အတိတ်နယ်ထဲ ခြေချမိတော့
သတိရစိတ်တို့က
အုံးအုံးကျက်ကျက် ထဖြစ်ကုန်တယ်။ ။
ကယောင်ကတမ်းနဲ့
သီချင်းတစ်ပုဒ်ကို ထအဖွင့်
လွင့်လာတဲ့ အသံက
ရင်ကို တစ်ခါလာမှန်ပြန်တယ်။ ။
သတိရတဲ့အကြောင်း
ကပြောင်းကပြန်နဲ့
ကဗျာတစ်ပုဒ်ကို စပ်ဆိုတော့
ငါ့ဒိုင်ယာရီတွေ ငိုကုန်တာ
ကမ္ဘာကြီးတောင် စိုသွားတယ်။ ။
ဒယိမ်းဒယိုင်
ထောက်တိုင်ရှေ့မှာရပ်ရင်း
ကင်းဘတ်စ်စပေါ် စုတ်တံတင်
ကတုန်ကယင်နဲ့
စိတ္တဇပန်းချီတစ်ချပ်ကို အာရုံယူဆွဲပြန်တော့
ဒီပုံတူပဲ ထွက်လာပြန်တယ်။ ။
နင့်ဘက်က
အမုန်းကြေငြာ စာတမ်းတစ်ခုကို
ငါ့အတွက်ကတော့
အရှုံးတွေနဲ့ သေရာပါမှတ်တမ်းတစ်ခုလို ဖက်တွယ်ရင်း
မစဉ်းစားချင်တော့တဲ့ အတိတ်က ဇာတ်လမ်းတွေ
ဒီမှာလေ
တစ်ခန်းရပ်လိုက်ကြရအောင်။ ။
ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့
“ရှင်းပြခြင်း” ဆိုတဲ့ ဘာသာစကား
ငါမသင်ကြားချင်ဘူး
မတူညီတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာဖို့ရာလည်း
ငါ့ဥာဏ်ရည်က မမှီခဲ့လေတော့
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။
(မှတ်ချက်။ ။ကဗျာတွေရေးပါဦးလို့ တိုက်တွန်းကြတဲ့ သူငယ်ချင်း မောင်နှမတွေ ရှိလို့ ချရေးလိုက်ပြန်တော့ ထုံးစံအတိုင်း ပျော်စရာ မဟုတ်ခဲ့ပြန်ဘူး။ :(( ဒါပေမယ့် ဘာပဲပြောပြော စာရေးရမှာ အရမ်းပျင်းနေတဲ့ ကျွန်မကို ကဗျာလေးတစ်ပုဒ် စပ်ဖြစ်ခဲ့စေတဲ့ အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။)
35 comments:
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။
ကောင်းလိုက်တဲ့ စာသား ..
ဂျင်းတို့က မရေးဘူး မရေးဘူးနဲ့ ရေးလိုက်တော့လည်း ခံစားချက်က ပြင်းတယ်ဗျာ ....
ညီမအင်ကြင်း ကတော့ ကဗျာ ဆရာမကြီးလုပ်ဘို့ ကောင်းနေပြီ
ကဗျာလေးက ကောင်းလိုက်တာညီမရေ
ရေးတတ်လိုက်တာနော်
ချစ်မမ
ရွှေစင်ဦး
ညီမ ရေ
မန်တာ ဒါနဲ ဆို၃ခုနော် မရရင် ပြောအုန်း ပြန်လာမန့်မယ် ကိုးနတ်ရှင် က မကောင်းတော့ error တက်တက် သွားတယ်
မမရွှေစင်
ညီမရေ
တခုမပေါ်လို့ အခုပြန်ရေးပေးခဲ့မယ် ကမ္ဘာကြီး တခုလုံး စိုချင်စိုပါစေ လို့ ညီမ ရဲ့ အိပ်ရာ လေးတော့ မစိုစေနဲ့ တော်ကြာရင် ..သြ အထင်မှားသွားမှာစိုးလို့ပါလို့
မမရွှေစင်
အလွမ်း ဓာတ်ခံ ရှိတဲ့ ငါအတွက်
ခေါင်းအုံးတွေ စိုကုန်ပြီ...
