ပန်းကလေးတွေ မွေ့ရာလိုခင်းထားတဲ့
လမ်းလေးကို တွေ့လာပြီဆိုတော့
ဘယ်ဝယ်ဘယ်ဆီကို ရောက်ရောက်
ဒို့နှစ်ယောက် လျှောက်လိုက်ကြရအောင်...။ ။
တိမ်စိုင်တွေ မှိုင်းကာညို
“၀သန္တ”ကိုရောက်ပြီဆို
မိုးစက်တွေပြိုကာကျလို့များ
စိုမှာကို စိုးပါနဲ့လားကွယ်...
ကိုယ့်ရင်ဝယ် ၀ှက်ကွယ်ကာထား
အချစ်များနဲ့ မိုးကာပေးမယ်...။ ။
နှင်းရည်နှင်းပေါက် ဖြိုးဖြိုးဖျောက်ဖျောက်ကျ
“ဟေမန္တ”ရောက်ရလည်း မှုပါနဲ့
ရိုးတွင်းချဉ်ဆီတွေ ဖိန့်ဖိန့်တုန်သရမ်းလောက်အောင်
တစိမ့်စိမ့်တုန် ချမ်းနေခဲ့ရင်လည်း
ကိုယ့်ရင်ခွင်ဆီသာ တိုးကာဝင်လာပါ
ချစ်မေတ္တာရဲ့ အနွေးဓါတ်
ချမ်းသမျှ အကုန်ရပ်စေရမယ်...။ ။
ပူရှိန်တွေပြင်းတဲ့
သူရိန်နေမင်းရဲ့ဒဏ်ကြောင့်
စိတ်ဘ၀င်ညှိုးရော်
“ဂိန်မန္တ”ကိုရောက်သော်လည်း
မပျော်သောစိတ်ဇော
ရင်အမောတွေပြေစေရမယ်
ကိုယ့်ရင်ခွင်အိုအေစစ်ဝယ်
ချွေးသိပ်ရစ်ကွယ်...။ ။
မိုးဆောင်းနွေတွေ ဘယ်လိုပြောင်းပြောင်း
မရိုးမဟောင်းလေအောင် တိုးကာသာချစ်ကြမယ်
စကြာဝဠာကြီးပျက်သုဉ်း
အသင်္ချာအသင်္ချေတွေ ဆုံးစေဦးတော့
ဘယ်အခါမှ ကိုယ်တို့မမုန်းဘူး
ကမ္ဘာသာ ပျက်ချင်ပျက်ကွယ်
ဒို့လက်ရယ် မြဲမြဲယှက်လို့
ခရီးဆက်ထွက်ကြမယ်...။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မှတ်ချက်။ ။ဘလောဂ့်ကို ပစ်ထားတာလည်း အတော်ကြာသွားပါပြီ...။ ပိုစ့်အသစ်မရေးဖြစ်လို့ ရေးပြီးသား အဆင်သင့်ရှိနေတဲ့ ကဗျာလေးတွေ တင်မလားလို့ စဉ်းစားတော့လည်း ရေးထားသမျှကလည်း ပျော်စရာ ကဗျာတစ်ခုမှ မပါပါဘူး။ အရင်ကဗျာလေး (၄)ပုဒ် တင်ထားဘူးတာကလည်း အလွမ်းအဆွေးချည်းဆိုတော့ကာ ပျော်စရာကဗျာ တစ်ပုဒ်လောက်တော့ ရေးဦးမှပါဆိုပြီး ပျော်ရွှင်အဆင်ပြေနေကြတဲ့ သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေရဲ့ကိုယ်စားခံစားပြီး ရေးဖွဲ့ကြည့်လိုက်မိတာပါ။)
27 comments:
ငါ့ညီမ...ကိုယ်စားရေးပေးလို့သာပဲ။ အဲလိုသာ မပြောထားလို့ကတော့ ဟွန်း... ကိုယ်တိုင်ခံစားရေးဖွဲ့ထားတယ်လို့ပဲ ထင်ပလိုက်မှာ။ :P
“ကိုယ့်ရင်ခွင်အိုအေစစ်ဝယ်၊ ချွေးသိပ်ရစ်ကွယ်” ... ချစ်စရာအဖွဲ့လေး။း)
Hi Ginger!
That's lovely poem and you did great job. We can imagine with your poem. Your are Heroine because you want to prevent every season to your belove person. (That's so cute composing) If we believe about the love, we can cross over from any difficult things with this love. Is it??? (hee hee :P) I like summer paragraph,that's so nice for me. :)
chit su.....
