Pages

Monday, October 18, 2010

တစ်နှစ်ပြည့် ဒိုင်ယာရီ

အလုပ်တွေရှုပ်နေတာနဲ့ပဲ ဘလော့ဘက်ကို အချိန်မပေးနိုင်တာ အတော်ကို ကြာနေပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကမှ ဘာရယ်မဟုတ်ဘူး ဘလော့လေးကို ဖွင့်ကြည့်ရင်း ဘလော့စရေးတဲ့နေ့စွဲကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ “ဟာ....ငါဘလော့ရေးတာ တစ်နှစ်တောင်ပြည့်ခါနီးပါပေါ့လား...” ဆိုပြီး အံ့သြသွားတယ်။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် သိပ်မကြာသေးဘူးလို့ပဲ ထင်နေတာကိုး။ ထင်ဆို စာကလည်း အားတက်သရော များများစားစားမှ မရေးဖြစ်တာလေ။

အဲဒါနဲ့ ဒီတစ်နှစ်အတွင်း ငါဘာတွေများရေးခဲ့မိပါလိမ့်ဆိုပြီး ပြန်ကြည့်လိုက်တော့ အပုဒ်ငါးဆယ်နီးပါး ရေးခဲ့ရာမှာ ကိုယ့်ဟာနဲ့ကိုယ် စိတ်တိုင်းကျတာဆိုလို့ လက်ချိုးရေလိုက်တော့ တစ်ဖက်တောင် မပြည့်ချင်ဘူး။ ပိုစ့်တော်တော်များများကို ပြန်ဖတ်ကြည့်လိုက်တဲ့အခါ တစ်ချို့အကြောင်းအရာတွေဆိုရင် အခုဖတ်ကြည့်တဲ့ အချိန်မှာ ဒီနေရာမှာ ငါဘာလို့များ အဲဒီလိုရေးခဲ့တာပါလိမ့်၊ တကယ်ဆို ဒီလိုလေးရေးသင့်တာ၊ ဟိုနေရာလေးမှာဆိုရင်လည်း ငါအဲဒီလိုမရေးခဲ့မိရင် အကောင်းသား စတဲ့စိတ်မျိုးတွေ ဖြစ်လာမိတယ်။

ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါတယ်။ ငါဘာလို့ ဒီဘလော့လေးကို ရေးတာလဲ လို့လေ။ ရလာတဲ့ အဖြေကတော့ ရှင်းပါတယ်။ အဓိကကတော့ စာရေးတာဝါသနာပါလို့၊ နောက်တစ်ခုက ကျွန်မဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ကျွန်မမြင်တွေ့ကြားသိခဲ့ရတဲ့၊ မြင်တွေ့ကြားသိနေရတဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်တွေ၊ ကျွန်မတွေးမိတာ ခံစားမိတာလေးတွေကို ဒိုင်ယာရီလေးတစ်ခုပေါ်မှာ သွန်ချ ရေးမှတ်ထားမိသလိုမျိုး မှတ်တမ်းသဘောမျိုးလေး ရေးထားချင်တာကြောင့်မို့လို့ပါပဲ။

အဲဒီအထဲမှာမှ ကျွန်မရဲ့စာလေးတွေကို ဖတ်မိတဲ့သူတွေရှိခဲ့ရင် ကျွန်မရဲ့ အတွေ့အကြုံတွေကို သူတို့ကို မျှဝေလိုက်သလိုဖြစ်မယ်။ ခံစားချက်၊ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ကတော့ လူအမျိုးမျိုးမှာ ခံယူချက်အဖုံဖုံ ရှိကြမှာပါပဲ။ ကိုယ်ဒီလိုခံယူတိုင်း၊ တွေးတိုင်း သူများက ဒီလိုခံစားမိချင်မှ ခံစားမိမယ်၊ တွေးချင်မှ တွေးမိမယ်။ ကိုယ့်စာဖတ်တိုင်း ကိုယ်နဲ့အယူအဆတူရမယ်လို့တော့ စိတ်မထားမိဘူး။ ကွဲလွဲတဲ့အမြင်၊ ခံစားချက်တွေရှိခဲ့ရင်၊ ကိုယ်မသိနိုင်တဲ့ ရှုထောင့်တွေရှိခဲ့ရင်လည်း သူတို့တွေက ထောက်ပြခြင်းအားဖြင့် ကိုယ်သိလာနိုင်မယ်၊ ကိုယ်လက်ခံနိုင်တာမျိုးဆိုရင် လက်ခံမယ်၊ လက်မခံနိုင်တာမျိုးဆိုရင်လည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ဆွေးနွေးလို့ရတယ် စသည်ဖြင့်ပေါ့လေ။ အဲဒီလိုတွေတွေးလိုက်တော့မှ အရေးအသားကို စိတ်တိုင်းကျတာ မကျတာဆိုတဲ့ခံစားချက်က သက်သာသွားပါတယ်။