အင်ကြင်းရေ...
ဟီးးး
နင့်ဘက်က
အမုန်းကြေငြာ စာတမ်းတစ်ခုကို
ငါ့အတွက်ကတော့
အရှုံးတွေနဲ့ သေရာပါမှတ်တမ်းတစ်ခုလို ဖက်တွယ်ရင်း
မစဉ်းစားချင်တော့တဲ့ အတိတ်က ဇာတ်လမ်းတွေ
ဒီမှာလေ
တစ်ခန်းရပ်လိုက်ကြရအောင်။ ။
ကောင်းလိုက်တဲ့ စာသားတွေဗျာ တကယ် ဒီကိုပါလာထိတယ်ဗျို့ ရေးသာရေး အားပေးမယ်နော်။
ခင်တဲ့(ချိုကျ)
အချစ်တွေ အငွေ့ပျံပြီး ဘယ်သူ့ထံ ရောက်သွားပြန်လဲ
ငါ့ဥာဏ်ရည်က မမှီခဲ့လေတော့
မေးရအုံးမယ်
ခါချဉ်ကောင်လေးရေ
ခင်တဲ့
seesein
သူက အမုန်းကြေငြာစာတမ်း ကပ်ရင်
ကိုယ်လည်း ပြန်ပြီး ရှိသမျှ FM တွေက သို့မဟုတ် တီဗွီမှာ ကြော်ငြာလိုက်လေ ဘာပြုလဲ ချစ်ညီမ (မခံနဲ့ကွ အားပေးအားမြှောက်လုပ်ပေးခြင်း) သေရာပါတွေ ဘာတွေလုပ်မနေနဲ့ဟ
အပေါ်က မြှောက်ပေးသူ မှာ seesein ရှင်ဖြစ်ပါတယ်
Wo Wo! အစ်မကတော့ ရေးချလိုက်ရင် အရှည်ကြီးပဲ ဒါတောင်မှ အတိုချုပ် ချုန်းထားတယ်ထင်တယ်၊ ဒီကဗျာလေးလည်း အရင်ကကဗျာလေးတွေလိုပဲ အတော်ကောင်းတယ်။ ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။... မီးလုံးသာဆိုရင်တော့ ပင့်ကူအိမ်များခပ်လောက်ပြီထင်တယ်နော်။
အဲ့... ဒိုင်ယာရီစာအုပ်ကိုလည်း နေပူတဲ့နေ့ကျရင် ပြန်လှန်းလိုက်အုန်းနော်။း)
ခင်မင်လေးစားလျက်
အိုး
သိပ်ကောင်းတဲ့ ကဗျာလေးပါဘဲ
ခံစားချက်ခြင်းတူလို့ထင်ပါတယ်
ရင်ထဲကို ငြိခနဲပါဘဲ
လာလည်သွားတာ ကျေးဇူးပါနော်..
လင့်ချိတ်ထားတာ ခွင့်မတောင်းမိတာ ခွင့်လွှတ်မယ်ထင်ပါတယ်..
နောက်လဲ လာလည်ပါဦးမယ်..
ပုံလေးက ကောင်းလိုက်တာ။ ကဗျာလေးလည်း ကောင်းတယ်။ နောက်တစ်ခါကျရင်တော့ အပျော်လေး စပ်ပါဦး ဂျင်ဂျင်းရယ်။ ကဗျာလေးဖတ်ပြီး ပြုံးချင်လို့။း)
သီချင်းလည်းနားထောင်သွားပါတယ်။ ကဗျာလည်းဖတ်သွားပါတယ်၊ ကဗျာကပိုကောင်းတယ်၊
ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့
“ရှင်းပြခြင်း” ဆိုတဲ့ ဘာသာစကား
ငါမသင်ကြားချင်ဘူး
ဆိုတာ ထပ်တူခံစားသွားပါတယ်၊
အဟမ်း
ကဗျာလေးက လန်းလှချည်လား
ခံစားချက်တွေက ကဗျာအဖြစ် ထွက်ကျလာတာဘဲ ဖြစ်ရမယ်..
