘူးပဲ ရေးချလိုက်တော့လဲ အပီအပြင်ပါပဲး)))
ဂျင်းရေ သူငယ်ချင်းရဲ့ စိတ်ဓာတ်လေးကို အားကျ ဂုဏ်ယူတယ်ဝေးး)
Oh! .......
ဘုရားဘုရားလို့တမိတယ်... အစ်မရဲ့ အဖြစ်အပျက်လေးကို သေချာသိအောင် ၂ ခေါက်ပြန်ဖတ်တယ်.... ၂၀၀၉ တုန်းက ကျနော်မြန်မာပြည်ထဲမှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်နဲ့  ဆင်နေလို့  ..... လုံးဝမေ့နေတဲ့ အကြောင်းအရာတစ်ခုပြန်တူးဆွခံလိုက်ရသလိုပဲ.... ပိတိတွေ ထပ်ပေါ်လာတယ်.....
ကျနော်လဲ အားတဲ့ခါရေးမယ်စိတ်ကူးမိတယ်...
(သာဓုပါဗျာ... စိတ်ကောင်းစေတနာမွန်ထားနိုင်ပါစေသား)
လင့်လေးလဲ ညွှန်းချင်တယ်... ခွင့်ပြုမယ်ဆို ပိုစ့်မှာ ထည့်ချင်တယ်... မဖြစ်နိုင်ဘူးဆိုလဲ စိတ်ဆိုးပြီးစာလာမဖတ်မှာ မဟုတ်ပါကြောင်း...ဗျိုး..
@JUSTICE999BURMA>>> ရပါတယ်....ညွှန်းလို့လည်းရတယ်....သုံးလို့ရပါတယ်။ ကိစ္စမရှိပါဘူး။စာလာဖတ်တာကိုလည်း ကျေးဇူးတင်ပါတယ်...။ :)
ဂျင်းဂျင်း
ကျန်းမာရေးလဲ ဂရုစိုက်အုံး စာလေး ဖတ်ပြီး ၀မ်းသာတယ် ဂျင်းရဲ့စိတ်ဓါတ်ကလေးကို လေးစား ဂုဏ်ယူပါတယ်
ညီမလေးဂျင်း အစစအရာရာ အဆင်ပြေပါစေ
အလုပ်ရှုတ်တိုင်းထမင်းမေ့ရင်တော့ ရောဂါရမယ်နော်
ခင်မင်တဲ့
seesein
မမဂျင်းရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်အတွက် သာဓုခေါ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်တဲ့ နေရာတိုင်းဟာ စိတ်ပိုင်းဆိုင်ရာပိုင်းမှာ ကျဆင်းတက်သလား မသိဘူးနော်။ ဒါပေမယ့် အားလုံးတော့လည်း မဟုတ်ကြပြန်ဘူး။
ကျန်းမာရေးလည်း ဂရုစိုက်နော် မမ.....
မွန်ကတော့ မျက်ရည်လွယ်လို့လားတော့မသိဘူးဂျင်းရေ..။
အဘိုးအို တစ်ယောက်ထဲ အိမ်မှာ နေခဲ့ရတာကို တွေးပြီး မျက်ရည်တောင် ဝဲတယ်။
အဲလို ကူညီတတ်တဲ့ စိတ်ကလေးကို အရမ်းလေးစားမိတယ် ဂျင်းခြစ်ရေ..။
ချစ်တဲ့။
ဂျင်း ရေ...
ဂျင်း ရဲ့ဖြူစင်တဲ့ စိတ်လေးကို အရမ်းလေးစားမိတယ်..
ပြီးတော့ ကူညီတတ်တဲ့ လူတွေထဲမှာ မြန်မာလူမျိုးတွေက ရှေ့ဆုံးကမို့ဂုဏ်ယူပြီး ပြုံးမိပါတယ်...။
ကျန်းမာရေးလည်း ဂရုစိုက်ပါနော်...။
ဒီလိုစိတ်ဓာတ်မျိုးက တစ်ခြားလူမျိုးတွေမှာ အတော်ရှားပေမဲ့ ကိုယ်တွေမြန်မာလူမျိုးတွေမှာတော့ တော်တော်များများရှိကြတာ
ဝမ်းသာစရာဘဲ.. စာဖတ်သူကိုပါ ကြည်နူးမှုပေးနိုင်တဲ့ အပြုအမူလေးပါ။
လှပသောစိတ်ထားလေးအတွက် ချီးကျူးဂုဏ်ယူပါတယ်.. ပီတိမျက်ရည်လည်သွားတယ်..
