Pages

Friday, February 12, 2010

“သွားဦးမှာ”


(ဒီပိုစ့်လေးကို ဖတ်မိတဲ့သူတွေကတော့ ကျွန်မကို တော်တော်လေးကို နှာခေါင်းရှုံ့ပြီး မျက်စိထဲမှာ ခရော့စ် ဖြစ်သွားကြမလားတော့ မသိပါဘူး။ ဒါပေမယ့်လည်း ကျွန်မက သိပ်ပြီးတော့ ဟန်မဆောင် မဖုံးကွယ်တတ်တဲ့သူ ဆိုတော့ရာ ကျွန်မရဲ့ ကဲတတ်တဲ့အပိုင်းလေးတွေကိုလည်း လူတွေသိစေချင်လို့ပါ။ လူတစ်ကိုယ်စီမှာ ကိုယ်ရှင်သန်ရာဘ၀မှာ ကိုယ်ယုံကြည်တဲ့ ရူးသွပ်တဲ့အရာ တစ်ခုခုစီတော့ရှိကြမှာပဲလေ။ ဒီပိုစ့်လေးကို ဒီနေ့တင်ရတာ သိပ်တော့စိတ်မလုံပါဘူး။ သူများတွေက ပြည်ထောင်စုနေ့အကြောင်း ဗိုလ်ချုပ်မွေးနေ့အကြောင်းတွေ တင်နေချိန်မှာ ကျွန်မက ဒီလိုပိုစ့်ကိုတင်ရတာဆိုတော့။ ကျွန်မကပြည်ထောင်စုနေ့ကိုမမေ့သလို ကျွန်မရဲ့ဘ၀မှာ အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့ကိုလည်း ကျွန်မရဲ့ခန္ဓာအသက်ရှင်နေသရွေ့ ကျွန်မရင်ထဲမှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ပြည်ထောင်စုနေ့ အကြောင်းတို့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတို့ကို ရေးချင်ပေမယ့်လည်း ကျွန်မလိုလူတစ်ယောက်အနေနဲ့ ဒီလိုစာကြီးပေကြီးတွေကိုရေးမယ်ဆိုရင် တယ်ပြီးမတင့်တယ်လှဘူးထင်လို့ပါ။ ကျွန်မချစ်ခင်ရတဲ့ အစ်ကို အစ်မတစ်ချို့ကလည်း ထိုအကြောင်းအရာလေးတွေကို တော်တော်လေးကောင်းမွန်အောင် ရေးဖွဲ့ထားကြတာတွေ တွေ့ရတော့ ပိုလို့တောင် မရေးရဲတော့ပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့တန်ရာတန်ရာ ဖေဖော်ဝါရီ ၁၄ရက်နေ့ နဲ့သက်ဆိုင်တဲ့အကြောင်းလေးပဲရေးလိုက်ပါတော့တယ်လေ :)))

ကဲကဲ... ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ချစ်သူများနေ့ဆိုတာ အားလုံးသိကြမယ်တော့ ထင်ပါတယ်နော်။ သိကြတဲ့အတိုင်းလည်း ကျွန်မချစ်ခင်ရတဲ့ ကျွန်မရဲ့ကိုကို၊ မမ၊ မောင်မောင်၊ ညီမလေးများလည်း ကိုယ်စီကိုယ်စီ စုံတွဲတွေနဲ့ ပျော်ကြရွှင်ကြမှာပေါ့နော်။ ဒါဆို ကျွန်မကရော...မကဲဘူးလားလို့မေးစရာရှိပါတယ်။ ဘယ်နေလိမ့်မလဲ ကဲရမှာပေါ့။ ကဲရမှာပေါ့ ဆိုလို့...သို့လော သို့လောတွေ မတွေးကြပါနဲ့ဦး။ ကျွန်မကဲမှာက တခြားပါ။ ဒီလိုလေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ကျွန်မသိပ်ချစ်ရတဲ့ ကျွန်မရဲ့ အစ်ကိုကြီးတွေ ဒီနိုင်ငံကို ရောက်လာကြပါပြီ။ ကျွန်မ ဟိုးငယ်ငယ် ၅တန်း၊ ၆တန်း ကျောင်းသူ ဘ၀ကနေ စပြီး ယနေ့ထက်တိုင် စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ရတဲ့ ကျွန်မရဲ့အစ်ကိုကြီးတွေလေ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာ တစ်ခုက ကျွန်မကသာ အဲဒီလိုရူးသွပ်ခဲ့ရပေမယ့် သူတို့ကတော့ ကျွန်မဆိုတဲ့ သူတစ်ယောက် ဒီလောကကြီးမှာရှိပါလားဆိုတာ သိတောင်မသိကြပါဘူး။ ကဲသူတို့ဘယ်သူတွေလဲဆိုတာ သိသွားချင်ကြပြီလား။ သူတို့ကဘယ်သူတွေလဲဆိုတော့ တိုင်းသိ ပြည်သိ အားလုံးသိကြတဲ့ ကိုကြီးလေးဖြူ၊ ကိုကြီးငဲ၊ ကိုမျိုးကြီး၊ ကိုဝိုင်ဝိုင်း နဲ့ ကိုအာဇာနည်တို့ပဲပေါ့ :))))) ။ ကျွန်မ ကဲမယ်ဆိုတာ ကျွန်မရဲ့ အစ်ကိုကြီးတွေကို ဒီ Feb 14 ရက်နေ့မှာ ကျင်းပမယ့် IC Show ပွဲမှာ အပြတ်သွားရောက် အားပေးမှာကို ပြောတာပါ။

