နှစ်သစ်မင်္ဂလာ
Saturday, January 1, 2011
2:59 PM
Posted by
အင်ကြင်းသန့်
Labels:
မျှဝေခြင်း
ဘာလိုလိုနဲ့ နှစ်တစ်နှစ်ကတော့ ကုန်သွားပြန်ပါပြီ။ ၂၀၁၀ဟာ ကျွန်မအတွက်တော့ အကြောင်းအရာအမျိုးစုံနဲ့ ခံစားချက်အဖုံဖုံတို့ကို တွေ့စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ အခုတော့လည်း သူ့ကိုထားခဲ့ရပြီ။ တကယ်တော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှမတည်မြဲပါဘူး။ အချိန်အတိုင်းအတာ တစ်ခုလေးပါပဲ။ အချိန်တန်တော့လည်း အရာအားလုံး ပြီးဆုံးသွားရတာပါပဲ။
နှစ်အသစ်တစ်ခုကိုရောက်တိုင်း အသက်တစ်နှစ်ပိုကြီးလာသလို စိတ်ရှုပ်စရာတွေကိုလည်း သိပ်မခံစား မတွေးတောချင်တော့ဘူး။ စိတ်ကိုအေးအေးဆေးဆေး ရိုးရိုးရှင်းရှင်းနေနိုင်အောင် ကြိုးစားရင်းနဲ့ပဲ ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းချင်စိတ်တွေ တစ်နှစ်ထက်တစ်နှစ် ဖြစ်ဖြစ်လာတယ်။ တတ်နိုင်သမျှတော့ အရှုတ်တွေကို သိမ်းမထားမိအောင်၊ သယ်မသွားမိအောင် ကြိုးစားပြီးနေနေဖြစ်တယ်။ အားလုံးသော ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများလည်း အေးချမ်းသာယာ ပျော်ရွှင်မှုတို့နဲ့အတိပြီးသော ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံသော နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
တကယ်တော့ နှစ်သစ်ကူးပြီဆိုတော့ကာ ဖုန်တက်နေတဲ့ဘလော့ကို ဖုန်လေးဘာလေးတက်ခါရင်း၊ စာပြန်ရေးဖို့အတွက် အရှိန်လေးလည်းပြန်ယူရင်းနဲ့ ဆားချက်တယ်ပဲပြောပြောပါ.... အခုလိုနှစ်သစ်တစ်ခုရဲ့အစ မင်္ဂလာအခါသမယမှာ ဒီစင်ကာပူနိုင်ငံမှာရှိတဲ့ Informatics Campus မှာ ပြုလုပ်ကျင်းပတဲ့ “နှစ်သစ်မင်္ဂလာတရားပွဲနှင့်သံဃာ့ဒါနစာရေးတံလောင်းလှူပွဲ”ကို သွားရောက်ပြီး အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်နာယကချုပ် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသ ဟောကြားတော်မူသော တရားတော်မြတ်ကိုနာကြားရင်း ကျွန်မတတ်စွမ်းသလောက် ကုသိုလ်ကောင်းမှုလေးလည်း ပြုလုပ်ဖြစ်ခဲ့တာကို ကုသိုလ်အမျှရကြစေရန် အလို့ငှာ ပြန်လည်ဝေငှလိုက်ရပါတယ်။
(ဖုံးနဲ့ရိုက်လာတာဖြစ်လို့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာဂျီးတွေလိုတော့ ဓါတ်ပုံတွေက မလှပါဘူး။ သည်းခံပြီးသာ ရှုစားကြပါကုန်.....။း))
ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသမှ နှစ်သစ်မင်္ဂလာတရားဟောကြားတော်မူနေပုံ
အားလုံးပဲ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းနေကြတဲ့မြင်ကွင်းက တကယ်ကိုကြည်နူးစရာ....
