''အမှတ်တရ'' ဆိုတာ
''အမှားတစ်ရပ်'' တဲ့
ဒါဆိုငါ့မှာ အမှားတွေတော်တော်များနေပြီပဲ။
''အမှတ်တရ'' ဆိုတဲ့ စကား
ထပ်တောင်မှ မကြားလိုတော့ပါဘူး။
''အမှတ်တရ''ရဲ့ အရိပ်တွေနဲ့
အထိတ်တလန့်နေခဲ့ရလို့
စိတ်တံခါးနဲ့နှလုံးအိမ်ကိုသော့ပိတ်
တိတ်ဆိတ်စွာနဲ့ငါ့မှာလေ
ရင်ခုန်သံတွေ သေနေခဲ့တယ်။
အထိတ်တလန့်နေခဲ့ရလို့
စိတ်တံခါးနဲ့နှလုံးအိမ်ကိုသော့ပိတ်
တိတ်ဆိတ်စွာနဲ့ငါ့မှာလေ
ရင်ခုန်သံတွေ သေနေခဲ့တယ်။
လာမငင်ကြပါနဲ့ကွယ်
ဒီနွယ်တွေက ရှင်သန်လာသမျှ
ရင်ခွင်မှာ ဒဏ်ရာဗရပွနဲ့
စိတ်အနာတရ ဖြစ်ရတာတွေချည်းပါပဲ။
ဒီနွယ်တွေက ရှင်သန်လာသမျှ
ရင်ခွင်မှာ ဒဏ်ရာဗရပွနဲ့
စိတ်အနာတရ ဖြစ်ရတာတွေချည်းပါပဲ။
တီတီတာတာ
ပလီပလာနဲ့
အကြည်အသာစကားမှန်သမျှကလည်း
နောက်ဆုံးကျတော့
ရင်ကြားကိုထိုးဖောက်သွားတဲ့
လျှာဖျားက အဆိပ်ဓါးတွေချည်းပါပဲ။
ပလီပလာနဲ့
အကြည်အသာစကားမှန်သမျှကလည်း
နောက်ဆုံးကျတော့
ရင်ကြားကိုထိုးဖောက်သွားတဲ့
လျှာဖျားက အဆိပ်ဓါးတွေချည်းပါပဲ။
လက်တစ်ဖျစ်စာ အိပ်မက်ချိုလေးတစ်ခုအတွက်
ရာစုနှစ် တစ်ခုစာလောက် ငိုကြွေးနေရတဲ့အခါ
ငါ့အတွက် အရာရာက မတန်လိုက်တာ။
ရာစုနှစ် တစ်ခုစာလောက် ငိုကြွေးနေရတဲ့အခါ
ငါ့အတွက် အရာရာက မတန်လိုက်တာ။
ယုံကြည်ခဲ့သမျှတွေကလည်း
ပြောင်းပြန်စီးဆင်း
အရှိန်ကပြင်းလွန်းတော့
အိပ်မက်မြစ်တွေ ခန်းခြောက်သွားတာ
ပက်ကြားတွေတောင် အက်နေခဲ့ပါပေါ့။
ပြောင်းပြန်စီးဆင်း
အရှိန်ကပြင်းလွန်းတော့
အိပ်မက်မြစ်တွေ ခန်းခြောက်သွားတာ
ပက်ကြားတွေတောင် အက်နေခဲ့ပါပေါ့။
နေပါစေတော့လေ
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
(အခုတလော စာရေးစာဖတ်ဖို့ဘက်ကို မလှည့်နိုင်ပဲ Facebook ပေါ်မှာပဲ အချိန်တွေ တော်တော်ကုန်နေမိတယ်။ တတ်နိုင်သမျှတော့ ကြိုးစားဖြတ်မယ်လို့ စိတ်ကူးတာပဲ။ ဒီကဗျာလေးက တစ်ခါတည်းချရေးလိုက်တဲ့ ကဗျာမဟုတ်ပါဘူး။ ဟိုတပိုင်းဒီတစ ချရေးထားတဲ့ အပိုင်းအစလေးတွေကို ပြန်ဆက်ထားတာဖြစ်တဲ့အတွက် ဖတ်လို့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါပေမယ့်လည်း ပိုစ့်အသစ်လေးတစ်ပုဒ် တင်ချင်တာနဲ့ပဲ အပိုင်းပိုင်းအပြတ်ပြတ်တွေကို စုပြီးတော့ပဲ တင်လိုက်တယ်။ ဖတ်လို့မကောင်းရင်လည်း ခွင့်လွှတ်ပေးကြပါဦးလို့။)
38 comments:
ဟယ် ဘယ်ကလာဖတ်မကောင်းရမှာလဲ အပိုင်းအပြတ်လဲ မဖြစ်ပါဘူး...ကဗျာရေးကောင်းပါတယ် ဂျင်းက..။
“နေပါစေတော့လေ
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်”
အဲဒီအပိုဒ်လေးအကြိုက်ဆုံး.....