ကျွန်မ ဒီနိုင်ငံကို စရောက်တဲ့အချိန်ကတည်းကစပြီး အခုအချိန်အထိ ၂နှစ်နီးပါးအတောအတွင်းမှာ IC Show ပွဲလုပ်တာ ဒါနဲ့ဆို ၃ကြိမ်ရှိသွားပါပြီ။ ပြီးခဲ့တဲ့ 09/08/09 ပွဲမှာ ကတည်းက ဒီ Feb 14 မှာ သူတို့ပြန်လာမယ်ဆိုတာ တစ်ခါတည်း ပြောသွားတာပါ။ ဒါပေမယ့် လက်မှတ်တွေဝယ်လို့ရပြီလဲဆိုရော ကျွန်မငိုင်သွားပါတယ်။ လက်မှတ်ဈေးက တက်သွားလိုက်တာ $70 တဲ့။ ကျွန်မ ချီတုံချတုံဖြစ်သွားပါတယ်။ $70 ဆိုတာ MRT ကဒ်ထဲကို ထည့်ထားလိုက်ရင် တစ်လကတော့ အေးအေးဆေးဆေးစီးလို့ရတယ်လေ။ ပြီးခဲ့တဲ့ပွဲနဲ့ကလည်း လကသိပ်မကွာသေးဘူးဆိုတော့ ငါမကြည့်တော့ရင် ကောင်းမလားပေါ့။ အဲဒီအချိန်မှာ ကျွန်မကို သူငယ်ချင်းတွေကလဲ လက်မှတ်ဖြတ်ဖို့အတွက် မေးနေပြီ။ ကျွန်မကလည်း အဖြေတော်တော်နဲ့ မပေးသေးပဲ အိုက်တင်ခံနေလိုက်ပါတယ် ငါစဉ်းစားဦးမယ်ပေါ့။ အဲဒီတော့ကာကျွန်မ စဉ်းစားခန်းဝင်ရပါပြီ။ စဉ်စားစမ်း စဉ်းစားစမ်း...သူငယ်ချင်းတွေအကုန်လုံးက ဒီပွဲကိုသွားပြီး ငါတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရမှာလား။ အတော်တော့ ၀မ်းနည်းစရာပဲ။ နေပါဦးလေ...သူတို့တွေအကြောင်း စဉ်းစားလိုက်ဦးမယ်။