ဘ၀တစ်လျှောက်မှာ ဒိုင်ယာရီစာအုပ်လေးတွေ ရေးမှတ်သိမ်းဆည်းထားတဲ့အခါ ကိုယ်သတိရတိုင်း အချိန်မရွေး ပြန်လည်ထုတ်ယူဖတ်ရှုနိုင်သလို အခုလိုဘလော့လေးပေါ်မှာ မှတ်တမ်းတင်ထားတော့လည်း ကိုယ်ကြည့်ချင်တဲ့အချိန်တိုင်း အချိန်မရွေး ပြန်ဖွင့်ကြည့်လို့ရတယ်လေ။ ဘလော့သက်တမ်း တစ်နှစ်အတွင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေတော့ ကြုံခဲ့ရပါသေးတယ်။ အဆိုးဆုံးကတော့ ဘလော့သက်တမ်း သုံးလေးလ မရှိတရှိလေးမှာပဲ အကြောင်းမဲ့သက်သက် စီဘောက်စ်နဲ့အပြည့် ရစရာမရှိအောင်ကို လာရောက်ဆဲဆိုသွားတာပါပဲ။ အဲဒီတုန်းကများဆိုရင် ရှက်လည်းရှက်၊ အရမ်းလည်းစိတ်မကောင်းဖြစ်မိခဲ့သလို အရမ်းလည်း အံ့သြမိခဲ့တယ်။

ကျွန်မအနေနဲ့ ဘလော့စရေးပြီဆိုကတည်းက ကိုယ့်ဟာနဲ့ကိုယ် အေးအေးဆေးဆေးပဲ နေခဲ့တယ်။ ကိုယ့်စိတ်ထဲမှာ ချရေးချင်မိတာလေးတွေကို ချရေးတယ်။ ရေးတဲ့အထဲမှာလည်း ဘယ်သူ့ကိုမှ တိုက်ခိုက် ပုတ်ခတ်စော်ကားခြင်း မရှိခဲ့သလို ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စ မရှိခဲ့ပါဘူး။ ဒါကို သူတို့အနေနဲ့ ဘာ့ကြောင့်အဲဒီလိုလုပ်ရတာလည်းဆိုတာ နားကိုမလည်နိုင်အောင်ပါပဲ။ စိတ်မကောင်းဖြစ်သွားမိတာလည်း အမှန်ပါပဲ။ အဲဒီလိုနဲ့ စီဘောက်စ်ကိုလည်း ပိတ်ပစ်လိုက်တာ အဲဒီအချိန်ကတည်းက ပြောပါတော့။ စီဘောက်စ်မရှိတော့တဲ့ အခါကျတော့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ အလှမ်းဝေးသွားသလို ခံစားရပေမယ့် လောကကြီးမှာ အဲဒီလိုလူမျိုးတွေ ရှိနေတတ်တော့ကာ ဘယ်လိုမှ ပြန်တပ်ချင်စိတ်လည်း မရှိတော့ပါဘူး။

တစ်ခါတစ်လေ အလုပ်တွေအရမ်းများလို့ ဘလော့ကို ဘယ်လိုမှ လှည့်မကြည့်နိုင်တော့တဲ့အခါ ပိတ်ပစ်လိုက်ရင် ကောင်းမလားဆိုတာမျိုးကို ထပ်ခါထပ်ခါ တွေးမိတယ်။ ဒါပေမယ့်လည်း မနေနိုင်ပါဘူး။ အခြေအနေလေး ပေးတာနဲ့ ဒီဘလော့လေးပေါ်ကို ရောက်လာမိပြန်တာပါပဲ။ မွန်းကြပ်တဲ့ နေ့စဉ်လူနေမှုဘ၀တွေထဲမှာ ဒီဘလော့လေးဟာ ကျွန်မအတွက်တော့ စိတ်ရဲ့ထွက်ပေါက်လေး တစ်ခုပါပဲ။

တစ်ခါတုန်းက ဘလော့ကို သုံးပတ်လောက် ပိတ်လိုက်ဖူးပါသေးတယ်။ ဒါပေမယ့် ကြာလာတော့ လူက ဘယ်လိုဖြစ်လာသလဲဆိုရင် တစ်ခုခုလိုအပ်လာသလိုမျိုး ခံစားလာရတယ်။ မောင်နှမတွေနဲ့လည်း အဝေးကြီးဝေးသွားသလိုမျိုး၊ ကိုယ်က ဘလော့စည်းဝိုင်းရဲ့အပြင်ဘက်ကို ရောက်သွားသလိုမျိုးတွေ ခံစားလိုက်ရတယ်။ ဒါနဲ့မဖြစ်သေးပါဘူးဆိုပြီး ပြန်ဖွင့်လိုက်တော့မှပဲ စိတ်က ပုံမှန်ပြန်နေလို့ရသွားပါတယ်။