ခင်မစွာဖြင့်
မိုးငွေ့
ဂျင်းရေးးးးးးးးကောင်းမှကောင်းပါပဲ
လျှာဖျားက အဆိပ်ဓါးတွေချည်းပါပဲ။ အင်းးးးးးးးးးးးးးးးးး
ဂျင်းတစ်ကိုယ်စာလေး အနားလာရွာပေးပါ့မယ်ကွယ် လိုအပ်မယ်ဆိုရင်ပေါ့။ အောက်ဆုံးပုဒ်လေးဖတ်ပြီး ဝမ်းနည်းသွားတယ် မမျှော်တော့ဖူးပေါ့နော် မခေါ်ရင်တော့ ငိုမှာနော် ဒါပဲ
းD
သာယာချမ်းမြေ့ပါစေနော်
မိုး
ဂျင်းဂျင်းရေ..
ဘာဖြစ်လို့အပိုင်းအစဖြစ်ရမှာလဲလေ..။
ဒီလောက်ကောင်းတာကို..။
ခံစားချက်တွေပေါ်လာတိုင်းချရေးထားတာ
ပိုတောင်ကောင်းသေး...။
ဒါနဲ့..လွင်တီးခေါင်တဲ့နေရာလေးကလည်းတချိန်မှာတော့
စိုစိုပြည်ပြည်နဲ့အေးချမ်းလာမှာပါ...ဂျင်းရယ်..
ချစ်တဲ့
သဒ္ဓါ
ဂျင်းရေ..
ခုတလော ဘာတွေဖြစ်နေလဲကွယ်..
ပျော်ပျော်နေနော်..
သူငယ်ချင်းလေး အစစအရာရာ အဆင်ပြေပါစေ..
ခင်တဲ့
ယွန်း
ဘယ်နှယ့်မကောင်းရမှာလဲ..
တကယ်ပြောတာ..အဟုတ်
ခံစားချက်ပါတယ်။
“တီတီတာတာ
ပလီပလာနဲ့
အကြည်အသာစကားမှန်သမျှကလည်း
နောက်ဆုံးကျတော့
ရင်ကြားကိုထိုးဖောက်သွားတဲ့
လျှာဖျားက အဆိပ်ဓါးတွေချည်းပါပဲ။”
ကြိုက်တယ်..မအင်ကြင်းရေ..ဒီစာသားလေးကို
ပျော်ရွှင်ပါစေ..
ခင်တဲ့
ခိုင်နုငယ်
အင်း မိုးကို တမင်တကာတော့ မမျှော်နဲ့ပေါ့
အချိန်တန်ရင် ကိုယ့်အတွက် အကောင်းဆုံးနဲ့ အလှပဆုံး မိုးရေစက်တွေကို ပိုင်ဆိုင်ခွင့်ရလာမှာပါ...
တစ်ခါတစ်လေတော့ စိတ်ပျော်စရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပျော်အောင်နေပါ...
ဘ၀ဆိုတာ စိတ်ညစ်စရာတွေချည်းဘဲ မဟုတ်ပါဘူး..
ပျော်တဲ့အချိန်လဲ ရှိလာဦးမှာပါ..
ဒါပေမဲ့.... သစ္စာတရားတွေ ရှားပါးလာတဲ့ခေတ်ကြီးမှာ ဓားပါးပါးတွေ များနေတာတော့ သေချာပါတယ်..
ဥပက္ခာပြုလိုက်ကြတာပေါ့...