ပထမဆုံးက လေးဖြူ...။ ဟုတ်ပြီ...လေးဖြူဆိုတာက ကျွန်မ လေးတန်း၊ ငါးတန်းကျောင်းသူ ဘ၀မှာစတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုတော်။ ကျွန်မက အဲဒီတုန်းက ငယ်သေးတော့ အခွေတွေဘာတွေ ကိုယ်တိုင် မ၀ယ်တတ်သေးတော့ကာ အစ်ကို အစ်မတွေ ၀ယ်တာဖွင့်တာတွေကိုပဲ နားထောင်ရတာလေ။ အဲဒီကတည်းက သူ့ရဲ့သီချင်းတွေကို နားထဲမှာစွဲနေခဲ့တာ တဖြည်းဖြည်းနဲ့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်ရောက်တော့ တိတ်ခွေတွေကို ကိုယ်တိုင်ဝယ်တတ်လာသလို လေးဖြူဆိုတာကိုလည်း အရူးသွပ်ဆုံးဖြစ်သွားတတ်ခဲ့ပြီ။ အဲဒီတုန်းက ၀ယ်ထားတဲ့ သီချင်းစာအုပ်တွေများ ခုထိရှိသေးတယ်။ မသွားတော့ပါဘူးဆိုမှ သူ့သီချင်းတွေကနားထဲမှာ ကြားယောင်လာတယ်။ ကန္တာရလမင်းပင်လယ်အော်သံတို့က အစပြုလို့ ဒီကြားထဲမှာ ပါဝါ၊ ဂီတမဉ္ဖူရီ၊ ကမ္ဘာသစ်တေး၊ ကျိန်စာ၊ မံမီများ၊ သားကောင်၊ အိမ်မက်ကဗျာ၊ လိပ်ပြာ စသည်တို့အပါအ၀င် နောက်ဆုံးမှာဆိုရင် ခဏလေးများ နဲ့ ဘင်္ဂလားပင်လယ်အော် စသည် စသည်ဖြင့် လေးဖြူ၏ ထွက်ပြီးသမျှခွေတွေထဲမှ ကျွန်မနှစ်သစ်တဲ့ သီချင်းတွေက ခေါင်းထဲကို တန်းစီပြီး ရောက်လာသည်။ နောက်ဆုံးဘင်္ဂလားပင်လယ်အော်ခွေထွက်တော့ သူ့သီချင်းတွေက နဲနဲပျော့သွားပြီဆိုပေမယ့် အဲဒီခွေကိုစနားထောင်တဲ့ ညတုန်းကများ တစ်ညလုံး Repeat ရိုက်ပြီးနားထောင်နေတာ အိပ်လို့တောင်မပျော်ခဲ့ဘူး။ ဒီစာမျက်နှာကိုလှန်မိတိုင်း နာကျင်စွာခံစားရပေမယ့် ယနေ့ထက်တိုင် ခဏတိုင်းဆိုသလို ပြန်ပြန်လှန်မိနေတာက စာမျက်နှာ တစ်ဆယ့်ငါး။ “အဓိပ္ပာယ်မရှိတာ သိပေမယ့် တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်.....ဘယ်ဆီကို မင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်.... ” ဒီပွဲမှာလည်း သူဆိုချင်ဆိုမှာ...ငါကျန်ခဲ့လို့ ဖြစ်ပါ့မလား...။

ဟုတ်ပြီ...နောက်တစ်ယောက်က အငဲ။ မှတ်မိပါသေးတယ် ကျွန်မ ခြောက်တန်းကျောင်းသူဘ၀မှာ ကျွန်မရဲ့အစ်ကိုက အငဲရဲ့ ၀ိညာဉ်များနဲ့ကခုန်ခြင်းခွေနဲ့ သီချင်းစာအုပ်ဝယ်လာတာ။ သီချင်းခွေနဲ့စာအုပ်ရဲ့ကာဗာကတော့ ကျောချမ်းချင်စရာပါ။ ဒါပေမယ့် တစ်ခါပဲနားထောင်ရုံနဲ့ ကျွန်မရဲ့ရင်ထဲမှာသီချင်းတွေ အကုန်လုံးကို စွဲသွားခဲ့ပါတယ်။ အဲဒီခွေလေးကို ကျွန်မနဲ့ ကျွန်မအစ်ကိုနဲ့က တစ်ယောက် တစ်လဲစီ မရပ်မနားဖွင့်လိုက်၊ မေမေက နားတွေငြီးလို့ ကျွန်မတို့ကို ဆူလိုက်နဲ့လေ။ အဲဒီကတည်းကစ၍ ကျွန်မကလည်း အငဲခရေဇီဖြစ်လိုက်တာ ဆာဟာရ၊ သီချင်းများရဲ့ဒဏ္ဍာရီ ၊ နောက် စိတ်ရွက်လှေ၊ Unplugged၊ ဆဌမအာရုံ၊ ခုနစ်ထွေအက၊ ဇာစ်မြစ်နဲ့ နောက်ဆုံး သည်းသည်းလှုပ်ကြိုက်ခဲ့ရတဲ့ ကိုး။ ကိုး အခွေထွက်တုန်းကဆိုရင် မရပ်မနားကို နားထောင်တာ။ အိမ်မှာလည်း ကိုး၊ ရုံးမှာလည်း ကိုး။ အဲဒီတုန်းက facebook မှာ အငဲ fan ၀င်ထားတာဆိုတော့ အရမ်းကြိုက်တဲ့အကြောင်းတစ်ခုခုပီပီပြင်ပြင် ကျွန်မကွန်မန့်ဝင်ပေးမလို့ စဉ်းစားနေတုန်း လူတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကိုတွေ့ပြီး ဖျားသွားတယ်။ သူက သူတို့သူငယ်ချင်းတွေအကုန်လုံး အငဲကို ဘယ်လောက်အထိကြိုက်သလဲဆိုရင် အငဲလေလည်တဲ့အသံကိုတောင်ကြိုက်တယ်တဲ့...။ ဟင်းဟင်း...ကျွန်မဘာဆက်ရေးရမှန်းမသိဘဲ အသာလေးပြန်ထွက်လာခဲ့ရတယ်။ အင်း...ဒီပွဲမှာ ကိုးထဲက သီချင်းတွေဆိုမှာသေချာတယ်လေ... “နောက်ဆုံးအခန်း နောက်ဆုံးအနမ်း နောက်ဆုံးလမ်းခွဲချိန်လေး ခဏ........နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့် ဒါနောက်ဆုံး ငါ့ဘ၀” ခက်ပြီ ... နေခဲ့လို့ မဖြစ်ဘူး ထင်တယ်။