အဲဒီလိုနဲ့ ပိတ်မယ်ကြံရွယ်လိုက်၊ အခြေအနေပေးတာနဲ့ မနေနိုင်မထိုင်နိုင် ပိုစ့်လေးတစ်ပုဒ် ချရေးမိလိုက်နဲ့ပဲ ဒရွတ်ဆွဲပြီးတော့တော့ ချီတက်နေမိဦးမယ် ထင်ပါတယ်။ တကယ်လည်း ကိုယ့်ဘလော့ကိုကိုယ် သူများတွေလို အားနဲ့မာန်နဲ့ သွက်သွက်လက်လက် ချီတက်နေတဲ့ဘလော့လို့မမြင်မိဘဲ ဒရွတ်ဆွဲဘလော့လို့သာ မြင်မိပါတယ်။ ဘာပဲပြောပြော ကျွန်မရဲ့ဘလော့လေး စတင်ဖြစ်တည်ခဲ့တဲ့ အချိန်ကနေ အခုတစ်နှစ်ပြည့်တဲ့ အချိန်အထိတိုင်အောင် ကျွန်မကို အားပေးဖေးမခဲ့ကြတဲ့ သူငယ်ချင်းမောင်နှမတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘလော့လေးအတွက် ဘာမှတော့လည်း ကျွန်မအနေနဲ့ ထူးထူးခြားခြား မပြင်ဆင်ခဲ့မိပါဘူး။ အဲဒီတော့ကာ တစ်နှစ်ပြည့်ဘလော့လေးအတွက် တစ်ယောက်တည်းသောသူဆီက လက်ဆောင်ရထားတဲ့ တစ်ပုဒ်တည်းသော ကဗျာလေးကိုပဲ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်။ ကဗျာလေးကို လက်ဆောင်ပေးတဲ့သူကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဒိုင်ယာရီဖွဲ့တေး”

အောက်တိုဘာ ဆယ့်ရှစ်

ရင်ခွင်တံခါးကို ဆွဲအဖွင့်
လေပြေ အဝင့်မှာ
Inspiration မြားအစင်းစင်းတို့
အိပ်မက်ရာသီ အလီလီကျင်းပ
ကလောင်အခင်းအကျင်းတွေအောက်
ချဉ်းနင်းဝင်ရာက်လို့
တစ်နှစ်မြောက်ခဲ့ပြီကွယ်။ ။

ဟိုအရှေ့ဆီမှာ
ကာလယန္တရား ရွေ့လျား
အဖြူရောင်ရင်ခွင်ကြားမှာ
စုတ်ချက်ထင်စေမယ့် ယုံကြည်မှုတွေက
ခဝါမချ တိမ်တမန်အလှနဲ့
ရစ်ဖွဲ့တန်ဆာဆင်
အနာဂတ်လွင်ပြင်ထိ
အလင်းတို့နဲ့အတိပြီးစေ။ ။

51 comments:

ကိုဇော် said...

ဖြေရှင်းပြထားတာလေးတွေ အချက်ကျတယ်။ ဒါတွေ ဘလော့ဂါတိုင်းလိုလို ခံစားကြရတာပါပဲ။ ဒါပေမဲ့ မိန်းကလေးတွေ ဆီမှာ သွားရေးတာတော့ ရုပ်ဆိုးတယ်။ ထားပါလေ ဒါတွေက ဖြတ်သန်းခဲ့ပြီးလို့ တစ်နှစ်တောင်မှ ကျော်လာပြီပဲ။

ကြားဖူးလား မသိဘူး။ ခြေတပေါင်ကျိုး အနုပညာ ဆိုပြီး ကျင်းပသွားတာ။ သူတို့ရဲ့ အနုပညာကို ဖော်ထုတ်တာပေါ့လေ။ ဒါကြောင့် ခြေတစ်ဖက်ပြတ်နေတဲ့ လူတွေ ထက်တော့ ဒရွတ်ဆွဲက သာပါသေးတယ်ဗျာ။

ကဲ...ဆက်ရေးပါဦး ဒရွတ်ဆွဲ အနုပညာလေး။ အားပေးလျက်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး တို့နဲ့သိပ်မကွာဘူးဘဲ... တို့ဘလော့လဲ နောက်လဆို တစ်နှစ်ပြည့်တော့မယ်...
ဘလော့ရေးတဲ့အတွက် ကိုယ်ဘာတွေရလိုက်သလဲ။ ကိုယ်ဘာတွေဆုံးရှုံးသွားသလဲ ပြန်စဉ်းစားကြည့်ရင် ၂ခုစလုံး ရှိတယ်.. ကိုယ်ရလိုက်တာ ရှိသလို ဆုံးရှုံးသွားတာတွေလည်း ရှိတယ်... ရတာကတော့ အားလပ်ချိန်တွေကို အသုံးချဖို့စာရေးနေတာ ဖြစ်တော့ အချိန်အား မရှိသလောက်ဖြစ်သွားတယ်.. နောက် အသိမိတ်ဆွေ တိုးပွားလာတယ်.. စာဖတ်သူတွေဆီက တုံ့ပြန်မှုတွေက စိတ်ကိုကြည်နူးစေတယ်.. ဒါတွေက ကိုယ်ပြန်ရတာတွေ။
ဆုံးရှုံးသွားတာတွေ စိတ်ဆင်းရဲရတာတွေကတော့ ရှိပါတယ်.. ထည့်မပြောတော့ပါဘူး။
ကဲ ညီမလေး
စာအများကြီး မရေးနိုင်တောင်မှ ဘလော့တော့ မပိတ်ပါနဲ့။ ကိုယ်အားတဲ့အချိန်လေးမှာ စိတ်ထဲရှိတာတွေ၊ အတွေ့အကြုံတွေ ပြန်မျှဝေပေါ့။ ဘလော့လောကမှာ နှစ်အကြာကြီး ရှိနိုင်တဲ့သူဆိုတာ ရှာမှရှားပါ။ ကိုယ်တွေလဲ တစ်နေ့တော့ ဒီနေရာက ထွက်ခွာသွားရမှာပါဘဲ။ မထွက်ခွာသေးခင်မှာတော့ ကိုယ့်စာမျက်နှာတွေ သန့်ရှင်းဖြူစင်နေဖို့၊ သူတစ်ပါးအတွက် အဆိပ်အတောက်ကင်းစေဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့နော်။

TYZ said...

