Pages

Thursday, September 16, 2010

အခါလွန်မိုး

ကျောခိုင်းခဲ့ကြပြီးပြီပဲကွယ်
ဘာရယ်ကြောင့်များ လှည့်ကြည့်နေရဦးမလဲ
အဆုံးအစမဲ့ မာနတွေကြောင့်
နောက်ဆုံးမှာ
သုံးမရတဲ့ နောင်တတွေသာ
အဖတ်တင်လာခဲ့ပါပေါ့။ ။

ဒါပေမယ့်လည်း
ဦးဦးဖျားဖျားသံယောဇဉ်တွေနဲ့
ထူးထူးခြားခြားနှောင်တွယ်ခဲ့မိလို့
သည်းခြေထိစိုက်ခဲ့ရတဲ့ဆူး
ရူးချင်လည်းရူးပါစေတော့
ဘယ်တော့မှ ကိုယ်မနှုတ်ဘူး။ ။

ရာသီတွေ ရွေ့လျား
အိပ်မက်တွေ မှုန်ဝါးခဲ့ပေမယ့်
တို့နှစ်ယောက်ရဲ့
မှတ်တမ်းတွေ ဟောင်းမသွားခဲ့ဘူး
ဇာတ်လမ်းတွေ ပြောင်းမသွားခဲ့ဘူး
နှောင်းသွားခဲ့တာက အချိန်။ ။

တို့နှစ်ယောက်
ကိုယ့်လမ်းကို ကိုယ်လျှောက်
ခရီးတွေအတော်ရောက်ခဲ့ကြပြီပဲ
ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့ဘဝ
အိပ်မက်ကနေ နိုးထလိုက်ကြရအောင်။ ။

မုန်းလို့ဝေးခဲ့ရတာမဟုတ်ပေမယ့်
အဆုံးလို့ပဲ သတ်မှတ်လိုက်ကြမယ်
အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။

33 comments:

သဒ္ဓါလှိုင်း said...

ဂျင်းမလေးရေ..
မရှိသင့်တဲ့မာနတွေကြောင့်မဖြစ်သင့်တာတွေဖြစ်ကြ
ရတယ်..။ ဆူးခဲ့တဲ့ဆူးလေးကို မနှုတ်တော့ရင်
လည်း ဒဏ်ရာက အမြစ်တွယ်နေမှာ..။ ဒါပေမဲ့
မနှုတ်ချင်ကြဘူးနော်..။ အချိန်နဲ့အတူ ပြောင်းမသွား
တဲ့ စစ်မှန်တဲ့ မေတ္တာတွေနဲ့ရှင်သန်နိုးထနိုင်ကြရင်
ဘယ်လောက်များကောင်းမလဲနော်...။ ပျိုးပင်တွေ
ရှင်သန်လာစေချင်တယ် ညီမလေးဂျင်း..

ချစ်တဲ့
သဒ္ဓါ

မြတ်မွန် said...

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ ဂျင်းရေ..
ကျောခိုင်းပြီးမှ လှည့်ကြည့်မိတာ
မေ့မရလို့ထင်ပါရဲ့။

မုန်းလို့မှ မဟုတ်တာ..
ရင်ထဲမှာ ဆူးနှင့်စွာ ခံစားရတာတော့ အမှန်ပါပဲ။

ဂျင်းကဗျာလေးက ခံစားလို့ ကောင်းတယ်။
ချစ်တဲ့
မွန်

TYZ said...

"ဦးဦးဖျားဖျားသံယောဇဉ်တွေနဲ့
ထူးထူးခြားနှောင်တွယ်ခဲ့မိလို့
သည်းခြေထိစိုက်ခဲ့ရတဲ့ဆူး
ရူးချင်လည်းရူးပါစေတော့
ဘယ်တော့မှ ကိုယ်မနှုတ်ပါဘူး" ဒီအပိုဒ်လေးက ကိုယ့်ခံစားချက်နဲ့ တထပ်ထဲပဲသိလား။ အဲဒီဆူးကို မနှုတ်ချင်ဘူး မမအင်ကြင်းရေ.......။

Anonymous said...

အောင်ရင် ရဲ့ အခါလွန်မိုး သီချင်းကို သွားသတိရတယ်..

သိင်္ဂါကျော်

အဖြူရောင်နတ်သမီး said...

ကဗျာလေး အရမ်းကောင်းတယ် ဂျင်းရေ...
အစဉ်အားပေးလျှက်...

နိုးအိမ်ရှင် said...

ဘယ်တော့မှ မနှုတ်ချင်တဲ့ ဆူးလေးအကြောင်း ခံစားသွားပါတယ်...

ဇွန်မိုးစက် said...

ကဗျာလေးကို ကြိုက်သွားပြီကွယ်။

သည်းရင်“တောင်” မှ ထင်တယ်နော်။

အင်ကြင်းသန့် said...