ကဗျာကပီပြင်တော့ ကိုယ်စားခံစားတာမှ ဟုတ်ရဲ့လား တွေးနေမိသေးတယ်။ အဖွဲ့အနွဲ့လေးက နုနုရွရွ လှလှပပ လေးတွေပါပဲ။
အင်ကြင်းရေ..ကဗျာလေးလာခံစားသွားတယ်..
အားပေးနေတယ်...ဆက်ရေးနော်
(တခုပဲ..စီဗုံးမရှိတော့ ဘယ်မှာအော်ရမှန်းမသိဘူး :D)
ခင်တဲ့
ယွန်း
ကဗျာလေးကိုဖတ်ပြီးကိုယ်စားလို့မထင်မိပါဘူးနော်..
လျှိုမထားနဲ့နော်....
သင်္ကြန်မှာပျော်ရွှင်ပါစေနော်။
နောက်ကျသွားမှာစိုးလို့။။
ကြိုပြီးရေလောင်းထားလိုက်မယ်။ ဗွမ်းးးးးးးးးးးး
ခင်တဲ့
သဒ္ဓါ
ညီမလေးက ကဗျာရေးလည်း တော်တာကိုး...း)
သုံးရာသီအလှ သဘာဝနဲ့ အချစ်ကို တင်စားပြီး ရေးဖွဲ့ထားတာလေ ဖတ်လို့ကောင်းတယ် ညီမလေးရယ်.. တော်တယ်နော်..
နောက်ဆုံးအပိုဒ်လေး ထဲကစာသားတွေ သဘောကျမိပါရဲ့... သစ္စာရှင်မလေးပေါ့..း)
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
အင်ကြင်းေ၇ ငါ ကတော့ နင်ေ၇းတဲ့စာတွေ ထဲမှာ အကြိုက်ဆုံး ကို ပြောပါ ဆို၇င် ကဗျာတွေ လို့ ပဲဖြေလိုက်မယ်
နင်ေ၇းတဲ့ကဗျာ တွေ အားလုံးကို ငါ အ၇မ်း ကို ကြိုက်တယ်...
ဝသန္တရောက်လာရင်
အချစ်များနဲ့ မိုးကာပေးမယ်...။ ။
ဟေမန္တကိုရောက်ရင်
ချစ်မေတ္တာရဲ့ အနွေးဓါတ်
ဂိန်မန္တရောက်ရင်လည်း
ချမ်းသမျှ အကုန်ရပ်စေရမယ်...။ ။ကိုယ့်ရင်ခွင်အိုအေစစ်ဝယ်
ချွေးသိပ်ရစ်ကွယ်...။ ။
မိုက်တယ်!
အင်ဂျင်နီယာမ ဘ၀တစ်ဖြစ်နဲ့ ကဗျာဆိုတာကိုလည်း လှလှလေနဲ့ ဆောက်တည်တတ်တာပဲနော်။း)
ခင်မင်လေးစားလျက်
အိုက်နောင့်
ရင်တွင်းခံစားချက်ကို ကိုယ်စားခံစားလိုက်တာမဟုတ်လား.။ မညာနဲ့နော်.။ စီဗုံးမရှိတော့ လာအော်ဖို့က ဂွကျနေတယ်။
အလွန်လှတဲ့ ကဗျာလေးပါပဲ၊ မိုးဆောင်းနွေ ရာသီများနှင့် ကမ္ဘာပျက်တဲ့ထိဆိုတော့ ပျော်စရာကဗျာ လေးဖြစ်မှာပါ၊ သီချင်းလေးကထပ်ကူဆိုတော့…………
တွဲလက်တွေ ခိုင်မြဲစေဗျာ။
ကောင်းတယ်။ ကဗျာရဲ့ ရည်ရွယ်ချက်လေး။
ဒီလို တွေပဲ ဖြစ်နေစေချင်တယ်
ဂျင်းခြစ်ရေ..
နုတယ်ကွာ..
ဂျင်းက ကဗျာ ပိုပိုင် သလိုပဲနော်။
ကဗျာလေးတွေ မျှော်နေမယ်နော်..။
ခြစ်တဲ့
အဟမ်းအဟမ်း
ရင်ထဲက ထွက်လာတဲ့ ခံစားချက်
အစစ်အမှန်တွေဘဲ ဖြစ်ရမယ်..
ချစ်နိုင်လိုက်တာနော် အားကျပါရဲ့..
ငါ့ညီမ ဒီလောက်တော်တာ ခုမှဘဲသိတော့တယ်
ချစ်စရာကဗျာလေးကို ချစ်ခင်စွာ ဖတ်ရှုရင်း
နှစ်သက်စွာ ခံစားသွားပါတယ်..
နှစ်သစ်မှာ ပျော်ပါစေညီမလေးရေ...