မရေး မရေးနဲ့ မျှော်လိုက်ရတာဗျာ
ရေးပြန်တော့လည်း ကောင်းလိုက်တဲ့ ခံစားမှုကဗျာလေး
လုပ်စမ်းပါ အပိုင်းအပြတ်မို့လို့သာတော်တော့တယ်
ကောင်းမှကောင်း ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တာ
ရာစုနှစ်တစ်ခုစာ ငိုကြွေးတာ လွင်တီးခေါင်တော့ မဖြစ်စေချင်ပါဘူး
ခင်တဲ့
seesein
လွင်တီးခေါင်ဆိုတာနဲ့ ပထမဆုံးပြေးမြင်မိတာက ငယ်ငယ်က "ငါ... ပူလောင် ခြောက်သွေ့.. ရေဆာတဲ့နေ့.." ဆိုတဲ့သီချင်းလေးကို သတိရမိတယ်..
မအင်ကြင်းရေတွင်းမြန်မြန်တွေ့ပါစေ.. :P
မြစ်တစ်ခုလုံးက ရာစုနှစ်တစ်ခုစာလောက် သက်တန်းရှိပြီဖြစ်တဲ့ ပက်ကြောင်းတွေအတွက်လည်း အားလုံးစိုပြေနိုင်လောက်တဲ့ မိုးမဖြစ်တောင်မှ တစ်ကိုယ်စာမိုးလေး ရွာပါစေ...
လေးစားလျက်.........
ညီမ အင်ကြင်း ရေ
ကောင်းတယ် ညီမ
ညီမ ကဗျာ လေးတွေကို သိပ်ကြိုက်တယ်
ညီမ ရဲ့ လွင်တီးခေါင် လေး အမြန်ဆုံး စိမ်းလန်းစိုပြေ ပါစေ လို့ ဆုတောင်းပေးနေတယ်နော် အဲဒီအခါ ကြမှ အတိုးချပြီး စားအုန်းမယ်
မုံ့ မကြွေးတာကြာသွားလို့ အမှတ်ရသွားအောင် ပြောတယ်မှတ်ပါ
ချစ်တဲ့
မမရွှေစင်
@အစ်မမိုးငွေ့>>>ဂျင်းကို ကဗျာရေးကောင်းတယ်ပြောလို့ ကျေးဇူးတင်ပါတယ် အစ်မမိုးငွေ့။း)
@မိုး>>>မိုးကလည်း မိုးကိုတော့ ခေါ်မှာပေါ့။း)
@မသဒ္ဓါ>>>ဟုတ် မမ....ကျေးဇူးပဲ။း)
@ယွန်း>>>ဂျင်းအဆင်ပြေပါတယ် ယွန်းရေ....စိတ်ပူပေးလို့ကျေးဇူးပဲနော် သူငယ်ချင်းလေး။း)
@နုငယ်>>>ကျေးဇူးပဲနော် ညီမလေး။း)
@မချော>>>ဟုတ် မမ....ညီမလေးက မမစကားကိုနားထောင်ပါတယ်။း)
@မမစည်းစိမ်>>>အမြဲတမ်းညီမလေးရဲ့စာတွေကို မျှော်ပြီးဖတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ် မမလေး။း)
@သော်ဇင်>>>သူက သီချင်းကြော်ငြာဝင်သွားသေးတယ်။း)
@မမရွှေစင်>>>အပြင်မှာ မုန့်မကျွေးတာကြာသွားပေမယ့် စိတ်ထဲမှာတော့ ထပ်ပြီး မုန့်ကျွေးဖို့ကို အမြဲသတိရနေပါတယ် မမရွှေစင်။း)
ချစ်ညီမလေး........ ကဗျာလေးက အရမ်းကောင်းတယ်။ ခုတလော စိတ်အခံက သိပ်မကောင်းတော့ ဒီကဗျာလေး ဖတ်ရတာ လွမ်းသလိုပဲကွယ်။
အိပ်မက်မြစ်တွေ ခန်းခြောက်သွားတာ
ပက်ကြားတွေတောင် အက်နေခဲ့ပါပေါ့... ဆိုတဲ့ စာကြောင်းလေးက ရင်ထဲကို ထိသွားတာပဲ။
စာမလာ သတင်းမကြား ပျောက်နေလို့ စိတ်မပူနဲ့နော်။ ဂယ်ကြီးမအားတာ...း)
ချစ်တဲ့
မမ
@မမနွယ်>>> :( ဟင့်.. မမနွယ်များသိပ်နေနိုင်တာပဲ။ တကယ်စာမလာ သတင်းမကြား။ ညီမလေးကလည်း ဂယ်ကြီး စိတ်ပူနေတာပါ။
အင်း..သူ့အတွက်တော့ အပိုင်းအစတွေပေါ့..ငါ့အတွက်ကျတော့ ၀တ္တုရှည်တစ်ပုဒ်ပါပဲ။
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။
............................