အိုကေ...နောက်တစ်ယောက်က မျိုးကြီး။ မျိုးကြီးက ကျွန်မတို့ ခုနစ်တန်းနှစ်မှာ စပေါ်တာ။ တီဗွီမှာ မျိုးကြီးရဲ့ ကျောက်စာများခွေ ကြော်ငြာလာရင် ကျွန်မတို့မှာ အပြေးကြည့်ရတာ အမော။ အခွေကိုနားထောင်မိတော့လည်း တော်တော်အော်နိုင်တဲ့အဆိုတော်တစ်ယောက်ဆိုပြီင်္းတော့ သဘောကျသွားပါတယ်။အဲဒီကစလို့ လေပြေ ခွေလည်းထွက်ရော ကျွန်မဟာ မျိုးကြီးရဲ့ အခိုင်အမာ ပရိတ်သတ်တစ်ယောက် လုံးဝဖြစ်သွားပါပြီ။ အဲဒီနောက်သူ့အခွေတွေက အပြန်လမ်း၊ ဆန့်ကျင်ဘက်၊ နိစ္စဓူဝ နဲ့ အခမ်းနားဆုံး စတာတွေ ထွက်လာတော့လည်း အကုန်လုံးကိုကြိုက်တာပါပဲ။ “မကျေနပ်တာ ကြုံတဲ့အခါ ပြန်ပြောရင် ရိုင်းတယ်ပြောမယ်......ဖြည်း...ဖြည်း...ဖြည်းဖြည်းပြော...နားနားပြီးပြော မောမယ်...” ဟာ...အဲဒီ အသံကို ကြားရပြီဆိုရင်ကို ဘယ်လိုမှ မနေနိုင်တာ။ သွားမှပါလေ...။

နောက်ထပ်နှစ်ယောက်က ၀ိုင်ဝိုင်းနဲ့ အာဇာနည် သူတို့ဆိုတာကလည်း ကျွန်မတို့တွေ ဂျီတီစီ တက်ခဲ့တဲ့ ကာလတစ်လျှောက်လုံး ကျွန်မတို့ရဲ့ အချိန်တွေ ကျွန်မတို့ရဲ့ စကားဝိုင်းတွေ တော်တော်များများမှာ နေရာယူခဲ့တဲ့သူတွေ။ “မဆုံတဲ့ ဖူးစာမေ့ပစ်လိုက်ပါနော်.....” “ကြေကွဲရင်းနဲ့ ငိုရှိုက်ခဲ့ ညတွေ ဘယ်သူသိနိုင်မလဲ....အိပ်မပျော်တဲ့ ညတိုင်းအတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ” သွားပြီးခံစားဦးမှပါ။ “ကိုယ် ဟိုးအဝေးမှာနေတဲ့ အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်...” သေချာပါတယ် ဆုံးဖြတ်လိုက်ပြီ သူငယ်ချင်းကို တစ်ခါတည်းဖုံးဆက်ပြီး လက်မှတ်ထည့်ဝယ်ဖို့ပြောလိုက်ပါတော့တယ်။