ကဗျာလေးကိုလာဖတ်သွားပါတယ်။
ပျော်ရွှင်ပါစေ။
အင်ကြင်းရေ.......
ထွက်ကြပါ.......ထွက်ကြပါကွယ်......။
ကြိုက်တဲ့ခရီးကိုသာ ထွက်ကြပါတော့.......း))
ကဲ..... ဟုတ်ပြီလား......??
ခင်မင်တဲ့
ဏီလင်းညို
ပျော်အောင်ရေးတယ် ဆိုပေမဲ့လည်း
ဖတ်ရင်း ငိုချင်သလိုလိုကြီး
(ကြည်နူးရင်လည်း ငိုချင်တတ်ကြတယ်)
ကောင်းလိုက်တဲ့ အဖွဲ့အနွဲ့လေးပါ ဂျင်းရ ...
အဲဒါကြောင့် ပြောတာပေါ့ ကဗျာတွေက ကောင်းပါတယ် .. ရေးပါလို့ဆိုတာ ...
ခရီးထွက်ရင်ကြိုပြောနော် ... ခရီးသွားကုမ္ပဏီမှာ အပ်ပေးမယ် .. အဟီး ..း)
ယုံဘူး ဂျင်ဂျင်းလေး အမဆီကို ခေါ်လာပြအုံး...ဒါပဲ...ကဗျာလေးက ဂျင်ဂျင်းလိုပဲ ချစ်စရာလေး...:)
ညီမ ရေ
ကဗျာလေး က တကယ်ကောင်းပါတယ်..
ကဗျာရေးသူလေးရဲ့ အချစ်ကတော့ စံတင်လောက်ပါပေတယ်နော်
တကယ်ကို တော်တဲ့ ကိုယ့်ညီမပါဘဲ အမောလေးတွေကို ပြည်သွားတာဘဲ.
မင်္ဂလာနှစ်ကူးနော် ညီမ
ချစ်တဲ့
မမရွှေစင်
ကဗျာလေးကောင်းပါတယ်ဗျာ ...။
ပူရှိန်တွေပြင်းတဲ့
သူရိန်နေမင်းရဲ့ဒဏ်ကြောင့်
စိတ်ဘ၀င်ညှိုးရော်
“ဂိန်မန္တ”ကိုရောက်သော်လည်း
မပျော်သောစိတ်ဇော
ရင်အမောတွေပြေစေရမယ်
ကိုယ့်ရင်ခွင်အိုအေစစ်ဝယ်
ချွေးသိပ်ရစ်ကွယ်...။ ။ အင်ကြင်းရေ......ကောင်းလိုက်တဲ့အတွေးအရေးပဲ။ ရင်ထဲကိုထိသွားတာပဲ....
ညီမရေ
နှစ်ဆန်းတရက်နေ့မှာ အမှတ်တရ လာနှုတ်ဆက်သွားတဲ့ အတွက် ကျေးဇူးနော်..
ညီမအတွက် မင်္ဂလာရှိသော နှစ်သစ်ကူး ဖြစ်ပါစေနော်..
ချစ်အမကြီး
မမရွှေစင်
ဆင်တဲကနေလမ်းကြုံတာနဲ့ လှဲ့ဝင်ခဲ့တယ်ဗျာ ကဗျာကြိုက်သူတစ်ယောက် အနေနဲ့ ကဗျာလေးကို အပြတ်ခံစားသွားတယ် ဒီထက်မက ကဗျာကောင်းတွေ အများကြီး တင်ပေးနိုင်ပါစေဗျာ ပျော်ရွှင်နိုင်ပါစေ ...............z@wko
ကြည်နူးစရာကောင်းလိုက်တဲ့ကဗျာလေး။
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပြီးလိုအင်ဆန္ဒအားလုံး
ပြည့်စုံပါစေညီမလေးရေ။
ဒီကဗျာကလေးကို-
သိပ့် ကြိုက်သွားပြီဗျာ-
လေးစားလျက်-
အင်ကြင်းရေးးးးးးး
ရေးတတ်လိုက်တာ ဟိဟိ
ဘယ်လို အိုအေစစ်လိုရင်ခွင်မျိုး ဟိဟိ
အင်ကြင်းနားဒီတစ်ခါတိုးကပ်ကြည့်အုံးမယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး
အစ်မရေ လာခဲ.ပါတယ် စာသားလေးတွေ အရေးအရမ်းကောင်းပါတယ် ကျွန်တော်ကတော. ရေးချင်ပေမယ်. မအားတာရယ် စိတ်ကူးမထွက်တာရယ် အရေးအသားအတွေ.အကြုံမရှိသေးတာရယ် လိုအပ်နေသေးတယ်အစ်မ...ပျော်ရွင်ပါစေအစ်မ...
Post a Comment