Pages

Sunday, April 11, 2010

Remix 2010 Thingyan

သူများတွေ သင်္ကြန်နဲ့ ပတ်သက်တဲ့ ပိုစ့်လေးတွေ တင်ကြတာတွေ့တော့ ကျွန်မလည်းပဲ သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရလေးတစ်ခုခု အရမ်းကိုရေးချင်လာပါတယ်။ ဒါပေမယ့် ဘာကို ဘယ်လို ရေးရမှန်းလည်း မသိပါဘူး ။ အဲဒီတော့၊ အဲဒီတော့ကာ ဆားချက်တယ်လို့ပဲ ဆိုချင်ဆိုကြပါ။ မမချစ်ကြည်အေးရဲ့ ကောင်းမှုနဲ့ အမှတ်တရအဖြစ် စပ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို မဖတ်ဖြစ်သေးတဲ့သူတွေ ဖတ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ကဗျာလေးကတော့ ဒီမှာပါ နော်။

အဲဒီကဗျာလေး ဖြစ်မြောက်ဖို့အတွက် အစပြုပေးခဲ့တဲ့ မမချစ်ကြည်အေး၊ မူရင်းပိုစ့်ပိုင်ရှင် ကိုTZAမမဇွန်မိုးစက် မမသီတာ နဲ့ မမညိုလေးနေ တို့ကို အရမ်းကျေးဇူးတင်ပါတယ်လို့။

အားလုံးပဲ သင်္ကြန်ရက်များကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းသွားနိုင်ကြပြီး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေ။

24 comments:

ဒဏ္ဍာရီ said...

ဟိုမှာ ကဗျာသွားဖတ်ပြီးပြီ.... လူလည်ကျချက်ကတော့ မနိုင်ဘူးနော်။း)

ကောင်းတယ် ကဗျာလေးက အများနဲ့စုရေးပေမယ့် တကယ်အဓိပ္ပါယ်ရှိတယ်....

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ...

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

ကဗျာလေးဖတ်ရင်း...
ရေလောင်းသွားပါတယ် အင်ကြင်းရေ...
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေရှင်...

SHWE ZIN U said...

ဒီ စုပေါင်းစပ်ပေါင်း ကဗျာလေးကိုတော့ စောစောစီးစီး လာဖတ်သွားတယ်နော် ကောင်းတယ်ညီမ

ပျော်ရွှင်ပါစေ

မမရွှေစင်

ချစ်ကြည်အေး said...

ဟေး....ကောင်မလေး တယောက် ဆားချက်နေတာ လာကြည့်သွားတယ်....အိမ်ရှင်ကို ရေတိုင်ကီထဲ ဆွဲနှစ်ခဲ့လို့ ဗွမ်းလို့ အသံမထွက်ပဲ ဇွပ်ကနဲပဲ ကြားလိုက်ရ....ဟီဟိ...:)

~ဏီလင်းညို~ said...

အင်ကြင်းရေ.......
သွားဖတ်ပြီးပြီ.........း))
ငါ့ညီမကိုေ၇လောင်းသွားဦးမှာ.......
ကိုင်းဟာ........ လာလေရော့.........
ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

kiki said...

သမဝါယမ ဆား လား....
ဘာချက်ချက် ကောင်းပါတယ် ၊ ဂျင်ဂျင်းရယ်
ရန်ကုန် မှာ တော့ ရေမရှိ လို့  ..မီးမလာ လို့  .. ဆီ ရှား လို့  ... မွဲတေကုန်ကြလို့  .. ဟိုဟာ ဖြစ်လို့ .. ဒီဟာဖြစ်လို့  ...ရွာ ပြောင်းပြီး လုပ်ကြတဲ့  ဒီနှစ်သက်ြန် ၊ မလွမ်းလောက်ပါဘူး လေ

မောင်မိုး said...

ဟမ်းးးး ဒီကဗျာကို နေရာတိုင်းမှာတွေ့နေရတယ်။ ရောက်မှတော့ မထူးပါဘူး။ ရေလောင်းသွားတော့မယ်။ ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။

WS said...

အင်ကြင်း ကဗျာလေးကို ဖတ်၇င်း စုပေါင်းစပ်ထား တာ ပျော်စ၇ာလေး အ၇မ်းကောင်းတယ် နော်

စိုင်းဇော်ခါး said...

မမရေ ကဗျာသွားဖတ်ပြီးသွားပြီးသိလား။ ကျွန်တော့် အမကို ရေလောင်းချင်ပါတယ်။ ဘယ်မှာသွားလောင်းရမလဲ မသိဘူးနော်။ လင့်ယူသွားတယ်အမ။ ကျေးဇူး။

TZA said...