အဆုံးသတ်အရမ်းကောင်းတဲ့ ကဗျာလေး..
copy past မလုပ်ပဲမနေနိုင်လို့ လုပ်သွားပါတယ်ဗျို့...
ညီမလေး ဂျင်းက ဒီလိုကဗျာလှလှလေးတွေလဲ ရေးတတ်တယ်လား... ချစ်စရာ...း))
ဂျင်းရေ..
ခံစားချက်နဲ့ရေးတဲ့ ကဗျာတိုင်းက အသက်ပါပါတယ်..ဂျင်းရေ..။
မွန်မအားလို့နော်
ဘလော့တောင် မနည်းလိုက်လည်နေရတာ ဂျင်းရေ..
အရမ်းသတိရတယ်..
အစစ အဆင်ပြေပါစေနော်..
အရမ်းချစ်တဲ့..
:D.. အလဲ့. စကားလုံးတွေ သိပ်မိုက်တယ်ဗျာ... ဘာတဲ့..
တီတီတာတာ
ပလီပလာနဲ့
အကြည်အသာစကားမှန်သမျှကလည်း
နောက်ဆုံးကျတော့
ရင်ကြားကိုထိုးဖောက်သွားတဲ့
လျှာဖျားက အဆိပ်ဓါးတွေချည်းပါပဲ
း))
သိပ်ကြိုက်တယ်.. အဲစကားလုံးကို
ခင်မင်တဲ့
နေ၀သန်
ဇာတ်လမ်းလေးတစ်ခုလို ဆင်ထားတဲ့ ဒီလို ကဗျာလေးတွေ သဘောကျတယ်။
ယုံကြည်ခဲ့သမျှတွေကလည်း
ပြောင်းပြန်စီးဆင်း
..........
အိပ်မက်မြစ်တွေ ခန်းခြောက်သွားတာ
အဲဒီအပိုဒ်လေးက ဇာတ်လမ်း တစ်ပုဒ်ပါပဲ။
အင်ဂျင်းရေ.....
ကိုဏီးကဗျာလေးဖတ်သွားတယ်.......။
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။
အဟား ... ဂျင်းကဗျာဖတ်ပြီး ကျွန်တော်တောင် ကဗျာမရေးချင်တော့ဘူး ...
ရေးထားတာ တကယ့်ကိုကောင်းတယ်
" အမှတ်တရ " ဆိုတာ" အမှားတရပ် " တဲ့..။မှတ်သားသင့်ပါတယ် ညီမလေးအင်ကြင်းရယ်..။ " လာမငင်ကြနဲ့ကွယ်..ဒီနွယ်တွေရှင်သန်လာသမျှ..။အရေးအသားကောင်းတဲ့ ကဗျာလေးတပုဒ်ပါ..။အားပေးနေပါတယ် အင်းကြင်းရေ....။
အင်း... ကျနော့် အထင် အမှတ်တရဆိုတာ အမှားသက်သက်ချည်း မဟုတ်ဘဲ ကောင်းတဲ့မှန်ကန်တဲ့ တစ်ခုခုလည်း ရင်ထဲကို ခွါချလို့ မရနိုင်အောင် အမှတ်တရအဖြစ် ညိကပ်စွဲမြဲလို့ နေတတ်ပါတယ် အစ်မရေ...
အဲ့ဒီ အမှတ်တရတစ်ချို့ရဲ့ အရိပ်တွေကတော့ ပြန်ပြောင်းသတိ မြင်ယောင်မိတဲ့အခါ ရင်ထဲကို ကျင်ခနဲနာကျင်တတ်လို့ ထိတ်လန့်မှုများဖြစ်တတ်ပါတယ်...