အားကျတယ်ကွယ်.. တကယ်
တို့လဲ ကဗျာ လှလှလေးတွေ စပ်ချင်သေးတယ်
ဖီလင်လေးတွေ နည်းနည်းလောက်ငှားပါ..း)
အတည်ပြောမယ်နော်
ကဗျာလေးအ၇မ်းကောင်းတယ် ညီမလေး ဒီလောက်တော်မှန်း ခုမှသိတော့တယ်..
ညီမလေးရေ... အိပ်ယာတွေစိုကုန်ရင်.....ကောင်းဘူး...
အလကားနောက်တာ.... ကဗျာလေးေ၇ာ သီချင်းလေးရော.... မမကြီးဟတ်ထိသွားတယ်.... အဟဲ
ဂျင်းစုတ်ကလေး ကဗျာလေး မိုက်လှ၊ လန်းလှ ချည့်လား...ဘာတွေကို ဒီလောက် လွမ်းနေသတုန်း ပြော့ပြကစမ်းဘာ....:P
ကောင်းလိုက်တာဗျာ ငါပြောချင်နေတာဒီလိုမျိုးပဲလို့တောင် ဖြစ်သွားပါတယ်... တစ်ပုဒ်လုံးဗျာ တစ်ပုဒ်လုံးကြိုက်တယ်ဗျာ... စာသားတွေရော စာသမီးတွေရောပဲ... အားလုံးအားလုံးကိုကြိုက်တယ်ဗျာ
ဒါနဲ့စကားမစပ်
သီချင်းလေးကလည်းကောင်းတယ်... တိုးတိတ်လွမ်းတာတဲ့ ဟို..ဟို... လုံချည်အသစ်နဲ့ ကားပေါ်တက်လာတဲ့ ကောင်းလေးချောချောလေးကိုလားဟင်.. :P
ခစ်....ခစ်.....
လေးစားလျက်...
သတိရတဲ့အကြောင်း
ကပြောင်းကပြန်နဲ့
ကဗျာတစ်ပုဒ်ကို စပ်ဆိုတော့
ငါ့ဒိုင်ယာရီတွေ ငိုကုန်တာ
ကမ္ဘာကြီးတောင် စိုသွားတယ်။ ။
ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့
“ရှင်းပြခြင်း” ဆိုတဲ့ ဘာသာစကား
ငါမသင်ကြားချင်ဘူး
မတူညီတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာဖို့ရာလည်း
ငါ့ဥာဏ်ရည်က မမှီခဲ့လေတော့
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။
သိပ်ကောင်းတဲ့ ကဗျာလေး အရမ်းအရမ်းကို ထိရှစေတဲ့ ကဗျာလေးး))
ဂျင်းရေ ဆက်လုပ်ဟ ရေးချက်က ကောင်းလွန်းတယ်
(မှတ်ချက်။ ။ ဗညား(လင်းခေတ်ဒီနို)ရဲ့ကွန်မန့်လေးပါ။ အောက်ကပိုစ့်မှာ မှားရေးခဲ့လို့ ဒီမှာပြောင်းသိမ်းလိုက်တာပါ။)
အင်ကြင်းသန့်
ဂလု ဂလု နေအောင်သာ သောက်ချလိုက်ပါ...
ပြီးမှ အေ့ ဆိုပြီး လေချဉ်တွေ ထုတ်လိုက်...း)
အဲ့လိုဆို သိပ်လှတဲ့ ကဗျာလေးတွေ ထွက်ကျလာလို့ပါ...
(အမကို ရက်စက်တယ်လို့တော့ မပြောပါနဲ့နော်)
ဂျင်းရေ..
ကဗျာလေးကလည်းအတိတ်ပန်းချီကိုဖေါ်ပြထားပြန်ပါရော.