ပွဲကြည့်နေတဲ့အချိန်လား...ဘယ်လောက် အရေးကြီးတဲ့ အကြောင်းအရာပဲ ဖြစ်နေနေ လာမခေါ်ပါနဲ့တော့။ သိကြားမင်းဆင်းခေါ်ရင်တောင် မလိုက်တော့ဘူး။ ဆိုတဲ့အဆိုတော်တွေကသာ တစ်ယောက်တစ်လဲပြောင်းပြီးဆိုသွားတာ အင်ကြင်းသန့်တို့က ပွဲအစကနေအဆုံး တစ်ပုဒ်မှမလွတ်ရအောင် လိုက်ဆိုရတာ။ ပွဲလည်းပြီးရော အသားကုန် တက်ကြွအော်ဟစ်ပျော်ရွှင်စွာ အားပေးထားတဲ့ ဒဏ်ကြောင့် လူက အသံတောင် မထွက်ချင်တော့တဲ့အပြင် ခြေတွေလက်တွေကလည်း နောက်တစ်ရက်နှစ်ရက်လောက်အထိကို နာကျင်ကိုက်ခဲနေတော့တာပါပဲ။ အင်ကြင်းသန့်တို့ ကဲချက်ကတော့နော် မပြောချင်တော့ပါဘူး။ အင်း...ဒီလိုနဲ့ပဲ ဒီပွဲပြီးလို့ နောက်ထပ်တစ်ခါလာဦးမယ်ဆိုရင်ရောလို့မေးခဲ့ရင်...မထူးပါဘူး ဒီတစ်ခါတော့ အိုက်တင်ခံပြီး စဉ်းစားမနေတော့ဘူး။ အလကား ဆံပင်ဖြူတယ်။ “သွားဦးမှာ” လို့ ချက်ချင်းပဲ ဖြေလိုက်မယ်။

ကဲ...ဒါလေးကတော့ ကျွန်မအနေနဲ့ ဒီဖေဖော်ဝါရီ ၁၄ ရက်နေ့လေးမှာ လုပ်ဖြစ်မယ့် ကျွန်မရဲ့ ဘ၀မှာ သိပ်ကို ခရေဇီဖြစ်တဲ့ အကြောင်းအရာတွေထဲက တစ်ခုကိုပြောပြလိုက်တာပေါ့နော်။ ကျွန်မရဲ့ မောင်နှမတွေထဲမှာလည်း ကျွန်မအတိုင်း အဲဒီလိုမျိုး ရူးသွပ်တဲ့သူများ ဘယ်နှစ်ယောက်လောက် ရှိမလဲလို့ သိချင်စမ်းလှပါဘိ။

ဓာတ်ပုံလေးက facebook IC fan ကနေယူသုံးထားတာပါ။

35 comments:

Anonymous said...

မမရယ်။ S၇စဆိုတော့ သိပ်ဈေးကြီးတယ်ထင်တယ်။ ဆန္ဒရဲ့တောင်းဆိုမှုကိုတော့ မတားလိုပါ၊ ဒါပေမယ့် အဲ့ဒါတွေဟာ imagineသက်သက်ပါ တကယ့်လက်တွေ့ဘ၀မှာ တစ်ကယ့်အရာရောက်တဲ့ ပစ္စည်းတစ်ခုခုကို ၀ယ်ပြီးဆင်မြန်းလိုက်စမ်းပါ ဘယ်လောက်တင့်တယ်မလဲစဉ်းစားသာကြည့်တော့လေ။ ၀တ်စုံလှလှလေးနဲ့ မအင်ကြင်းကို သူငယ်ချင်းတွေက မြင်ချင်တွေ့ချင်ကြမှာပါ။

ခင်တဲ့
စိုင်းလင်းတိုင်း

nguwahwin said...

ဟွန်း.. မနာလိုဘူး.. :(

~ဏီလင်းညို~ said...

အင်ကြင်းရေ...
ကိုဏီးကတော့ ရှိုးမှာဆိုတာတွေကို အိမ်မှာနားထောင်ရတာလောက် မကြိုက်တတ်ဘူးဗျ...။ နောက်ပြီး
ကိုဏီးကတော့ ကိုကြီးငဲကို အကြိုက်ဆုံး....။
မကြိုက်ဆုံးကတော့ Rဇာနည်...။
ဘယ်တော့မှ သူ့ရဲ့သီချင်းနားမထောင်ဘူး...
သူများသီချင်းတွေပြန်ဆိုပြီး...လုပ်စားလွန်းလို့...။
သီချင်းဆိုတဲ့နေရာမှာ စည်းကမ်းမရှိဘူးလို့ မြင်မိနေတတ်တာ...။
ပရိုဂျူဆာက ငွေပေးပြီးသူနဲ့လိုက်မယ့် သီချင်းတွေဆိုခိုင်းတိုင်း ဆိုနေတဲ့သူလို့မြင်တာပဲ...။
ဝင်ကစွပ်ကောင်လို့တောင်မြင်မိတာ...။
(ဒေါသသံတောင်ပါသွားပြီလားမသိဘူးနော်....ဟီးးးး)
ခင်မင်တဲ့
ဏီလင်းညို

ချော (အစိမ်းရောင်လွင်ပြင်) said...