တစ်နှစ်ပြည့်ပြီတဲ့လား။ သံယောဇဉ်ထက် လနဲ့ချီကြီးတာပဲ။ ပထမဆုံးမန့်ရတာ ပျော်လိုက်တာ မအင်ကြင်းရာ....။ ခင်တယ်နော်။ ရေးတဲ့စာတွေကြိုက်တယ်။ အားပေးနေမှာ။ ပိတ်ဖို့တော့ နောက်ထပ်စိတ်မကူးနဲ့နော်။ ညီမလေးအားငယ်နေမှာပေါ့လို့။ မနောက်ထပ်စာတွေ ကဗျာတွေ အများကြီးရေးနိုင်ပါစေ... ဒိုင်ယာရီလေးကို မပိတ်ရဘူးနော်။ တစ်နှစ်ပြည့်အထိမ်းအမှတ်ပြည့်ပြီးရင် နောက်နှစ်တွေမှာ ၂ နှစ်ပြည့်ဆိုတဲ့အချိန်မှာလည်း ဆက်တွေ့ချင်သေးတယ်။ စာမေးပွဲတန်းလန်းနဲ့ မမပို့စ်လေးလာဖတ်တာနော်.. ခင်တတ်တဲ့ ညီမ သံယောဇဉ် (TYZ)

ယွန်း said...

တစ်နှစ်သားလေးလားးးငယ်သေးတာပေါ့..:Dျ
တစ်နှစ်မှသည် နောက်နှစ်ပေါင်းများစွာတိုင်
စာတွေအများကြီး ရေးနိုင်ပါစေ
လို့ ဆုမွန်ကောင်း တောင်းလျှက်..

ချစ်သူငယ်ချင်း
ယွန်း

အဖြူရောင်နတ်သမီး said...

ဂျင်းရေ...
အမလည်း ဘလော့ဂ် သက်တမ်း ၃လလောက်မှာ ဂျင်းလိုပဲ အရှက်ခွဲခံခဲ့ရဖူးတယ်...
ညီမလေးတယောက်ထဲ အဲလိုဖြစ်တာ မဟုတ်ဘူးဆိုတာကို နှလုံးသွင်းပြီး အခက်ခဲတွေကို ကျော်ဖြတ်ရင်း ဘလော့ဂ်သက်တန်း(၁)နှစ်တောင်ပြည့်ခဲ့တာ မျက်မြင်ပဲမဟုတ်လား..။

ညီမလေးရဲ့ဘလော့ဂ်(၁)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေကို ဆက်လက်မျှဝေနိုင်ပါစေလို့ ဆုတောင်းပေးရင်း...
Happy (1) Year Anniversary....ပါ ညီမလေးရေ....

TZA said...

ကျနော်ဟိုနေ့ကပြောသလိုပဲ၊ ဘလော့ဂ်ရေးတာကို ရပ်တန်းက ရပ်လိုက်ပါ။


အသက် ၈၀ ပြည့်တဲ့အခါ ပြောပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

တစ်နှစ်တောင်ပြည့်သွားပြီဆိုတော့ အရှိန်အတော်လေး ကောင်းသွားပါပြီ။ ဒရွတ်တိုက်မဟုတ်တော့ပါဘူး။ ပေါ့ပေါ့ပါးပါး ဆွဲခေါ်သွားနိုင်ပါပြီ။ ဘလော့သက်တမ်းကြာလာတာနဲ့အမျှ အထိအခိုက် အပွန်းအပဲ့ ရှိတတ်ကြစမြဲပါ။ စိတ်မချမ်းသာစရာတွေကို ဘယ်တော့မှ စိတ်ထဲမှာ သိမ်းမထားပါနဲ့။ ပျော်ပျော်နေပြီး ပျော်ပျော်ဘဲဆက်လက်ချီတက်ပါ။

ဘလော့တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ မိတ်သင်္ဂဟများနှင့်အတူ ကြည်နူးစွာ ဘလော့ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချစ်ကြည်အေး said...

ညီမလေး ဂျင်းစုတ်လေးရဲ့ ဘလော့ဂ် တနှစ်ပြည့်သွားပြီပေါ့၊ အရေအတွက်က အဓိက မဟုတ်ပါဘူးဟယ်။ ရေးအားတဲ့အချိန် ရေးနိုင်သလောက်သာ ရေးပါလေ။ ခံစားမှုအပြည့်နဲ့ရေးတတ်တဲ့ စာလေးတွေကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ...:)

ဆက်လက် ချီတက်....!!!

သော်ဇင်စိုး said...