ဟုတ်တယ် မဇွန်ရေ....ရေးလိုက်ပြင်လိုက်နဲ့ ဘယ်လိုလုပ်ကျန်သွားတယ် မသိဘူး။ ဂျင်း ပြင်လိုက်ပြီနော် မမ... :)

ချစ်ကြည်အေး said...

ဂျင်ဂျင်း...ကဗျာလေး မိုက်တယ်၊ တကယ်ပဲ အသဲကွဲနေသလား...အသဲကွဲရင် ဝလာတတ်သတဲ့ ခိခိ....:)

သက်ဝေ said...

အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။

ဂျင်းကလေးက ဒါမျိုးတွေလဲ ရတယ်လား...
မိုက်တယ်...
မရောက်တာကြာလို့ လာလည်သွားတယ် ဂျင်းရေ...း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးဒေါ်
ဂျီပုန်းလုပ်ပြီး ကြိတ်ဆွေးမနေနဲ့
ကဗျာတွေဘာတွေနဲ့လည်း ခံစားမနေနဲ့။ မေ့စရာရှိရင် လုံးဝသာမေ့ပစ်လိုက်
မမေ့နိုင်ဘူးထင်ရင်လဲ ရှေ့တိုးလိုက်။
ရှေ့ဆက်ဖို့မဖြစ်နိုင်မှတော့ ဘာလို့တွေဝေနေတော့မလဲ။
တာ့တာ လို့ ပြောလိုက်
ကြိတ်ပြီးမှတော့ ငိုမနေနဲ့။

ဒါဗြဲး)

ညလင်းအိမ် said...

အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။


တော်တယ်လို့ပဲ ပြောရမလား .. ခံစားရေးဖွဲ့တတ်တယ်လို့ ပြောရမလား .. ကဗျာလေးက အရမ်း ဂွတ်တယ်

ဂျင်းရေ တကယ်တော့လေ နောင်တဆိုတာ အခါလွန်မှ ရကြတယ်တဲ့လား ... ဟူးးးးးးးးးးးးးးးးးး

ခင်မင်စွာဖြင့်
ညလင်းအိမ်

Anonymous said...

ညီမ ကဗျာဆရာမကြီး ရေ

ကိုယ့် ညီမ ရေးတာ ဖတ်လိုက်ရတာ ကောင်းလိုက်တာ တကယ် တကယ် ဒါပေမဲ့ အင်း အခါလွန်မိုး ဆိုတာကို တော့ မကြိုက်ဘူး အခါမလွန်ခင် ရွာပါစေလား ညီမ အတွက်ပါ

ချစ်တဲ့
မမရွှေစင်

ယွန်း said...

နာလဲ မချောပြောသလိုပဲ..
သဘောပေါက်...
ဒါဗြဲ...:D

ချစ်တဲ့

Anonymous said...

အခါလွန်မှ ရွာတဲ့မိုးက မကောင်းမှန်း သိပါတယ်
ဒါကြောင့် ဂျီးဒေါ်ဂျင်းလည်း အခါမလွန်စေနဲ့ဗျာ
အိမ်မက်ကနေ နိုးသွားတာ ကောင်းတယ် မနိုးရင်တော့ ပါသွားပြီ ပါသွားပြီပေါ့

ခင်မင်စွာဖြင့်
seesein

လင်းခေတ်ဒီနို said...

မုန်းလို့ဝေးခဲ့ရတာမဟုတ်ပေမယ့်
အဆုံးလို့ပဲ သတ်မှတ်လိုက်ကြမယ်
အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။

သိပ်ကောင်းတဲ့ ကဗျာလေးပဲ ဂျင်းဂျင်း ဖတ်ရတာ ခံစားချက် ထိလှတယ် ကျွန်တော် သုံးခါလောက် ပြန်ဖတ်နေမိတယ်း)))

noblemoe said...

ဂျင်းရေးးးးးးးးးး
ကဗျာလေးကကောင်းတယ်
ခံစားချက်ဆိုရင်မကောင်းဖူး
အဲဒီလို အခါလွန်မိုးမဖြစ်စေချင်ဖူး
မချောပြောလိုပေါ့ မိုးလည်းထောက်ခံတယ်
မမေ့နိုင်ရင်ရှေ့ဆက်လိုက်ပါ
ပျိုးပင်တွေရှင်သန်ဖို့ မာနတွေကိုဖယ်ရှားနိုင်ကြပါစေရှင်းး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

noblemoe said...

မိုးရေးးးးး
မာနတွေနဲ့ အခါလွန်မိုးတွေလို ပျိုးပင်တွေမရှင်သန်သာထက်စာရင်

မေတ္တာမိုးတွေနဲ့ ပျိုးပင်တွေရှင်သန်လိုက်တာပိုကောင်းမလားသူငယ်ဂျင်း

မချောမပြောတာမိုးလည်းသဘောကျတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချိုကျ said...

