နေ့ရာသီ ညရာသီတွေတိုင်းမှာ
ငါ့စိတ်က မင်းအကြောင်းတွေကိုပဲ
ငွေ့ရည်ဖွဲ့မိနေခဲ့လေတော့
ငါ့ရင်ခွင်ကောင်းကင်တစ်ပြင်လုံး
အချစ်တိမ်စိုင်တိမ်လိပ်တွေနဲ့ ပြည့်နေတာတော့
မဆန်းဘူးထင်ပါရဲ့ကွယ်။ ။
ငါ့စိတ်က မင်းအကြောင်းတွေကိုပဲ
ငွေ့ရည်ဖွဲ့မိနေခဲ့လေတော့
ငါ့ရင်ခွင်ကောင်းကင်တစ်ပြင်လုံး
အချစ်တိမ်စိုင်တိမ်လိပ်တွေနဲ့ ပြည့်နေတာတော့
မဆန်းဘူးထင်ပါရဲ့ကွယ်။ ။
မင်းရဲ့ ကမ္ဘာမြေပေါ်မှာ
သည်းသည်းမည်းမည်း ရွာချချင်ခဲ့ပေမယ့်လည်း
ဥပေက္ခာလေအဝှေ့မှာ
ငါ့တိမ်ငွေ့တွေကို ပြန်ပြန်ရုတ်ခဲ့ရတယ်။ ။
သည်းသည်းမည်းမည်း ရွာချချင်ခဲ့ပေမယ့်လည်း
ဥပေက္ခာလေအဝှေ့မှာ
ငါ့တိမ်ငွေ့တွေကို ပြန်ပြန်ရုတ်ခဲ့ရတယ်။ ။
စိတ်ချပါကွယ်...
ငါ့ကြောင့်
မင်းရဲ့မျှော်လင့်ချက်ပျိုးပင်တွေ
မပျက်စီးစေရပါဘူး...
ငါ့ကြောင့်
မင်းရဲ့ အနာဂတ်လမ်းတွေလည်း
ရေမလွှမ်းစေရပါဘူး...။ ။
ငါ့ကြောင့်
မင်းရဲ့မျှော်လင့်ချက်ပျိုးပင်တွေ
မပျက်စီးစေရပါဘူး...
ငါ့ကြောင့်
မင်းရဲ့ အနာဂတ်လမ်းတွေလည်း
ရေမလွှမ်းစေရပါဘူး...။ ။
ဒီလိုနဲ့
ငါပြန်ရုတ်ခဲ့ရတဲ့ မိုးတိမ်တွေလည်း
အသွင်တွေပြောင်း အချိုးတွေပြောင်း
နေရာတွေပြောင်းပြီး
ရွာကျကြတော့မယ်ထင်ပါရဲ့...။ ။
ငါပြန်ရုတ်ခဲ့ရတဲ့ မိုးတိမ်တွေလည်း
အသွင်တွေပြောင်း အချိုးတွေပြောင်း
နေရာတွေပြောင်းပြီး
ရွာကျကြတော့မယ်ထင်ပါရဲ့...။ ။
နှလုံးသား မိုးလေ၀သဌာနကကြေငြာသံ
ကျယ်လောင်စွာ ငါကြားလိုက်မိတယ်
ငါ့မျက်ဝန်းဒေသတစ်ဝိုက်မှာ
နေ့စဉ် ရွာရန်
ရာနှုန်းက ကိုးဆယ်တဲ့လေ....။ ။
ကျယ်လောင်စွာ ငါကြားလိုက်မိတယ်
ငါ့မျက်ဝန်းဒေသတစ်ဝိုက်မှာ
နေ့စဉ် ရွာရန်
ရာနှုန်းက ကိုးဆယ်တဲ့လေ....။ ။
38 comments:
အင်ကြင်းရေ....
တော်သေးတာပေါ့...
ရွာရန် ရာနှုန်း ၉၉ မဟုတ်လို့...