တစ်နှစ်ပြည့်တွားပီပေါ့လေ.. ဆက်ရေးပါဗျာ.. မအင်ကြင်းရေးတာတွေ တကယ်ကိုပဲဖတ်လို့ ကောင်းပါတယ်.. ကဗျာတွေဆို ပိုကောင်းတယ်..
ဥပမာ - "မရည်ရွယ်ဘဲ အတိတ်နယ်ထဲ ခြေချမိတော့ သတိရစိတ်တို့က အုံးအုံးကျက်ကျက် ထဖြစ်ကုန်တယ်" ဆိုတဲ့ အရေးအသားမျိုး.. :P
နောက် ကိုယ့်ကမ္ဘာလေးထဲ ကိုယ့်ဘာသာလေး အေးဆေးနေတာလေးလည်း သဘောကျတယ်..

တစ်နှစ်ပြည့်မှသည်.. နောင်လာမဲ့ နှစ်ပေါင်းများစွာ (အိုသည်အထိ) ဘလော့ ရေးနိုင်ပါစေဗျာ.. :D

မိုးငွေ့...... said...

ဂျင်းလေး ဘလော့တစ်နှစ်ပြည့်လုပ်မှ ကိုယ့်ဘလော့သက်တမ်းကို သတိထားမိတယ်...နှစ်နှစ်ပြည့်တော့မယ်ဆိုပေမယ့် ဘာမှ မယ်မယ်ရရ မရှိဘူးလို့ခံစားမိနေတယ်...။ဘာပဲဖြစ်ဖြစ် မောင်နှမတွေနဲ့ အမြဲအဆက်မပြတ်လေးရှိနေရတာ ပျော်စရာပါနော်...။

ခင်တဲ့
မိုးငွေ့

ခွန်သဒ္ဓါ said...

တစ်နှစ်ပြည့်ဆိုတော့ ခွန်နဲ့လဲ
လပိုင်းဘဲ ကွာတာပေါ့နော် ;)
စာတွေ အများကြီးဆက်ရေးပါအုံး အစ်မရေ...
စောင့်မျော်နေပါတယ်။

ခင်တဲ့
ခွန်သဒ္ဓါ

~ဏီလင်းညို~ said...

ကိုဏီးမရောက်ရောက်အောင်လာပြီး...ဆုတောင်းပေးသွားပါတယ်......။
ဆက်လက်ချီတက်နိုင်ပါစေညီမလေး.....

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

မြတ်မွန် said...

ဂျင်းရေ..ကျားယို..
ချစ်တဲ့

သဒ္ဓါလှိုင်း said...

ဂျင်းမရေ...
တနှစ်ပြည့်ဘလော့မှ နောင်နှစ်တွေအထိ အရှိန်
ကောင်းကောင်းနဲ့ စာပေတွေကိုဆက်လက် မျှဝေ
ပေးနိုင်ပါစေ..။
လုပ်နိုင်တဲ့အချိန်တခုထိပေါ့..........

ချစ်တဲ့
သဒ္ဓါ

sosegado said...

ဘလော့ စရေးတဲ့နေ့ကို မမှတ်ထားမိဘူး၊ ရက်ပိုင်းပဲကွာမယ်ထင်တယ်၊
ပျော်ရွင်ချမ်းမြှေ့ပါစေ။

မောင်မိုး said...

တနှစ်သမီးလေးရဲ့ မွေးနေ့ကို အပြေးအလွှားချီတက်လာတာ ...ဒီရောက်တော့ ဧည့်ခံကျွေးမွေးရေးအစီအစဉ်မရှိတော့ ရင်ထဲမှာ မကောင်းးအဟင့်

ခြင် said...

Happy Blogging ညီမလေးရေ... ပျော်ရွှင်ပါစေ..

အင်ကြင်းသန့် said...

ကိုဇော်၊ မချော၊ ညီမလေးသံယောဇဉ်၊ ချစ်သူငယ်ချင်းလေးယွန်း၊ မမအဖြူရောင်နတ်သမီး၊ ဘကြီးတီ၊ ကိုကိုမောင်၊ အစ်မချစ်၊ သော်ဇင်၊ မမိုး၊ ညီမလေးခွန်၊ ကိုဏီး၊ ချစ်တဲ့မွန်၊ မသဒ္ဓါ၊ ကိုဆိုဆီ >>> အားလုံးကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်လို့....။း))

@ကိုမိုး>>>ဟယ်....ဟုတ်ပတော်...
ငါ့အစ်ကိုကြီးခမျာ တစ်နယ်တစ်ကျေးကနေ အပြေးအလွှားတောင်လာရရှာတာ....ဒီက တစ်နှစ်သမီးကလည်း ကိုယ့်ဟာနဲ့ကိုယ်တောင် အနိုင်နိုင်ဆိုတော့ ဘာမှမကျွေးနိုင်ဘူး။ မငိုပါနဲ့ကိုမိုးရယ် ရေအ၀တိုက်ပါ့မယ်.... :D

အင်ကြင်းသန့် said...

မမခြင်လေးကိုလည်း ကျေးကျေးစ်ပါ....ညီမလေးကအပေါ်က ကွန်မန့်ကိုရေးနေတုန်း မမကလာသွားတာကိုး....။း)

ngwelamin said...

တစ်နှစ်ပြည့် ပိုစ်လေး လာဖတ်ပါတယ်
ရေးထားတာ ခံစားချက်အပြည့်နဲ့ဆိုတော့ ဖတ်လို့သိပ်ကောင်းပါတယ် နောက်လည်းလာလည်မယ်
စာတွေဆက်ရေးပါ အားတဲ့အခါပေါ့

chit su said...