အဟိ... ရင်ကဒဏ်ရာတွေကိုတော့ ဆေးကောင်းတစ်ခွက်နဲ့ တွေ့သွားတဲ့အခါ အလိုလိုနေသာထိုင်သာ ဖြစ်သွားပါလိမ့်မယ် မမရေ...
အကြည်အသာစကားဆိုတာ ပျားရည်စက်တစ်ပေါက်ပေါ့၊ အစာပြပြီး ငါဖမ်းတာမျိုးလို ရသွားရင် ကင်လိုကကင် ကြော်လိုကကြော် ပြုတ်လိုကပြုတ် မဟုတ်မဟတ်လုပ်သွားခံရတဲ့အခါ ဘယ်သူမဆို နာကျင်တာပေါ့...
အရာရာကို မတန်ဘူးဆိုတာကိုတော့ ပြောပါနဲ့ ငုတ်တိုပင်တောင်မှ ငှက်လေးတစ်ကောင်ကောင် အတွက်တော့ နားခိုစရာဖြစ်နိုင်ပါတယ်လေ...
မဖြစ်နိုင်တဲ့အရာ မရှိဘူးဆိုပေမယ့် ထင်တဲ့ လုပ်တဲ့အရာရာတိုင်း ဖြစ်မလာတတ်ပါဘူး....
မျှော်သင့်တယ်လို့ထင်ရင် မျှော်လိုက်ပါ...
ခေါ်သင့်တယ်လို့ထင်ရင် ခေါ်လိုက်ပါ...
မိုးရေစက်လေးတွေကို ဆာလောင်နေတဲ့ လွင်တီးခေါင်ပြင်တစ်ခုဟာ အမှတ်မထင် မိုးရေစက်လေးတစ်ပေါက်လောက်တော့ အဆာပြေသောက်သုံးလို့ ရနိုင်ကောင်းပါတယ် အစ်မရေ... ကိုလေးဖြူသီချင်းထဲက စိတ်မလျှော့နဲ့ မင်းစိတ်လျှော့နဲ့ ဆိုတာလေ ကြားဖူးတယ် မဟုတ်လား....
အမေလေး... မပီကလာ ပီကလာနဲ့ ရေးချလိုက်တာ ကော်မန့်က ခုမှပဲ ရေးပြီးတော့တယ်...
ပေး.. မုန့်ဖိုး... လက်ညောင်းခ...း))
လေးစားချစ်ခင် ခင်မင်မှုများဖြင့်
စိုင်းလင်းတိုင်း
QUITE GOOD. :)
LOVE WITH,
CHIT SU.
"လာမငင်ကြပါနဲ့ကွယ်
ဒီနွယ်တွေက ရှင်သန်လာသမျှ
ရင်ခွင်မှာ ဒဏ်ရာဗရပွနဲ့
စိတ်အနာတရ ဖြစ်ရတာတွေချည်းပါပဲ" မှန်လိုက်လေ ညီမလေး...
အောက်ဆုံးအပိုဒ်လေးက heart ထိတယ်ကွယ်
အပိုင်းပိုင်းအပြတ်ပြတ်တွေကို စုပြီးတင်ပေလို့ပဲ....
ကွင်းဆက်မိလိုက်တာ ဦးစံရှား တရားခံလိုက်သလိုပဲ...
ဟတ်ထိတယ်...ဟတ်ထိတယ်ဗျို့...
အင်ကြင်းရေ..အမကြိုက်လိမ့်မယ်လို့ကြိုသိထားနေပေမဲ့..ထပ်ပြောမယ်နော်..Bravo! စာသားတွေအကုန်လုံးထိတယ်...:P
အင်ကြင်းရေ....ဒီလောက်ချောတဲ့ ငါ့ညီမကို ဘယ်သူတွေက အဆိပ်ဓါးနဲ့ မွှန်းသွားသတုန်း လိပ်စာပေးလိုက် အစ်ကိုကြီး သွားရှင်းလိုက်မယ် သူ့ခြံထဲက မြက်တွေကို :)
ကောင်းလိုက်တဲ့ကဗျာလေး ခံစားမှုတွေကိုရှေတန်းတင်ရင် ခံရတဲ့သူက ရာစုနှစ်တစ်ခုစာလောက် ခံစားရတတ်တာ ဆိုတာကိုတော့နှစ်သက်တယ်။ ခံစားရလွန်းတော့လည်း မဲ့မဲ့လေးနဲ့ ပြုံးတတ်လာတာပေါ့နော်။
ခင်တဲ့(ချိုကျ)
ကဗျာကို ခံစားသွားပါတယ်၊ ခုတလောမိုးတွေတော်တော်သည်းနေတယ်၊ တစ်ကိုယ်စာ လွင်တီးခေါင်တော့မဖြစ်ပါစေနဲ့၊ မိုးစိုခံလိုက်ပေါ့….