သိပ်အခြေအနေ မဆိုးသေးပါဘူး....း))
(ကဗျာလေးကောင်းတယ်....၊ ခံစားမိတယ်...။)
ခင်မင်တဲ့
ဏီလင်းညို
ညီမလေးရေ... ပျောက်နေလို့ စိတ်ပူနေတာ။ အခုလည်း ကဗျာလေး ဖတ်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ နှလုံးသားထဲမှာ ရာသီဥတုကလည်း ပြင်းထန်နေပြီနော်။ ရာခိုင်နှုန်းပြည့်တော့ မဟုတ်သေးဘူးပေါ့။
ပျော်ရွှင်ပါစေ ညီမလေးရေ
ခင်မင်လေးစားလျှက်
နေ့စဉ် ရွာရန်
ရာနှုန်းက ကိုးဆယ်တဲ့လေ...။ ။
နေ့စဉ်တော့ မရွာပါနဲ့ ညီမရယ်
ပင်ပန်းပါတယ် ပျော်ပျော်နေနော်
ချစ်တဲ့
မမရွှေစင်
I like ur poems
အင်ကြင်းရေ...
ပင်လယ်ကြီးလည်းဖြစ်သွားအုံးမယ်နော်...။ အသွင်ပြောင်းပြီး ရွာဖို့အတွက်က သိပ်မလွယ်ကူဖူးလို့ထင်တယ်။ ကြိုတင်ကာကွယ်ထားရမှာပေါ့...။
ခင်တဲ့
သဒ္ဓါ
ညီမလေးရေ.. သားသားကိုလည်း လွမ်းတယ်၊ အလုပ်လည်း များနေလို့ပါ...။ ငါ့ညီမလေးဆီ နောက်တခါလာတာ လှေနဲ့လာရတယ် သိလား..။ မိုးကြီးပြီး ရေတွေပါ ကြီးနေလို့..။း)
ချစ်တဲ့မမ
ကဗျာလေး ခံစားသွားတယ် ညီမ အင်ကြင်း ဖွဲ့ထားတာလေး လှတယ်...:)
မင်းရဲ့ ကမ္ဘာမြေပေါ်မှာ......ငါ့တိမ်ငွေ့တွေကို ပြန်ပြန်ရုတ်ခဲ့ရတယ်။ ။
အေးချမ်းလှတဲ့ မိုးရေစက်လေးတွေကို မျှော်လင့်နေတဲ့ အဲ့ဒီမြေကမ္ဘာရှိတဲ့ သက်ရှိ သက်မဲ့တွေအားလုံး အတွက်တော့
သနားစရာပါ...။
အမက ကဗျာရေး သိပ်တော်တာပဲ။ ခံစားသွားပါတယ်
အားပေးနေပါတယ်...........။
ခင်တဲ့
wow! great poem that's so smooth than the rest of your poems. I feel like that you are still remembering somebody. Is it? I just gonna to know where you wanna to change for raining. But Honey! you don't rain everyday because I m so scare for flooding at here even if I work in ship building company. One more things, I don't know how to swim in the tear of ocean.
may you be happy......
Love With,
Chit Su.
အမ်...
မိုးလေဝသ သတင်းဌာနကြီးက ရော ဘယ်နှစ်ရာခိုင်နှုန်း ယုံကြည် ရ မလည်း..
ဘယ်နိုင်ငံကလည်း ။
ညွန်ကြားရေးမှူးက ဘယ်သူလည်း။
သူပြောတိုင်းလည်း မယုံ နဲ့ သိလား...
နာဂစ် ကို သတိရ လိုက် မိလို့ ...း(
အချစ်မိုးလေးတွေပဲ ရွာပါစေ ညလေး ရေ ..
ကဗျာလေးကကောင်းပါ၏ ။ရွာရန်ရာနှုန်း ၉၀ တဲ့လား အင်ကြင်းရေ....အဲဒီလောက်ကြီးတော့မလုပ်ပါနဲလား။ မျက်လုံးလေးတွေထိခိုက်လိမ့်မယ်ဗျ။ :)
ကဗျာလေးက ချစ်စရာ
သိချင်တာက တစ်ခုတည်းပါ
ဘယ်သူ့အတွက် ၉၀% ရွာဖို့ရှိတာလဲ
ဖြေပေးနိုင်မလား
အရမ်းကို စိတ်ဝင်စားလို့ပါ... :)
ပျောက်လှချည်လားဗျ။ အိုင်စီနဲ့ ရန်ကုန်အတူပြန်သွားပြီထင်နေတာ။။ လက်စသတ်တော့ မိုးလေ၀ဿမှာ သတင်းကြေငြာနေတာကိုး။ (နောက်တာ..ဟီးး)
ကဗျာလေးကို ဖတ်ရင်း မအင်ကြင်းရဲ့နှလုံးသားထဲအထိ တိုးလျှိုးပေါက်မြင်လိုက်ရပါတယ်။
ဒီနေ့ ကဗျာချည်းပဲ လာဖတ်သွားတယ်၊
နေ့ရာသီ ညရာသီ ကိုစဉ်စားနေတာ ??