အဖိုးအိုရော အင်ကြင်းပါ ကောင်းမွန်စွာ အိမ်ပြန်ရောက်ကြသည်အတွက် ဝမ်းသာမိပါသည်၊
ကောင်းမှုပြုလုပ်ခြင်းအတွက် ဂုဏ်ယူမိပါသည်၊
ဒါမှဂျင်ဂျင်းလေးကွ၊ proud of you!
နိုင်ဂံဂျား နိုင်ဂံဂျား အတော်ဆိုးတဲ့ နိုင်ဂံခြား အကြင်နာရှားတာ နိုင်ဂံဂျား..
မြန်မာမလေးနဲ့ တွေ့ပေလို့သာ ပေါ့ ဘိုးဘိုးရယ်...
စလုံးမှာ အဲလို လူအို တွေ အများကြီးပဲ နော်..
ဂျင်း ရေ.. ကြည်နူး စွာ နဲ့.. သာဓု ခေါ်သွားတယ်။
လူ့ဘောင်လောက ကြီး မှာ စိတ်ရှည်သည်းခံ ခြင်း နဲ့ မေတ္တာတရား တွေ ပွားများ နိုင်ပါစေ..
သူမ ကို ပြောချင်တာပြောပါရစေ..သက်ကြီးရွယ် အို တွေ ကို ကူညီ ချင်တဲ့ စိတ် ကို လုံးဝအသိ အမှတ်ပြု လေးစားပါတယ်..သူမ ကိုယ်တိုင် ရော တနေ့ ကျရင် သူ့ လို ဘဲ တုံတုံချိချိ နဲ့ လမ်းမ ပေါ်မှာ အဖော် မ ပါပဲ သွား ရ ဦး မယ် ဆို တာ ဗေဒင် မေး စရာ မလိုပါ။ အဲဒီ အ ခါ ကျ ရင် သူမ လို ကူညီ တတ် တဲ့ စိတ် ကောင်းရှိ တဲ့ သူ နဲ့ တွေ့ ဦး မှာပါ..
ကျွန်တော် အမေရိက ရောက် ခါ စ က သူမ လိုဘဲ သက်ကြီးရွယ် အို တွေ ကို လမ်းပေါ်မှာ အဖော်မဲ့ တွေ့ ရ ရင် အ ရမ်း ကူ ညီချင်တယ်.. အိမ်မှာ ထားခဲ့ရ တဲ့ အမေ နဲ့ အဖေ ကို သတိ ရပြီး သူတို့ လိုအပ်တာ ကို ကူညီချင်တယ်.. ဒါပေမဲ့ ကူညီဘို့ ၀န်လေးတယ်.. ဘာလို့ လဲဆိုတော့ အမေရိကမှာ က ကိုယ် ကူညီ လိုက် လို့ မတော်တဆ လဲကျ ခြေကျိုးသွားတာမျိုးဆို ရင် ကိုယ့်ကို"" စူး"" ပါရော.. တရားဆွဲ ရင် ကိုယ့် ရှိတာ ""ရော် "" ပေ တော့...ဒါကြောင့် သူမ ကို သတိပေးချင်တယ်.. ကူညီတာ အခြေအနေ ကို ကြည့်ပြီးကူညီပါလို့.. ကျွန်တော် က တော့ သူတို့ လို အသက် အရွယ် မတိုင်မှီ မြန်မာပြည်ပြန်အခြေချမယ် ဆိုးဖြတ်ပြီးသား....
