Pages

Monday, February 8, 2010

ကိုယ့်အကြိုက် (ကျွန်မနှစ်သက်တဲ့ လုံချည်လေးတွေ)

ဒီတစ်ခါ မမချစ်ကြည်အေးရဲ့ တက်ဂ်ပိုစ့်လေးကို ရေးရတာ အတော်လေးတော့ မျက်နှာငယ်မိသား။ သူ့ရဲ့ မူရင်းပိုစ့်လေးကို ဖတ်ရတုန်းကတော့ အားကျလိုက်တာ။ လုံချည်လေးတွေကို ဓာတ်ပုံတွေနဲ့တကွ ခင်းကျင်းပြသထားလိုက်တာကလည်း သွားရည်ယိုချင်စရာပါ။ မမက တခုတ်တရနဲ့တက်ဂ်ပေးလို့ ကျေးဇူးလည်း အရမ်းတင်ပါရဲ့။ ဒါနဲ့ပဲ ဒီတက်ဂ်ပိုစ့်လေးအတွက် ငါ့မှာ မရှိရှိတာလေးတွေကို ကုတ်ခြစ်ကြွားမယ်ဆိုပြီး ရှာလိုက်ဖွေလိုက်တာ ဘီရိုတစ်ခုလုံးသာ ပွစာကြဲသွားတယ် လုံချည်အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ခဲ့ဘူး။

အဲဒီလိုပြောလို့ လုံချည်မကြိုက်သူလို့ မထင်လိုက်ကြပါနဲ့နော်။ ကျွန်မက လုံချည်ဝတ်ရတာကို သိပ်နှစ်သက်တဲ့သူတစ်ယောက်ပါ။ မြန်မာပြည်မှာ ဂျီတီစီ တက်ခဲ့တဲ့ ကာလတစ်လျှောက်လုံးရော၊ ရန်ကုန်မှာ အလုပ်ဝင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးရော လုံချည်ကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့တဲ့သူပါ။ လုံချည်လေးဝတ်ပြီး သနပ်ခါးပါးကွက်ကျားလေးနဲ့ နေခဲ့ရတဲ့ ကာလလေးတွေကို တကယ်ပဲ လွမ်းဆွတ်မိပါရဲ့။ ဒီကိုလာမယ်ဆိုတော့ ကျွန်မနှစ်သက်တဲ့ လုံချည်လေးတွေကို နှမြောတသစွာနဲ့ အကုန်ထားပစ်ခဲ့တာလေ။ မေမေကတော့ တကယ်လို့များ ၀တ်စရာအခွင့်အလမ်းပေါ်ခဲ့ရင် ၀တ်ရအောင်ဆိုပြီး အချိတ်ထမီလေးတစ်ထည်နဲ့ အပေါ်က ဇာအဖြူရောင်အင်္ကျီလေးရယ် နောက်ထပ် အုန်းခွံရောင် ပါတိတ်ဝမ်းဆက်လေး တစ်စုံရယ် လိုရမယ်ရဆိုပြီး ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ အိမ်နေရင်း ၀တ်ချင်ဝတ်ရအောင်ဆိုပြီး ချည်လုံချည်လေးနှစ်ထည်ပါလာတယ်။ ဒါပဲရှိတယ်။ အဲဒါကြောင့်မို့ မမရေ.....ညီမလေး နှစ်သက်တဲ့လုံချည်လေးတွေ အကြောင်းကို မျက်နှာငယ်ငယ်နဲ့ စာနဲ့ပဲရေးပြီး ပြောပြလိုက်ပါတယ်နော်။