ညီမဂျင်ဂျင်း..

ကူးတင်လိုက်တာမဟုတ်ဘူး၊ လာဖတ်တဲ့သူတွေ “ဒီမှာပါ” ကို ထပ်နှိပ်ရတာ အားနာစရာကြီး။

နှစ်သစ်မှာပျော်ရွှင်ပါစေညီမ။

ဇွန်မိုးစက် said...

မဇွန် တစ်နေကုန် အလုပ်တွေများနေလို့ ခုမှလာရတယ် ညီမရေ။

ဟားဟား...တစ်ယောက်က 2010 Remix Thingyan, တစ်ယောက်က Remix Thingyan 2010, တစ်ယောက်က Remix 2010 Thingyan တဲ့။း)

ရေလောင်းသွားတယ် ဂျင်ဂျင်းရေ။ နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ခညောင်းပါစေ။

မြတ်မွန် said...

ဗွမ်းးးးးးးးးး(ေ၇ပုံနဲ့ ခေါင်းပေါ်က လောင်းချလိုက်သည်)
ဗြွတ်ဗြွတ်( စတီးပြွတ်နဲ့ ပြွတ်သည်)
အင်းဟာ.(.ရေပူဖောင်းနဲ့ထုလိုက်သည်..)

ဟေးးးးးးးးးးးး
ဂျင်းကို ရေ အားရအောင် လောင်းသွားပြီဟေ့...။
ပျော်ရွှင်ပါစေဂျင်းရေ..။
ချစ်တဲ့

sosegado said...

အားလုံးကောင်းကြပါတယ်၊

ကိုရင်စည်သူ said...

မင်္ဂလာနှစ်သစ်ပါ.. မကြီးအင်းကြင်း..
ရေလာလောင်းပါတယ်... ဗွမ်း..ဗွမ်း.. အာ.. ခွက်ပါလွတ်သွားပီ.. ဟီး.. ရှောင်နော်. အိုးမဲပါ သုတ်သွားလိုက်ပီ... မကြီးက ပိုတောင် ချောသွားသလိုပဲ
ဟီဟီးးး .. ကဲသာကဲ.. ပျော်တယ်ဟေ့.. အားလုံးးလဲ ပျော်ရွှင်ကြပါစေ...

ခင်တဲ့
ကိုရင်စည်သူ

ချိုကျ said...

ဟင်း....လုပ်ကြပေါ့..သူတို့ခောတ်ပဲ.....

sosegado said...

ဘွမ်း ပက်ပြီ အိပ်နေတုန်း ရေခဲရေနှင့် ပက်တာ၊ ကဲ စိတ်မဆိုးနဲ့၊

ဇွန်မိုးစက် said...

မင်္ဂလာနှစ်သစ်ပါ ဂျင်ဂျင်းရေး)

ညလင်းအိမ် said...

မင်္ဂလာနှစ်သစ်ပါ ဂျင်းရေ ...
ကဗျာလေးကို ခုမှဖတ်ဖြစ်တယ် ...
တကယ်မအားလို့ပါ ...
ဆော်တီး ..

ခြင် said...

ညီမလေးရေ...ပျော်၇ွှင်အေးချမ်းပါစေ....

sosegado said...

ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ

ကိုရင်စည်သူ said...

မင်္ဂလာနှစ်သစ်ပါ.. မမအင်းကြင်းရေ.. ပျော်ရွှင်ချမ်းသာပါစေခင်ဗျာ.. အလည်လာသွားတာ သိလို့ ၀မ်းသာမိပါတယ်..။ စိတ်ရှုပ်နေတယ်ဗျာ.. အမပြောတာ ကွက်တိပဲ... လာကြည့်နေသလားတောင် အောက်မေ့တယ်... ပျော်ရွှင်ပါစေနော်...

ခင်တဲ့..
မောင်လေး ကိုရင်စည်သူ

ပုံမှန် said...

ရေတော့မလောင်းတော့ဘူးနော် ကဗျာလေးလာအားပေးသွားပါတယ်

လင်းတိုင်း said...

အစ်မအင်ကြင်းသန့်ရေ
ငြိမ်နေတယ်နော်၊ လှိုင်းထဖို့ အရှိန်ယူနေတယ်ထင်တယ်း)

ကိုရင် စည်သူ said...

မမအင်းကြင်းရေ..
စီဘောက်စ်မတွေ့လို့ ဒီမှာပဲ လာေ၇ာက်နှုတ်ဆက်သွားပါတယ်ခင်ဗျာ.. ပြန်လည် ပျော်ရွှင်စွာ ဆုံတွေ့ကြပါဦးစို့...

ခင်တဲ့
မောင်လေး ကိုရင်စည်သူ