ညည်းက သူများတွေမနာလိုအောင် ချစ်သူများနေ့အကြောင်းရေးနေပြန်ပြီ..
ရေးတော့လဲ အစောတုန်းကတော့ ဈေးကြီးတယ်လေးဘာလေးနဲ့
နောက်ဆုံးတော့ မနေနိုင်ဘဲ ရောက်သွားတာဘဲ..
ကိုယ်စိတ်ထဲမှာ လုပ်ချင်ရာကို လုပ်ခွင့်ရလိုက်ရင်လဲ ပိုက်ဆံဆိုတာ
ကုန်သွားတယ်လို့ဘယ်မြင်တော့မလဲနော်..
ဒါပေမဲ့ ပျော်သာပျော်ပြီး
ချောကလက် လက်ဆောင်လေးမှမရ.. ပန်းလေးတစ်ပွင့်တောင် ပေးမဲ့သူမရှိတဲ့ ငါ့ညီမကို သနားလိုက်တာ.. ခိခိ :)

ညရဲ့ကောင်းကင် said...

သွားချင်တယ် အိမ်နဲ့ နီးနီးလေပဲ ရှိုးလုပ်မှာက ...

ပိုက်ပိုက်မရှိလို့ အိမ်မှာပဲ နေတော့မယ် ... အဟီး...

အတူတူပဲဗျို့ ... သူတို့ကိုကြိုက်တာ.. ဟိုတနေ့ကတောင် ချစ်စမ်းမောင်နဲ့ ခရမ်းတို့ကို တွေ့လိုက်ရသေးတယ်... သူတို့ တီးချက်တွေကိုလည်း ကြိုက်တယ်.. ပြောပြရင် IC အဖွဲ့ဆိုတာနဲ့ စိတ်ထဲမှာ မရိုးမရွကို ဖြစ်လာတာပဲ ...

မြစ်ကျိုးအင်း said...

ဟုတ်တယ်
မနာလိုဘူး ...။

THE STARRY NIGHT said...

သူတို့ကိုကြိုက်ပါတယ်ဗျာ ဒါပေမဲ့ သူတို့ရဲ့အောင်မြင်မှုမှာ တေးရေးဆရာတွေရဲ့ အခန်းကဏ္ဍ နဲ့ IC Player တွေရဲ့ အခန်းကဏ္ဍတွေကလည်း အဓိကပါဝင်တယ်ထင်ပါ အမရဲ့ပို့ထဲရေးသားထားတဲ့ စာကြောင်းတွေကလည်း ဒီတေးရေးဆရာတွေ ရေးသားခဲ့ကြတာတွေဆိုတော့ သူတို့အကြောင်းတွေလည်း ထည့်ရေးပေးရင် တစ်စုံတစ်ရာ ပိုပြည့်စုံလိမ့်မယ်လို့ ထင်မြင်မိပါတယ်
လေးစားလျက်....

ဇောင်း said...

IC အဖွဲ့ပုံလေးကို ကူးယူသွားပါတယ် မဂျင်းဂျင်း :P

ﺽŽãửʼnĢ

THE STARRY NIGHT said...

ဖတ်သွားပါတယ် ခင်ဗျား

နန်း said...

အင်ကြင်းရေ
လာကြည့်မယ်

busymozzee said...
This comment has been removed by the author.
သဒ္ဓါလှိုင်း said...

ချစ်သူများနေ့မှာ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေရဲ့သီချင်းနားထောင်ရမှာမို့ ချော့ကလက်နဲ့တောင် မလဲနိုင်ဘူးနဲ့တူတယ်နော်..
ခင်တဲ့
သဒ္ဓါ

မောင်မိုး said...

ဝေးးးးးဝိုးးးးးအူးးးးးးးးးးးးး
ရှိုးပွဲမကြည့်ရတာကြာပြီ။ ဒီကိုထွက်လာကတည်းကပဲ။ ရှိုးပွဲသွားတာက သီချင်းနားထောင်ချင်တာထက် ပျော်ချင်တာ..စိတ်ကို လွှတ်ပေးလိုက်ချင်တာ..Stress လျှော့ချင်တာ။ သီချင်းက ရှိုးပွဲမှာ နားထောင်ရတာ ဖီးလ်မလာဘူး။ ဒါပေမဲ့ ခုနကပြောသလိုပေါ့။ ရှိုးပွဲဆို အမြဲရောက်တယ်။

Anonymous said...