ကဗျာလေးက အရမ်းအသက်ဝင်တာဘဲ။ အပိုဒ်တိုင်း အပိုဒ်တိုင်း စကားလုံးတွေ လတ်ဆတ်တယ်။ လန်းဆန်းတယ်။ ပေါ်လွင်တယ်။
လွင်တီးခေါင်ဟာ
မီးတောင်ကြီး လောက်တော့ မဆိုးသေး ပါဘူး...
အချိန်တန်ရင် လွင်တီးခေါင်မှာ
မီးရောင်လေး လက် လာလောက်မှာပါ ...
လွင်တီးခေါင်ဆိုလို့ ချစ်စမ်းမောင်ကြီးတောင် သတိရသွားသေး ...
အို.. ဘာပြောကောင်းမလဲ တို့ကတော့ ခွင့်လွှတ်ပြီးသားပဲ..
အရမ်းကို ခံစားချက်ပြင်းထန်တဲ့ စကားလုံးလေးတွေပါ..
ရင်ဘတ်ချင်းထပ်တူခံစားမိတယ်..
မိုးတွေသည်းသည်းမဲမဲ ရွာတတ်တဲ့ ဒီရာသီတွေမှာ ဘာလို့များကိုယ်တွေအတွက် မိုးခေါင်နေပါလိမ့်..
စဉ်းစားရခက်လှတယ်..
ကောင်းလိုက်တာ ကဗျာလေးက ကဗျာ တွေကို မုန်းတဲ့သူတောင် ဟတ်ထိသွားတယ်... အဟီး...
နေပါစေတော့လေ
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။ အဲတာလေး အကြိုက်ဆုံးပဲငါ့ညီမ...
တကယ် ဆရာကြီးတွေရဲ့ခြေရာကိုမှီတယ်ကွာ... :D
အခုမှရောက်ဖူးတာ၊ ကဗျာတွေ အကုန်သိမ်းကျုံးဖတ်သွားတယ်၊ အကုန်ကြိုက်တယ်။ နောက်ဆို ခဏခဏလာဖတ်မယ်။ များများရေးနော်၊ ခံစားချက်တွေ ဖွင့်ထုတ်လိုက်ရလို့ နေသာပါစေလို့ ဆုတောင်းပေးပါတယ်။
ရွာဖို့လည်း ဒီမိုးကို ငါမမျှော်တော့ဘူး
လာဖို့လည်း ငါမင်းကို မခေါ်တော့ဘူး
ဒီလိုနဲ့ပဲ
တစ်လောကလုံး မိုးတွေသည်းနေတာတောင်မှ
ငါ့တစ်ကိုယ်စာက လွင်တီးခေါင်ဖြစ်နေခဲ့ရတော့တယ်။ ။
.........................
ကဗျာလေး အရမ်းကောင်းတယ် ဂျင်းရေ...
အားပေးသွားတယ်နော်...
နေမကောင်းဖြစ်နေလို့...ဘယ်မှမရောက်ဖြစ်ဘူး..း(
ကဗျာလာဖတ်သွားတယ်နော်။ ၀င်ရတာအဆင်မပြေတဲ့ ကျော်ခွတွေနဲ့မို့ အမြဲမရောက်တာပါ။ အဆင်ပြေပျော်ရွှင်ပါစေ အင်ကြင်းရေ...။
ဖတ်ကောင်းလွန်းလို့ ဖလမ်းဖလမ်းတောင် ထတယ်
နောက်တစ်ခါ အယုံမလွယ်နဲ့နော်
ခင်မင်စွာဖြင့်
မိုးယံ
Post a Comment