ကျွန်မလောင်းလှူဖြစ်ခဲ့တဲ့ လှူဖွယ်ဝတ္ထုအစုစု
ဒီပိုစ့်လေးထဲမှာ ကျွန်မအနေနဲ့ အဓိကထားပြီး ထည့်ရေးချင်တာလေးတစ်ခု ရှိပါသေးတယ်။ တကယ်တော့ ကျွန်မဘလော့လေးကို ပစ်ထားမိပြီး ပျောက်နေလိုက်တာ လနဲ့ချီပါတယ်။ “ကျွန်မ အဲဒီလို ပျောက်နေတဲ့ အချိန်အတောအတွင်းမှာ ဒီဘလော့လေးထဲမှာ သော်လည်းကောင်း၊ facebook မှာသော်လည်းကောင်း၊ အီးမေးလ်နဲ့တစ်မျိုး၊ ဂျီတော့နဲ့တစ်ဖုံ၊ ဖုံးနဲ့တစ်မျိုး ကျွန်မကို သတိတရနဲ့ ဆက်သွယ်မေးမြန်းကြသော၊ စာပြန်ရေးဖို့ တိုက်တွန်းကြသော၊ ကျွန်မပျောက်နေတာတောင်မှ တခုတ်တရနဲ့ ဘလော့ပိုစ့်လေးတွေထဲမှာ ကျွန်မကို ထည့်ရေးပေးခဲ့ကြသော မောင်နှမတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံးကို ကျွန်မအနေနဲ့ အရမ်းကို ကျေးဇူးတင်မိပါတယ်”..... ဆိုတဲ့အကြောင်းလေးပါ။း))
“အားလုံး၊ အားလုံး၊ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ”

Happy New Year ပါ အင်ကြင်းရေ။ နှစ်သစ်မှာ အစစ အရာရာ အဆင်ပြေပါစေလို့ဆုတောင်းတယ်နော့။ မငုံတို့ကို ခံစားချက်အမျိုးမျိုးပေးခဲ့တဲ့ ၂၀၁၀တော့ ပြီးဆုံးသွားပြီဆိုတော့ နှစ်သစ်မှာ ကြိုးစားလိုက်ကြဦးစို့. စာတွေလဲပြန်ရေးလေနော့ မငုံကို သတိရတာ ကျေးဇူးနော့
မင်္ဂလာပါ ဖေ့ဘွတ်မမ ခင်ဗျာ.. နှစ်သစ်မှာ အလှူအတန်းနဲ့ စတင်တော့ ကောင်းမြတ်ခြင်းတွေ စုပုံ ရရှိနိုင်မှာပေါ့..
ပျော်ရွှင်ဖွယ် နေ့သစ်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ဂျင်းရေ.....
ဂျီးတော်က ကျုပ်တို့ကိုပစ်ထားပေမဲ့ ကျုပ်ကတော့ သတိတရနဲ့ လာရေပေသပေါ့လေ..
ညက ပွဲကတာ အတော်မှ မောသွားပြီလား...
ပျော်စရာနှစ်သစ်ဖြစ်ပါစေ..
နာကျင်စရာတွေ အကုန်ထားခဲ့ပြီးနှစ်သစ်မှာ အရာရာ အသစ်နဲ့ ပြန်စနိုင်ပါစေ... ဒါနဲ့ ဓာတ်ပုံတွေက ဖုန်းနဲ့ ရိုက်တယ်သာ ပြောတာ ကောင်းလှချည်လား..
သူညားတွေက ဖုန်းအကောင်းကိုင်တယ်ဆိုတာ သိသာတယ်..း)
ကျုပ်တို့လို ၂ကျပ်တန်ဖုန်းမဟုတ်ဘူး ဟိဟိ
ကျုပ်ဘလော့ကို အသစ်ပြန်ချိန်ပြန်ဦး... Update မဖြစ်လို့...
ပျော်ရွင်ကြည်နူးဖွယ်မင်္ဂလာနှစ်သစ်ပါဗျာ...။
နှစ်သစ်နဲ့အတူ ပြန်လာပြီပေါ့နော်...ဝမ်းသာပါတယ်ခင်ဗျာ။
အလှူအတွက်လည်း သာဓု...၊သာဓု...၊သာဓု...ပါ
ကောင်းမှုအတွက် သာဓုခေါ်ပါသည်၊
Wish you a Happy New Year
ဂျင်းရေ...