အင်ကြင်းရေ..

မနှစ်က ငါတို့အတူကြည့်ခဲ့တဲ့ IC Show နဲ့အတူ ငါ့ကိုရော..သတိရရဲ့လား.......





ချစ်တဲ့
ငုဝါ

အင်ကြင်းသန့် said...
This comment has been removed by the author.
စံလင်းထွန်း said...

ဂီတဝါသနာပါတဲ့သူ ဂီတအကြောင်းလာဖတ်သွားပါတယ်။

ရေးထားတာလေးတွေ ကောင်းပါတယ်။

စိတ်ဝင်စားဖွယ်ရာပါပဲခင်ဗျာ ..။

အင်ကြင်းသန့် said...

မောင်နှမတွေအားလုံးရဲ့ ကွန်မန့်လေးတွေကို အရမ်းနောက်ကျမှ publish လုပ်ရတဲ့အတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ အခြေအနေကတော့ sidebar မှာတင်ထားတဲ့အတိုင်းပါပဲ။ ဒီနေ့တော့ မေးလ်စစ်ချင်လွန်းလို့ မနေနိုင်တော့ဘဲ McDonald's ဆိုင်မှာ လာဖွင့်ပြီးစစ်လိုက်ရတာပါ။ ညစ်တယ် တကယ် :(((

မောင်နှမတွေ အားလုံးကို အရမ်းကျေးဇူးတင်လျက်
အင်ကြင်း

အင်ကြင်းသန့် said...
This comment has been removed by the author.
SHWE ZIN U said...

ဒီပွဲမှာလည်း သူဆိုချင်ဆိုမှာ...ငါကျန်ခဲ့လို့ ဖြစ်ပါ့မလား...။

သနားတယ် ညီမ အင်ကြင်း ရေ..

ချစ်တဲ့
မမရွှေစင်

စိတ်၏ဖြေရာ said...

ကိုယ်နှစ်သက်တဲ့အဆိုတော်တွေကိုကိုယ်တိုင်
သွားအားပေးခွင့်ရတာကံကောင်းတာပေါ့ညီမရယ်။

မငုံ said...

ကိုမျိုးကြီးနဲ့ ကိုဝိုင်ဝိုင်းပါ။ :)) အင်းကြင် ရှိုးပွဲမှာ သီချင်းတွေလိုက်ဆိုရလို့ အသံနာနေပြီလားဝေ့

ဒဏ္ဍာရီ said...

သွားကြည့်ပြီး ပြန်ကို မလာတော့ဘူး။ ကြည့်ရတာ IC နဲ့များ ပါသွားလား မသိဘူးနော်။း))
အသံကလည်း မထွက်တော့ဘူးတဲ့ .. ငါ့ညီမလေး ဘယ်လောက်တောင် သောင်းကျန်းခဲ့လဲ မသိ...း)

ခင်မင်လေးစားလျှက်

ချိုကျ said...

ကျွန်တော်လည်းသွားကြည့်ဖို့ကြိုစားပါသေးတယ်။ ဒါပေမယ့်ပေါ့ဗျာ....

မြတ်မွန် said...

ဂျင်းရေ..နာလိုဘူးနော်..
အရမ်းကြိုက်တဲ့အဖွဲ့ပါ...
သွားကြည့်တာ ကောင်းလား ဂျင်းရေ..ပျော်ရွှင်ပါစေ..။
ချစ်တဲ့..

busymozzee said...
This comment has been removed by the author.
SHWE ZIN U said...

ညီမ ရေ

ဘယ်ပျောက်နေတာလည်း ဘာတွေဖြစ်နေတာလည်း ဆီပုံးလည်း မရှိတော့ ဆက်သွယ်ရခက်နေပြီ

ချောကလက် နဲ့ မုံလေး ကကောင်းတယ် ကျေးဇူး
mail ပို့လိုက်မယ်

ကိုလူထွေး said...

စတိတ်ရှိုးပွဲအကြောင်းရေးပါအုံး...

းဝ)

ဒဏ္ဍာရီ said...

အမ်........ ဘယ်မလဲ? ပိုစ့်အသစ်တင်တယ်ဆိုလို့ ပြေးလာတာလေ..။ တွေ့ဘူးနော်.... လာညာတယ်နော်. ဟွန့် ကောင်မလေး.... တုတ်ကောက်ခဲ့.။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ said...