Ginger is one year old. :)

chit su.

Anonymous said...

ညီမ အင်ကြင်း ရေ

ဟုတ်ပ တနှစ်ပြည့်မှာ စားစရာမပါတော့ ဟာတာတာ နဲ့... နှလုံးသား အစာ ကဗျာလေး ကိုတော့ ဖတ်သွားတယ် ညီမရယ်

ချစ်ညီမ အင်ကြင်း လေး တနှစ်ပြည့်မှ နှစ်ပေါင်းများစွာ ထာဝရ မွှေးပျံ့ရှင်သန်နိုင်ပါစေ

ချစ်တဲ့
မမရွှေစင်

Anonymous said...

ဂျင်းဂျင်းရေ
တနှစ်ကြီးများတောင် အားထုတ်ထားတာ နည်းလား စမိမှတော့ ဆုံးအောင် လုပ်ပေရော့ ဘာ အကြောင်းတရားနဲ့မှ မပိတ်ပါနဲ့ စည်းစိမ်တို့လွမ်းကျန်ရစ်မှာ အားနာပါအုံး
အားတဲ့အခါရေး မအားရင်လည်း မအားဘူးလို့မှတ်ပါ့မယ်
တနှစ်သားမှသည် နောင်နှစ်ပေါင်းများစွာအထိ မျှော်လင့်ပါတယ်

ခင်တဲ့
seesein

blackcoffee said...

သြော်... ဒါကြောင့် အင်ကြင်းဆီမှာ စီဘောက်မရှိတာကိုး။ အခုတစ်နှစ်ပြည့်ဆိုတော့ ကျွန်တော်တို့ နဲ့ သိပ်တော့မကွာဘူးနော်။ ဘလော့ကိုတော့ ပိတ်မပစ်ပါနဲ့ လေ။ တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်စာတွေ ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချိုကျ said...

ဂျင်းရေ...... တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင်ပေါ့ စာတွေရေးနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်

ခင်တဲ့( ချိုကျ )

ဇွန်မိုးစက် said...

ဂျင်းရေ...အရောက်နောက်ကျလို့ ခွင့်လွှတ်ပါ။

အချိန်လေးပေးနိုင်တဲ့အခါ၊ မရေးရမနေနိုင် စာရေးချင်စိတ်ပေါ်တဲ့အခါ၊ ခံစားချက်တွေ ဖွင့်ထုတ်ချင်တဲ့အခါ၊ အမြင်တွေဖလှယ်ချင်တဲ့အခါ... အဲဒီ့အခါတွေမှာ အွန်လိုင်းဒိုင်ယာရီလေးပေါ် ရေးမှတ်ထားဖို့ ဂျင်ဂျင်းရောက်လာမယ် မဟုတ်လား။

တစ်နှစ်ပြည့်မှသည် အခြေအနေ အချိန်အခါပေးသည်အထိ စာတွေရေးနိုင်ပါစေနော်။

ချစ်တဲ့
မဇွန်

ညလင်းအိမ် said...

ဘလော့ တစ်နှစ်ပြည့်လေးမှတိုင် နောင်လာမယ့် ရက်တွေတိုင်း စာတွေ ကဗျာတွေ ဆက်လက်ရေးနိုင်ပါစေဗျာ ...

ကျွန်တော်က တီလေးလို့ ခေါ်တဲ့ ဂျင်း တယောက် သာယာချမ်းမြေ့စွာ ဒိုင်ယာရီထဲမှာ
ကလောင်မြစ်တွေ စီးဆင်းပါစေသား ...

(စောစောစီးစီး ပြောရင် ကဗျာရေးပေးမှာပေါ့ဗျာ)
အခုတင်ထားတဲ့ ကဗျာလေးကလည်း ကောင်းတယ် ..

သက်ဝေ said...

အင်ကြင်းဆိုတဲ့ ပန်းနာမည် လှလှလေးကနေ
ဂျင်းဂျင်းဆိုပြီး ချစ်စရာ နာမည်လေး ရလာခဲ့တဲ့ ညီမငယ်ရဲ့ တနှစ်ပြည့် ဘလော့ဂ်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် ဘလော့ဂ်မွေးနေ့များ ကျင်းပနိုင်စေကြောင်း ဆုတောင်းလျက်...

မြစ်ကျိုးအင်း said...

ပျော်ရွှင်မှုတွေကြုံရင်လည်း မျှဝေပေး
စိတ်ညစ်ရင်လည်း ရင်ဖွင့်ပေါ့..။
ဒါမှ ဒီလောက ထဲမှာ နေရတာ စိတ်သက်သာမယ်။
စိတ်ထား ညံ့တဲ့သူတွေ အတွက်တော့ စိတ်ညစ်မခံနဲ့ လူ့ဘောင် စာရင်းထဲမှာကို မရှိတဲ့သူတွေ မို့လို့ သူတို့ကြောင့် စိတ်ဆင်းရဲရရင် ကိုယ်တိုင်ပဲ နစ်နာရတယ်။

နောက်နှစ်တွေ တိုင်အောင် ဘလော့ဂ်ပေါ်မှာ ပျော်ရွှင်နိင်ပါစေ။

မောင်လေး said...