ပီတိကိုစားပြီးအားရှိနေတဲ့ဂျင်းလေး
မိုးသူငယ်ဂျင်းလေးတွက် လေးစားဂုဏ်ယူမိပါတယ်။
ကျမ်းမာရေးလည်းဂရုစိုက်ပါသူငယ်ဂျင်း
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ငုဝါ၊ မဇွန်၊ Ko Boyz၊ မမခြင်လေး၊ ကိုမောင်လေး၊ ဗညား၊ JUSTICE999BURMA၊ မမလေး၊ ညီမခွန်၊ ချစ်တဲ့မွန်၊ မမအဖြူရောင်နတ်သမီး၊ မမချော၊ ကိုဆိုဆီ၊ ကိုတီ၊ မိုးယံ၊ မမကေ၊ ဆဲဗင်းဒီဇင်ဘာ၊ မိုး >>> အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဂျင်းရဲ့ပိုစ့်လေးကိုဖတ်ပြီး ပီတိကိုမျှဝေခံစားသွားနိုင်ကြတဲ့အတွက်လည်း ဂျင်းမှာပီတိတွေထပ်စားသုံးရပါတယ်လို့.... :))
သိပ်လိမ်မာတဲ့ မိန်းကလေးပါလားနော်။
အဘိုးအိုက စင်ကာပူက ဘိုးဘိုးလား၊
လင်းတိုင်းတို့ မြန်ပြည်က ဘိုးဘိုးလား။
အကူအညီလိုတဲ့သူကို ကူညီနိုင်ခဲ့တာ အရမ်းပီတိ ဖြစ်စရာပေါ့...
နှစ်သစ်အတွက် ကြည်နူးစရာကူညီမှုလေးနဲ့ ဖွင့်နိင်ခဲ့တာ ဝမ်းသာစရာပါ။ နောင်တချိန်မှာ အကျိုးပေးမပေး မမျှော်လင့်ရင်တောင် လတ်တလောမှာ ပီတိဖြစ်ရတာနဲ့တင် ကူညီရတာ ကျေနပ်စရာပါ။ နောင်လည်း အကူအညီတကယ်လိုအပ်တဲ့ ဒုက္ခရောက်နေသူတွေကို ကူညီနိင်ပါစေ..။
ပီတိတွေကို ထပ်တူထပ်မျှ စားသွားပါတယ်။ အကူအညီယူပြီးဖြစ်တဲ့ပီတိထက် အကူအညီပေးပြီး ဖြစ်ပေါ်လာတဲ့ ပီတိက ပိုပြီး မွန်မြတ်ပါတယ်။
သာဓု သာဓု သာဓု။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
သာဓုပါ ဂျင်းရေ...။ ဒီမှာက ဒီလိုပဲ သက်ကြီးရွယ်အို မိဘတွေ လူအိုရုံ ခဏပို့၊ ဆေးရုံ ခဏပို့ပြီး ခရီးထွက်သွားကြတာတွေတောင် ရှိတယ်။ ဂျင်း ရေးထားပုံအရတော့ အဲဒီ အဖိုးဟာ Dementia-ဒီမန်းရှား ဖြစ်နေပုံရတယ်။ အလာလမ်းတုန်းက ဖြောင့်အောင်လာနိုင်ခဲ့ပြီး အပြန်ကျမှ လမ်းပျောက်တာ၊ ငိုတာတွေ ဖြစ်တယ် ဆိုတော့လေ။ ဒီမှာ လူကြီးပိုင်းတော်တော်များများ Dementia ဖြစ်ကြတယ်....
ပထမဦးဆုံး အင်ကြင်းရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ချီးကျူးချင်ပါတယ်။ ဒါမျိုးစိတ်ဓာတ်က ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာဘဲ ရှိတာပါ။ ဒီနိုင်ငံက လူတွေမှာ မရှိပါဘူး။ အဲဒီအကြောင်းကိုလဲ ကျွန်တော် ဟိုတနေ့ ကဘဲ ဆောင်းပါးတစ်ပုဒ် ရေးထားပါသေးတယ်။ ဒီအဖြစ်မျိုးတွေက ဒီနိုင်ငံမှာ ဖြစ်နေကျပါ။ ကျွန်တော်လဲ ဒီလို အဖြစ်မျိုးလေးတွေ မကြာမကြာ ကြုံဘူးတယ်။ လူဆိုတာက အတ္တနဲ့ ပါ။ ဒါပေမယ့် ဒီနိုင်ငံက လူတွေကတော့ ပိုအတ္တကြီးတယ်လို့ ထင်မိတယ်။ သူငယ်ချင်းကလဲ ပိုစ့်မရေးဘူး မရေးဘူးနဲ့ ရေးလိုက်ရင်လဲ တကယ့် ပိုစ့်ကောင်းလေးတွေဘဲ ရေးတာဘဲ။ ကျွန်တော့် ပိုစ့်လေးလဲ လာအားပေးပါဦး အတ္တနဲ့ တည်ဆောက်ထားသော လူများအကြောင်း ဆိုပြီး ဒီနိုင်ငံက အတ္တကြီးတဲ့ လူတွေ အကြောင်းကို ရေးထားတာ...