အထင်မှားခြင်းက တအားကောင်းနေတော့…
ဒီမှာလဲ
အပိုင်း၂ မနက်ဖြန်တင်ဘို့ ကြိုးစား နေတယ်၊
အိမ်း... အိမ်း... ၀မ်းနည်းစရာတွေပဲတွေ့နေရပါလားကွယ်တို့...........
၉၀ တဲ့လားအင်ကြင်းရယ်
နေ့စဉ်တော့မရွာလိုက်ပါနဲ့ညီမရေ။
ဘ၀ဆိုတာရေစီးတစ်ခါရေသာတစ်လှည့်
်ပျော်လိုက်ငိုလိုက်စိတ်ညစ်လိုက်မို့ပျော်ပျော်
နေနိုင်အောင်ကြိုးစားပါနော်။
ခင်မင်တဲ့
အစ်မ..စိတ်၏ဖြေရာ
အင်ကြင်းရေ..မှန်တာပြောရရင် အမ ငယ်ငယ်ထဲက ကဗျာကို သိပ်ပြီးမခံစားတတ်ဘူး..ဒါပေမဲ့ အခု အင်ကြင်းရဲ့ ကဗျာလေးကိုတော့...နင့်နင့်နဲနဲ ခံစားရပါတယ်...Bravo !!!!!!!!!!!
ဂျင်းရေ..မွန်အတွက်ကတော့ ..
ရွာရန် ရာနှုန်...100 ဖြစ်နေပြီကွယ်..။
မိုးလေ၀သ က အမြဲမှားတတ်တာပဲ.. မရွာဘူး.. ၁၀၀ ရာခိုင်နှုန်းဆိုရင်တောင် နေပူနိုင်တယ်... :P
အမ မအင်ကြင်ရယ် နောက်တစ်ခေါက် လာရောက်အားပေးသွားပါတယ်...။
နေကောင်းကျမ္မာပါစေ။။
ခင်တဲ့
နှလုံးသား မိုးလေ၀သဌာနကကြေငြာသံ
ကျယ်လောင်စွာ ငါကြားလိုက်မိတယ်
ငါ့မျက်ဝန်းဒေသတစ်ဝိုက်မှာ
နေ့စဉ် ရွာရန်
ရာနှုန်းက ကိုးဆယ်တဲ့လေ...။ ။
အော်...
အဲလောက်တောင်မှပဲလားဗျာ ...။
လာလည်ရင်း တခါတည်း မိတ်ဆက်ခဲ့ပါတယ်။ အင်ကြင်းရေ ကျတော်တို့ SITE မှာ သူငယ်ချင်း တစ်ယောက်ကို ပွဲထုတ်ထားတယ် သူက ပုံမှန် တဲ့ အားပေးလှဲ့ ပါဦးဗျာ..TQ
ရင်ခွင်ကောင်းကင်တဲ့လားဗျာ
အချစ်တိမ်စိုင် တိမ်လိပ်တွေ
ဥပေက္ခာ လေ
နှလုံးသား မိုးလေ၀သဌာန
မျက်ဝန်း ဒေသ
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ရွေ့
ဦးနှောက် သတင်းဌာနမှ ထုတ်ပြန် ကြေငြာ လိုက်သည်မှာ......
ခင်လို့ စထားပါသည်
seeseinshin
မိုးရွာရင် မိုးရေချိုးမယ်လေ။
နှလုံးသားက ကြေငြာချက်ဆိုရင်တော့ မှန်နိင်ပါတယ်။
အချစ်မိုးဘယ်တော့ရွာမှာလဲ .... သီချင်းလေးတောင်ညည်းဖြစ်သွားပြီ
ကဗျာလေးကို ခံစားသွားပါတယ်ဗျာ
အလဲ ... :)
play list အသစ်လေးနဲ့ပါလားနော်။
နားထောင်လို့ကောင်းတယ် ဖြုတ်မပစ်နဲ့နော် အမ။
စိတ်ညစ်တိုင်းလာ နားထောင်မယ်
ထမင်းဆာတိုင်းလည်း လာနားထောင်မယ် :)
ခင်တဲ့
အင်ကြင်းရေ...