တနှစ်ပြည့်ပြီလား....။နောင် နှစ်ပေါင်းများစွာ စာတွေရေး
ပါဗျာ.....။အင်ကြင်းတို့ကမှ ဒရွတ်ဆွဲရုံ....။ကိုယ်တွေက
မိကျောင်းတွား တွားနေရတာရယ်...း)

noblemoe said...

ဂျင်းရေးးးးးးးးးးးးးး

စာဖတ်နောက်ကျလို့ ခွင့်လွတ်ပါသူငယ်ဂျင်း နေမကောင်းလို့ ပါ။ ဂျင်းကဗျာလေးတွေလည်းရေးကောင်းသလို ရီစရာတွေလည်းရေးတတ်တယ်နော် ဘာဖြစ်ဖြစ်ပါ အမြဲအားပေးဖတ်နေမယ်နော် ..
မိုးထက်ကြီးတယ် ၁ နှစ်သမိီးလေးမှ နှစ်ပေါင်းများစွာထိရှည်တည်တံ့နိုင်ပါစေရှင်း


သာယာချမ်းမြေ့ပါစေရှင်း
မိုး

WS said...

အင်ကြင်း ရေ...
အချိန်တွေ ကို နောက်ပြန်လှည့် ကြည့် လိုက် တော့ မှ သြော် ၁ နှစ် တောင် ရှိ သွားပြီ ကိုး လို့ သိလိုက်ရတယ် မြန်လိုက်တာ မြန်လိုက်တာ ..........
ဆွဲထားလို့လဲ မရ ... တွန်းပို့ လို့ လဲ မရ တဲ့ ဒီ ၁နှစ် ဆိုတဲ့ အချိန် မှာ ... ငါ့သူငယ်ချင်းလေး...
စာတွေအများကြီး ရေးနိုင်ခဲ့ ပြီလေ.....
ငါသိနေတယ် လေ အဲဒါက နင်မှာ စာတွေ ရေးစရာ အများကြီး ရှိနေသေးတယ် လို့ ပေါ့ ...
ရေးဖြစ်ဖို့ ကိုယ့်ကိုယ် ကို မောင်းတင် လို့ ခရီး ဆက် နှင် ပါ ချစ်သူငယ်ချင်းလေး........

မိုးယံ said...

အတွေ့အကြုံလေးတွေ ပြန်ရေးတာဆိုတော့ ဖတ်ရတာ ထူးခြားတဲ့ ရသတွေ ပေးစွမ်းနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ဘူးလေ။ စိတ်အပျက်ဆုံးကတော့ အဲဒီ ဘလော့ဂ်တွေမှာ ဆဲနေတဲ့သူတွေပဲ ကိုယ့်ဂုဏ်ကိုယ်ဖော်တာတွေက ရုပ်ဆိုးလွန်းတယ်လေ။ တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံစေရန် တောင်းဆု ပြုအပ်ပါသည် ခင်ဗျာ

အင်ကြင်းသန့် said...

ငွေလမင်း၊ ဟန်နီ၊ မမရွှေစင်၊ မမစည်းစိမ်၊ ကိုဘလက်၊ ကိုချိုကျ၊ မဇွန်၊ ကိုတူး၊ မမသက်ဝေ၊ ကိုမြစ်ကျိုးအင်း၊ ကိုမောင်လေး၊ မိုး၊ ဝေစိုး၊ မိုးယံ >>> အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မောင်နှမတွေ၊ သူငယ်ချင်းတွေရဲ့အားပေးစကားတွေကြောင့် အရမ်းလည်းဝမ်းသာမိပါတယ်။

စိုင်းလင်းတိုင်း said...

မမကြီးရေ... စကားမပေါ်ဘူးး(

pandora said...

တစ်နှစ်ပြည့်ဘလော့ဂ်လေးမှသည် နှစ်ပေါင်းများစွာစိတ်ရှိသလောက် ရေးနိုင်ပါစေ။

link ချိတ်ထားပါတယ်။

ပေါ့ဆိမ့် said...