အော်.... ဒီလောက်ကဗျာရေးတော်တဲ့ ကောင်မလေးနဲ့များ ဦးဦးဖျားဖျားက မမုန်းပဲဝေး ခဲ့ကြပါလိမ့် :) တော်တော်ညံ့တဲ့ ဦးဦးဖျားဖျား ပဲ ဟိ :)

ခင်တဲ့(ချိုကျ)

WS said...

ဝိုး......................... အလွန်အင်မတန် မှ ကို ကဗျာ အရေး ကောင်းတဲ့ ငါ့ သူငယ်ချင်း ပါလား နော်......................... ..........ဟက်ထိ သွားပြီ....

မိုးငွေ့...... said...

ဂျင်းရေ....တူနေလို့ ကဗျာဖတ်ပြီး တော်တော်ခံစားသွားရတယ်....


ခင်တဲ့
မိုးငွေ့

ခိုင်နုငယ် said...

မုန်းလို့ဝေးခဲ့ရတာမဟုတ်ပေမယ့်
အဆုံးလို့ပဲ သတ်မှတ်လိုက်ကြမယ်
အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။


အခါလွန်မှရွာတဲ့ မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာ မဟုတ်တော့ဘူတဲ့လား။
မမဂျင်းရေ...
ကဗျာလေးက ထိရှမူ့ပျင်းတယ်။
ပျော်ရွှင်ပါစေ....မမ

sosegado said...

ရင်ထဲကလာတဲ့ ကဗျာလို့ထင်ပါတယ်၊
မုန်းလို့ဝေးခဲ့ရတာမဟုတ်တော့
အဆုံးလို့မသတ်မှတ်လိုက်ပါဘူး
တစ်ချို့ကိုထပ်တူခံစားရတယ်၊

blackcoffee said...

အခါလွန်မှ ရွာတဲ့မိုးအတွက် စိတ်မကောင်း ဖြစ်မိတယ် သူငယ်ချင်းရေ......

ကိုကိုမောင်(ပန်းရနံ့) said...

အခါလွန်မိုးက ပျိုးပင်တွေကို ရှင်သန်စေတော့ဘူးလား။ ဆုံးဖြတ်ချက် ပြတ်သားပုံပေါ်တယ်နော်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

အားပါး...
တစ်ကယ်ခံစားရပြီး ရေးချလိုက်တဲ့ ကဗျာလေးကတော့
တစ်ကယ့်ကို ထိရောက်လွန်းလှပါတယ်ခင်ဗျား...

ငါ့အစ်မ တော်ချက်ကတော့ ဒါအစပဲရှိသေးတယ် မိတ်ဆွေတို့ရေ.. အစွမ်းကုန်ထုတ်မရေးသေးဘူး...

Sai Lengtai

မိုးယံ said...

အစ်မတော် အိမ်မက် ကမ္ဘာထဲမှ နိုးလော့ ထလော့

မျှော်လင့်ချက် တွေ ပြည့်လျှမ်းနေတဲ့ ကမ္ဘာလောကထဲမှာ
ပျော်ရွှင်စာ ချီတက်နိုင်ပါစေ

မြူးမြူး said...

ကဗျာလေးကို ထပ်တူခံစားလို့ရပါတယ်.. အခါလွန်မိုးဆိုတဲ့ သီချင်းကိုလဲ သတိရသွားမိတယ်.. အဲဒီသီချင်းကိုကြိုက်လို့ story လေးတောင်ရေးဖူးသေးတယ်..

စံလင်းထွန်း said...

မုန်းလို့ဝေးခဲ့ရတာမဟုတ်ပေမယ့်
အဆုံးလို့ပဲ သတ်မှတ်လိုက်ကြမယ်
အခါလွန်မှရွာတဲ့မိုးက
အငြိုးနဲ့သည်းရင်တောင်မှ
ပျိုးပင်တွေ ရှင်လာနိုင်မှာမဟုတ်တော့ဘူးလေ။ ။

အဆုံးသတ်လေးက ကဗျာဖတ်မိသူရင်ကိုပါ ထိရှစေတာအမှန်ပါပဲ..။

တကယ့်ခံစားချက်နဲ့ရေးထားတာထင်တယ်။

ကဗျာလေးကောင်းပါတယ်ဗျာ။

chit su said...

:(

ဝေလင်း said...

မုန်းလို့ဝေးခဲ့ရတာမဟုတ်ပေမယ့်
အဆုံးလို့ပဲ သတ်မှတ်လိုက်ကြမယ်

အဲဒီစာသားလေးက ဝေဒနာတွေယူလာပေးတယ်...

အနမ်း said...

အခါလွန်မိုးကဗျာလေး ခံစားသွားပါတယ် အင်ကြင်းရေ..
အဆင်ပြေပျော်ရွှင်ပါစေ..

ခရေညို said...

ညီမအင်ကြင်းရေ အခါလွန်မိုး က ကိုယ်တွေ့လား? :P