နေကောင်းတယ်နော်.. မတွေ့ရတာကြာလို့ လွမ်းမိပါတယ်။ လွမ်းလို့လာကြည့်ရင်းနဲ့ သီချင်းတွေ့လို့ နားထောင်သွားတယ်။ နောက်နေ့မှ အကုန်နားထောင်တော့မယ်။။ပိုစ့်အသစ်မဖတ်ရလည်း သီချင်းနားထောင်လို့ရလို့ ကျေးဇူးနော်..။
ခင်တဲ့
သဒ္ဓါ
ဂျစ်တူးအတွက်ကတော့ကဗျာရေးဖို့အရမ်းခက်တာဘဲ-
အင်ဋ္ဌကင်းရေးထားလိုက်တဲ့ကဗျာကလေးကတော့-
အစစအရာရာအဆင်ကိုပြေလို့ဗျာ-
ရေးတတ်လိုက်တာ-
အားကျတယ်ဗျာ-
ကဗျာကလေးကိုနှစ်ခါသုံးခါပြန်ပြန်ဖတ်ပြီးခံစားသွားပါတယ်
အချစ်မိုးတွေရွာချတာကိုဘဲကျေနပ်စွာအစိုခံသွားပါတယ်
လား လား လာ လာ လား လား.. ၀ိုး ၀ါး... ကျွဲလိုက်လို့ အသက်ကုန်ပြေးလာတယ် အမရေ။
အချစ်မိုးကြီး ဘယ်ဘက်သွားရွာမလဲလို့ လာချောင်းကြည့်တာလည်းပါတယ် :)
ခင်တဲ့
စိုင်းလင်းတိုင်း (ထာဝရစကား)
အင်ကြင်း..
နေကောင်းတယ်နော်.. ။ သတိရလို့ လာကြည့်တာ..
ခင်တဲ့
သဒ္ဓါ
အချစ်မိုးတွေ ရွာတော့လေ ပူလှပြီ
ဂျင်ဂျင်းရေ... အိပ်တေ၀ူး.....
ကောင်းလိုက်တဲ့ကဗျာ...
အင်ကြင်းလည်းနောက်ဆုံးတော့ ရင်ဘတ်ထဲက အနာတွေ ထုတ်ပြလာပြီပေါ့လေ.. ဟုတ်တယ်ဟုတ်...
ခံစားလိုက်ရတယ်
မြင်လိုက်ရတယ်..
ကိုယ်ချင်းစာပါ၏
ဝါးးးးးးးသိပ်ကောင်တဲ့ ကဗျာလေး။ အရမ်းကောင်းတယ်
အစ်မရေးထားတွေက ဆင်ခြင်သတိပြုဖွယ်၊ လိုက်နာဖွယ်ရာနည်းလမ်းကောင်းတွေပါဗျာ ...။
မောင်နှမ၊ ဆွေမျိုးသားချင်တွေအပေါ်ထားတဲ့ စေတနာစကားတွေကလည်း အဖိုးထိုက်တန်ပါတယ်။
အော် ...
ဒီမှာတော့ အေးဂျင့်မကောင်း အလုပ်ဂျောင်းရတာ မကြာခဏဆိုသလို ကိုယ်တွေ့ရော၊ သူများအတွေ့အကြုံတွေအရရော စုံမှစုံပါပဲ။
နောင်များမှ အလျဉ်းသင့် အဲဒီအကြောင်းတွေရေးပါဦးမယ်။
ကဗျာလေးတွေအရမ်းကောင်းတယ်ဗျာ.. အလွမ်းကဗျာတွေအရင်က သိပ်မဖတ်ဖူးဘူး.. ဘ၀မှာ လောကကြီးက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာတွေပဲ ဖတ်တာများတာ..
မအင်ကြင်းရဲ့ကဗျာတွေ အဖွဲ့တွေ အရမ်းနွဲ့ပြီး အရမ်းလှတယ်ဗျာ..
Post a Comment