ကျွန်တော်လည်း ကျွန်တော်တို့ ဆင်တဲကဖေး တစ်နှစ်ပြည့်တဲ့နောက်နေ့ပဲ မြန်မာပြည် အလည်ပြန်သွား ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ လိုင်းကျပ်လို့ ဒီပြန်ရောက်မှပဲ အားရပါးရပြန်ဖတ် ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ ဆင်တဲကဖေးလည်း ပို့စ်ကျဲကျဲ လိမ်ဖယ်လိမ်ဖယ်နဲ့ ချီတတ်ခဲ့ရတာပါ။ စီဘောက်မှာ အပုပ်ချတဲ့သူတွေ့နဲ့လည်း ကြုံခဲ့ရဘူးပါတယ်။ ကောင်းတာလုပ်တာပဲ ဆိုတဲ့စိတ်နဲ့ စိတ်ရှင်းရှင်းထားပြီး ဆက်လုပ်ခဲ့ကြပါတယ်။
ကျွန်တော်ကတော့ ဒီတစ်နှစ်အတွင်းမှာ စာသိပ်မရေးဖြစ်သလို အလည်လည်း အထွက်ကျဲခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်းလည်း နည်းခဲ့ပါတယ်။ ဒါပေမယ့် လက်လှမ်းမီသ၍ ဆက်လုပ်ဖြစ်နေပါတယ်။
ကျွန်တော်တို့ ဆင်တဲကဖေးက စာရေးနေတဲ့ သူငယ်ချင်းတိုင်း နက် ကိုနေ့စဉ် မသုံးနိုင်ကြပါဘူး။ တချို့လည်း မြန်မာပြည်က ဆိုတော့ ပိုဆိုးတာပေါ့။ အဲဒါတွေကြောင့်လည်း ဆင်တဲကဖေးသားတိုင်း အလည်အမြဲ မထွက် ဖြစ်ခဲ့ကြပါဘူး။ ဆက်ဆံရေးကျဲတာ မဟုတ်ပဲ အခြေအနေကြောင့်ပါဆိုတာလေးကို ဒီနေရာလေးမှာပဲ တောင်းပန်ခဲ့ပါတယ်ဗျာ ..
ဂျင်း ကိုလည်း ချီးကျူးပါတယ်။ မိန်းကလေးတန်မယ့် မလိုသူတွေကြားက ကြံကြံခံ ကိုယ်ယုံကြည်ရာ ကောင်းမယ်ထင်တာတွေကို ဆက်လုပ်နေလို့ပေါ့။ အရေးအသားလေးတွေလည်း ကောင်းလို့ပေါ့။
ဒီနှစ်တော့ ပို့စ် ၅၀ နီးပါး ပေါ့ နောက်နှစ်တွေမှာ ဒီနှစ်ထက် အဓိပ္ပာယ်ရှိမယ့် အကျိုးပြုနိုင်မယ့် ပို့စ်တွေ ဆက်လက်ရေးသား နိုင်ပါစေလို့ ဆုတောင်းပေးမိပါတယ်...
လေးစားခင်မင်လျက် ...

sonata-cantata said...

ဂျင်းရဲ့ ဒိုင်ယာရီကို နှစ်ပေါင်းများစွာ မသီတာတို့ကို ပေးဖတ်နိုင်ပါစေလို့ ဆုတောင်းသွားတယ်နော်

စိုင်းလင်းတိုင်း said...

ခုထိ စာလုံးမပေါ်သေးဗူး...တစ်လုံးတလေပဲ ဖတ်လို့ရတယ်... ၀ူး....

အင်ကြင်းသန့် said...

လင်းတိုင်း၊ မပန်၊ ကိုပေါ့ဆိမ့်၊ မသီတာတို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Edsther said...

Very nice post! Hahaha! When will you write a post in English so that I can read and comment fairly?

အင်ကြင်းသန့် said...

Hey Edsther,so sad :((
You know I'm very busy everyday and I can't write new post even in our language. Ok ok, I'll write a post about your best friend (the one who bought calculator for you) and my best friend (my lady boss) for you in order to read and comment happily. Hahaha!!! :D

နေသွေး(ဘရာဗို) said...

တစ်နှစ်မှ သည် နှစ်ပေါင်းများစွာ
Blog Sharing လုပ်နိင်ပါစေဗျာ

မိုးစက်အိမ် said...

တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ခိုင်မြဲ
တည်တံ့နိုင်ပါစေဗျာ . . . :)

sosegado said...

ပျောက်လှချီလား

Anonymous said...

လာလည်သွားပါတယ်၊
စာလုံးမပေါ်လို့ ပြန်သွားပီ။

လင်းတိုင်း

Anonymous said...

အဲ အဲ... ဒီနေ့တော့ စာလုံးပေါ်သွားပီ၊ ဒီနေ့တော့ ကံကောင်းနေ့ရက်ပေါ့နော့် ။ ။

စာသားအဖွဲ့နွဲ့လေးတွေ မဆိုးဘူး၊ ဘယ်သူ့ဆီက ရလာတဲ့ကဗျာလေးကလဲ လန်းဆန်းတယ်၊ ဒါနဲ့ မြားက ဘယ်လိုဖြစ်ပီး inspiration ဖြစ်သွားတာတုန်း :)

ခင်တဲ့
ထာဝရမှ လင်းတိုင်း

noblemoe said...

အသစ်မတင်တော့လည်း ဟူးးးးးးးးးးးအိမ်လေးလှလှကိုလာချောင်းအမောဖြေပြီးပြန်သွားပါကြောင်း
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့အသစ်ပြောင်းလိုက်လို့ လင့်ပြန်ယူရင်းရောက်လာပြီး ၀င်ချောင်းသွားတာ..
ဘယ်လိုလဲအေ ညီးက
တစ်နှစ်ပြည့်နဲ့ ရပ်နေလိုက်ပြီလား
နှစ်နှစ်တောင် မပြည့်ချင်တော့ဘူးလား
ကျုပ်တို့ကို ဒီတိုင်းထားခဲ့တော့မယ်ပေါ့.. ဖေ့ဘွတ်ထဲမှာဘဲ ပျော်တော့ မလို့လား
တရုတ်ကြီးကိုဘယ်လိုပြောရပါ့း)

ခြင် said...

ဟတ်ပီးနူးယားးး ဂျင်းရေ...

အင်ကြင်းသန့် said...

ဂျင်းပျောက်နေတဲ့အချိန်မှာ ဂျင်းကို သတိတရနဲ့အခုလိုလာနှုတ်ဆက်သွားကြတဲ့မောင်နှမတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ်လို့....။း)