အဲ.......မှားလို့ ညီမလေးရေ... ဆောတီးနော်.. အာဘွားး)

မမပိုစ့်အသစ်လေး တင်ပြီးပြီ သားလေးကို လွမ်းလို့...

ခင်မင်လေးစားလျှက်

ချစ်ကြည်အေး said...

တကယ်ဆို အမျိုးသားက အမ IC ကြိုက်မှန်းသိလို့ လက်မှတ်၂ စောင် ဝယ်ပြီးသား...ဒါပေမဲ့ အမတို့ အရွယ်က စကားပြောလာပြီလေ...စင်ကာပူရောက်မှ IC Show လွတ်တာ ၂ခါရှိပြီ ....မနှစ်ကလည်း သီလရှင် ဝတ်ဖြစ်လို့ မကြည့်ဖြစ်ခဲ့ဘူး...ဒီနှစ်လည်း တရားစခန်း ဝင်ဖြစ်တာနဲ့.....၊ ...အမလည်း ညီမလိုပါပဲ ကြည့်ရင် အဲဒီနေ့ အတွက် အမရဲ့စိတ်ကို သူတို့အတွက် ပေးပြီးကို အပီခံစားတတ်တာမျိုး.... ညီမ အင်ကြင်းရဲ့ ပျော်ရွှင် ရူးသွပ်မှုကို ထပ်တူ ခံစားနိုင်ပါရဲ့

SOSEGADO said...

ဒီစာမျက်နှာ၁၀၅ သီချင်းက ရုပ်ရှင် VDO ဖြစ်တော့မှာ တစ်ဝကြီးနားထောင်ပြီးကြည့်ပေါ့၊

busymozzee said...
This comment has been removed by the author.
LENGTAI said...

အမ နေကောင်းကျမ္မာကြောင်းကို သိလိုက်ရတဲ့အတွက် ၀မ်းသာပါတယ်။
ဒီပို့စ်လေးကို နောက်တစ်ခေါက် ထပ်လာဖတ်တယ်။ အစကတော့ ဖတ်ပြီးရင် ဒီတိုင်းပြန်သွားမလို့ပဲ။ ဒါပေမယ့် ရှာရှည်တဲ့ အကျင့်က ကျနော့်ကိုဆွဲထားတယ် ကျနော့်အမ မအင်ကြင်းက သဘောကောင်းလောက်ပါတယ် စိတ်မဆိုးလောက်ပါဘူး နည်းနည်းလောက် ကလိသွားအုန်းမှ ဆိုပြီး commentရေးဖို့ ပြင်ဆင်ခဲ့ပါတယ်။
အေးလေ... လူ့သဘော မနောတွေက မပြောနဲ့ဆို ပြောချင်တယ်၊ မထိရဆိုရင် နည်းနည်းလောက် ခိုးတို့ရမှ ကျေနပ်တတ်ကြတယ်။
အခုလည်း တကယ်လို့ အမက မသွားတော့ပါဘူးလို့ ဆိုခဲ့ရင် ကျနော်က အမရယ် သွားလိုက်ပါအုန်းလို့ပြောမိမှာ :D ။ ခုတော့ သွားအုန်းမှာလို့ အမပြောလာတော့ တားချင်စိတ်ပေါ်လာတယ် သွားနဲ့အုန်း :P ။

ခင်တဲ့

Anonymous said...

ဂျင်းရေ..စီဘောက်ကြီး ဖြုတ်ထားတော့ ဘယ်လို လာအော်ရပါ့ ကွယ်။
မွန်နေကောင်းပါတော့မယ် ဂျင်းရေ..
ဂျင်းစိတ်ပူတဲ့ အတွက် ဆော်တီးပါပဲကွယ်..။
ဂျင်းစာအသစ်ရေးအုံးနော်..။
မြတ်မွန်

ကိုရင် စည်သူ said...

မအင်းကြင်းရေ..
cbox မတွေ့လို့ ဒီမှာပဲရေးခဲ့တယ်နော်.. စာလာဖတ်သွားကြောင်းပါ။ ထမီလေးတွေပေါနေလည်း တားတား ချစ်သူလေးကို အလှူလက်ဖက်နဲ့ မျက်နှာလုပ်ချင်လို့ တစ်ထည်လောက် လှမ်းပီး ၀ဲနိုင်ပါတယ်.. အဟီး... ရှိုးပွဲတွေတော့ ကျနော်က သိပ်မကြိုက်တော့ တော်ရုံကြည့်ခဲ့တယ်ဗျ.. အိပ်တော့မယ်နော်.. တာ့တာ့