နဂိုကမှစိုစွတ်နေတာလေ..ဖတ်ပြီးစိုစွတ်အုံးတော့မယ်..
သိပ်လှတဲ့အလွမ်းတွေနဲ့ကဗျာလေးကိုအခါခါဖတ်သွားတယ်။
ခင်တဲ့
သဒ္ဓါ
ကောင်းလိုက်တဲ့ ကဗျာ. လာဖတ်သွားပီနော်။ အဆင်ပြေပျော်ရွှင်နိုင်ပါစေ။
ဂျင်းရေးးးးး
ဂျင်လည်းကဗျာဆရာမကြီးပါပဲလား
ကောင်းလိုက်တဲ့ရေးချက်
*ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့*
ရှင်းပြမှနားလည်ပေးမယ်ဆိုရင်တော့ မရှင်းပြချင်တော့တဲ့မိုးအတွက်တော့ ဒီစာသားလေးကို သဘောကျတယ်။ငယ်ငယ်က အမေက အထင်တွေလွဲဖူးတယ်လေ ခုထိမရှင်းပြခဲ့ဖူးး
ကဗျာရေးကောင်းတဲ့မမ ပျော်စရာကဗျာလေးရေးပေးပါအုံးနော်
သာယာချမ်းမြေ့ပါစေနော်
မိုး
ကြိုက်လွန်းလို့ နောက်တစ်ခေါက်လာဖတ်သွားတယ်ဗျာ
ခင်တဲ့
seesein
ပြေပြေပြစ်ပြစ်နဲ့ ဖော်ပြချင်တာလေးကို ထိထိမိမိ မြင်တွေ့ခွင့်ရလိုက်တဲ့ ကဗျာလေးပါပဲ။
ကဗျာရေးလည်း ကောင်းတာပါပဲလား
စာရေးချင်စိတ်ရှိနေအောင်သာ မွေးမြူသင့်တယ် ထင်တာပါပဲ
အင်ကြင်းရေ..ကဗျာလာဖတ်ပြီး ငိုချင်သွားပြီ...
ကဗျာလေးကိုလာဖတ်ပြီး အားပေးသွားကြတဲ့ သူငယ်ချင်း မောင်နှမတွေအားလုံးကို အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။ ပျော်စရာကဗျာ မဟုတ်တဲ့ အတွက်လည်း တောင်းပန်ပါတယ်။ လာဖတ်တဲ့ သူတွေတော့ မသိဘူး။ ကျွန်မကိုယ်တိုင်ကတော့ ကိုယ့်ကဗျာကိုယ်ဖတ်ပြီး နေမကောင်းဖြစ်သွားတယ်။း))
အင်ကြင်းသန့်
ကဗျာ ဖတ်သွားတယ်
ပို့စ်အသစ်မတွေ့သေးလို့ ဒီမှာပဲရေးလိုက်ပါမယ်..
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ဂျင်ဂျင်း..
သြော်..သူက လွမ်းနေတာကိုး...ခစ်..ခစ်...။
ပြေးပြေးလွှားလွှားနဲ့ လာမန့်ရတယ် အင်ကြင်းရေ..။
အရေးကောင်းပြီး အရေးပျင်းတာ တို့ ချစ်မ သေးသေးလေးပါ... အပျင်းမကြီးရန် သတိပေးလိုက်ရသည်... :P
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။
အားပေးသွားတယ် အင်ကြင်းရေ..
အခုမှ လာပြီး comment ပေးရင်း တခါထဲ လင့်သွားတယ်နော်..
(၃၀)ရက်နေ့မှာ တင်မယ့် ပို့စ်မှာ အင်ကြင်းနာမည်ယူသုံးထားတယ်..လာဖတ်အုံးနော်..
Hey - I am really happy to discove this. cool job!
Hey - I am definitely delighted to discover this. cool job!
ဒီကဗျာအရမ်းကြိုက်း) တော်လိုက်တဲ့ ကိုယ့်ညီမလေးး))
Post a Comment