ကုသိုလ်နဲ့စပြီး ကုသိုလ်နဲ့ဆုံးတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ကြိုးစားနေထိုင်စို့နော်။
ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ် ၂၀၁၁ ကို ပိုင်ဆိုင်နိုင်ပါစေ ငါ့ညီမရေ။
ချစ်တဲ့
မဇွန်
ဂျင်းညီမရေ
မျှော်လိုက်ရတာ မောလို့ ပေါ်လာပြန်တော့လည်း ကုသိုလ်ကောင်းမှုတွေ အများကြီးနဲ့ဆိုတော့ သာဓုခေါ်ပါတယ် နော်
မင်းသမီးလေးဂျင်းရေ ကိုယ့်ဇာတ်ကိုယ်ပြန်ကြည့်အုံးနော်
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘလော့ပို့စ်တွေ များများ ရေးပေးနိုင်ပါစေ
ခင်မင်တဲ့
seesein
နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ။
အလှူအတွက် သာဓု သာဓု သာဓု လို့ ခေါ်ရင်း ကုသိုလ်မျှယူသွားပါတယ်။
အလှူရေစက် လက်နဲ့ မကွာ လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းရေ...
ညီမ အင်ကြင်း ရေ
နှစ်သစ်မှာ နေကောင်းကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်နော်
ချစ်တဲ့
အမရွှေစင်
စာရေးအုန်းနော်
အင်းးးးးးးခုမှပဲ ဖုန်တွေရှင်းပြီး blog လေးကဝင်းလာတော့တယ်...။ မဟုတ်ရင် သူကတော်တော်ကလေးကို ပျောက်နေတာဆိုတော့ :) သာဓုပါ ( သုံးကြိမ် ):)
မမအင်ကြင်းရေ ..
ညီမလေးတောင် အဲဒီကို မသွားဖြစ်လိုက်ဖူး .. HAPPY NEW YEAR နော် ချစ်မမ .. :)
မမလည်း ခုမှပဲ စာပြန်ရေးဖြစ်တယ်နော် .. ညီမလေးလည်း ဖုန်တွေ သုတ်ပြီး စာပြန်ရေးနေပြီရှင့် .. :)
သာဓု သာဓု သာဓု
စိုင်းလင်းတိုင်း
ဂျင်းရေးးးးးးးးးး
သာဓု သာဓု သာဓုပါ။ ခုမှအွန်လိုင်းတက်ဖြစ်လို့ နောက်ကျသွားတယ်။ တစ်နှစ်ပတ်လုံးဒီလိုပဲ အေးချမ်းတဲ့ပီတိတွေနဲ့လျှောက်နိုင်ပါစေနော်
သာယာချမ်းမြေ့ပါစေရှင်း
မိုး
သာဓု သာဓု သာဓုပါ။ ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ ဂျင်းစုတ်လေးရေ :)
စာပြန်ရေးတော့မယ် ဆိုတာနဲ့တင် မင်္ဂလာရှိသွားပြီး)
ဂျင်းရေ..
ဟက်ပီးနယူးရီးယား သတင်းကောင်းပါပဲ ဂျင်းခြစ်ရေ..။
ပျော်ရွှင်ပါစေ ချစ်ကလေး..။
အစ်မရေ...
သွားပီဗျ၊ ကျနော့် website account ပျက်သွားပီ၊ sign in လို့မရတော့ဘူး။ ။
အစ်မဂျင်းရေ...
လာလည်သွားတယ်ခင်ဗျား
ပျော်ရွင်စရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ
မမဂျင်း :)
ဂျင်းရေ..ပို့ စ်အသစ်တွေဘာတွေတက်လို့ ..၀မ်းသာတယ်သိလား..ဘလော့လေးကိုလဲ ပစ်မထားနဲ့ နော်..သနားပါတယ်.. :))))
ဟက်ပီးနယူးရီးယား နော်ဂျင်း..
ချစ်တဲ့
ယွန်း
သာဓု သာဓု သာဓုပါနော်... ပျော်စရာနှစ်သစ်ဖြစ်ပါစေ။
အာ ဂျင်းက ကျွန်တော့်ကိုကျတော့ မခေါ်ဘူး ...
အလှူအတန်းတွေရှိရင် ကျွန်တော့်ကိုလည်း ခေါ်ပါဗျ ...
ကျွန်တော်က အပြင်လောကနဲ့ အဆက်ပြတ်နေတာ ကြာပြီဗျ ...း)