အတော်ကြည်နူးဖို့ကောင်းတယ်ဗျာ... ချီးကျူးပါတယ်.. မအင်ကြင်းရေ..း))
ခင်မင်တဲ့
နေ၀သန်
ရောက်တုန်း စာကောင်းတစ်ပုဒ်ဖတ်သွားပါတယ်။
ဂုဏ်ယူပါတယ်ဗျာ။ ချီးလည်းချီးကျူးပါတယ်။
ခင်မင်စွာနဲ့
စံလင်းထွန်း
အစ်မ အင်ကြင်သန့် ရေ... ကျနော် အရင်က ဆန္ဒပြုမိတဲ့ အတိုင်း ရေးဖြစ်ပါတယ်... ပီတိဇော အဟုန်လေးတွေကို မျှဝေချင်လို့  ကျနော် မရေးတတ် ရေးတတ် ရေးခြင်းဖြစ်ပါတယ်.... အစ်မလဲ ဖတ်ရှုပြီး ဝေဖန်ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်..
http://freedomjusticedemocracy4burma.blogspot.com/2011/01/blog-post_19.html
(အစ်မ ကျန်းမာပါစေ)
ဂျင်း စိတ်ထားလေးကို လေးစားမိပြီး ပီတိ ဖြစ်မိတယ် ...
ကျွန်တော် သာဓု ခေါ်ပါတယ် ...
သာဓု ... သာဓု ... သာဓု ပါဗျာ ...
ခင်တဲ့
ညလင်းအိမ်
မွန်မြတ်တဲ့လုပ်ဆောင်ချက်လေးဘဲဗျာ ကျွန်တော်တို့ 
မြန်မာလူမျိုးရဲ့ အဲလိုသူတစ်ပါးကိုကူညီတတ်တဲ့အစဉ်
အလာလေးဟာ သိပ်ချစ်ဖို့ ကောင်းပါတယ် အလို
အစဉ်အလာဓလေ့ကိုထိန်းသိမ်းပြီ ပြုမူလုပ်ဆောင်ပြ
ခဲ့တဲ့အတွက် အမကိုယ်စားဂုဏ်ယူပါတယ်ဗျာ တချိန်
တည်းမှာဘဲ အဲအဘိုးရဲ့ သားသမီးမြေးများကိုဒေါသ
ဖြစ်မိပါတယ် အဲအဘိုးအိုမှာသံသရာက၀ဋ်ကြွေးရှိရင်
နောင်ဘ၀ဆက်တိုင်းကွေကွင်းပါစေဗျာ . . .
ဂျင်းရေ စီဘောက်စ်လေးထားပါလား သူများဝဲကင်းတော့ဂျင်းလေးကိုလာချောင်းတာ
ယားနာဆိုတမာသုံးးD
မိုး
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သာဓု သာဓု သာဓု အကြိမ်ကြိမ်ခေါ်ဆိုသွားပါတယ်။
စာတွေလည်းဒီကနေ့အတော်များများဖတ်သွားတယ်။
ဓါတ်ပုံတွေလည်းကြည့်သွားတယ်-တကယ့်ကိုပီတိပါခင်ဗျာ
အကြင်နာရှားပါးတဲ့ နေရာမှာ ကူညီလိုက်တဲ့ အပြုအမူလေးဟာ အဘိုးအိုရဲ့ရင်ထဲကို အမြဲ မွှေးမြကျန်ခဲ့မှာပါ။ ပီတိဖြစ်မိပါတယ်။
I was quite far away with ur webpage but today I be at there with a cup of coffee that no milk no sugar.That's the way I take coffee. But this coffee can't make me any taste because of your post can confiscate all of my mind.For this post, I couldn't write every little single word for praising you.
with love,
chit su
အင်ကြင်းblog တွေကို ဝင်ဝင်ဖတ်ဖြစ်တယ်
မဖတ်ရသေးတာတွေပါ ဝင်ဖတ်ရင်း
ဒါလေးဖတ်ပြီး ပါးစပ်က အသံထွက်သွားတယ်
''အင်ကြင်းက တော်တော် တော်တာပဲလို့''
တကယ်စာရေးကောင်းတယ်ဟာ
အင်ကြင်း စာရေးနေတယ်လို့ငါဖေဖေတို့ကို
ကြွားမိသေးတယ်
ဂုဏ်ယူပါတယ်သူငယ်ချင်း
Post a Comment