ကျွန်မအနေနဲ့ လုံချည်ကို စ၀တ်ဖူးတာ ခြောက်တန်းကျောင်းသူ ဘ၀မှာပါ။ အဲဒါကလည်း ကျွန်မတို့တွေ ဖေဖေတာဝန်ကျခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လိုက်သွားရတော့ ဟိုမှာက ကျွန်မတို့ပြည်မဘက်မှာလို အဖြူအစိမ်းကို ၀တ်ချင်သလို ၀တ်လို့မရပါဘူး။ လုံချည်အစိမ်းနဲ့ ရင်ဖုံးရင်စေ့ အဖြူလေးတွေကို တွဲဖက်ပြီးဝတ်ရတာပါ။ အဲဒီတုန်းကတော့ ကျွန်မတော်တော် စိတ်ကျဉ်းကျပ်ခဲ့ပါတယ်။ ကျွန်မက ငယ်ငယ်လေးကတည်းက အဖေကို အကပ်များတဲ့ သမီးဆိုတော့ ဖေဖေကလည်း ကျွန်မကို တော်တော်ချစ်တဲ့အပြင် အ၀တ်အစားဝတ်ဆင်တော့လည်း ယောကျာ်းလေးတစ်ယောက်လိုပဲ ၀တ်ဆင်စေခဲ့တာပါ။ အဲဒီတော့ကာ ကျွန်မငယ်ငယ်လေးကတည်းက ၀တ်ဆင်ခဲ့တာက ဘောင်းဘီတို ဘောင်းဘီရှည် တီရှပ် စပိုတ့်ရှပ် စတာတွေပါပဲ။ အဲ...မြစ်ကြီးနားကိုလည်းရောက်ရော ကျွန်မအခက်တွေ့ပါရောလား။ ပြီးတော့ ကျွန်မက ရင်ဖုံးရင်စေ့ဝတ်ရမှာကိုတော့ဖြင့် အတော်စိတ်အိုက်သူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ် မလုံခြုံသလိုခံစားမိတယ်။ အဲဒါကြောင့် ကျွန်မက ဘယ်လိုလုပ်သလဲဆိုတော့ ရင်ဖုံးရင်စေ့တွေ အပေါ်ကနေ ရှပ်အင်္ကျီ ပွပွကြီးတွေကို ထပ်ဝတ်ပစ်လိုက်တယ်လေ။

အဲဒီလိုနဲ့ ဖေဖေက ပြည်ကို ပြန်ပြောင်းရတော့လည်း ကျွန်မက ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားတာပါပဲ။ ဒါပေမယ့် ကိုးတန်းကျောင်းသူဘ၀ရောက်တော့ ကျောင်းမှာလုံချည်က မဖြစ်မနေ၀တ်ရပါပြီ။ ကျွန်မတို့ပြည်ကျောင်းမှာက အပေါ်အင်္ကျီကို ရင်ဖုံးရင်စေ့ ၀တ်စရာ မလိုတော့ကာ အဆင်တော့ပြေပါသေးတယ်။ ဒါကတော့ ကျွန်မ၀တ်ခဲ့ဘူးတဲ့ အဖြူအစိမ်းလုံချည်လေးတွေ အကြောင်းပေါ့နော်။

ကျွန်မအနေနဲ့ အပြင်လုံချည်ကို စတင်ပိုင်ဆိုင်ဖူးတာ စတင်ဝတ်ဆင်ဖူးတာကတော့ ဂျီတီစီ ပထမနှစ်စတက်တဲ့ အချိန်မှာပဲပေါ့။ အဲဒီတုန်းက စိန်မိုက်ကယ်ဆိုတဲ့ ထမီရှောရှောလေးတွေ တအားခေတ်စားတာလေ။ မေမေက ကျွန်မကို စိန်မိုက်ကယ် ထမီလေး သုံးထည်ကို ကျောင်းကိုဝတ်ဖို့အတွက် စပြီးဝယ်ပေးခဲ့တယ်။ ဒါ့အပြင် မေမေက သိမ်းထားတဲ့ သူမရဲ့ ထမီလေးတွေထဲက ကျွန်မနဲ့ လိုက်ဖက်မယ်ထင်တဲ့ ကောင်းနိုးရာရာလေးတွေကိုလည်း ထုတ်ပေးခဲ့သေးတယ်။ ကျွန်မက စိန်မိုက်ကယ်လိုမျိုး ထမီလျှောလျှောလေးတွေကိုပဲ ၀တ်ရတာ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းကို စက်ဘီးနဲ့သွားရတာဆိုတော့ ထမီကတုတ်နေရင် စက်ဘီးစီးရတာ အဆင်မပြေဘူးလေ။ ခုနလို အစလေးတွေကျတော့ အဆင်ပြေတယ်။ အဲဒါကြောင့် ကျောင်းတက်တုန်းက ကျွန်မဆီမှာ ပါတိတ်တို့ ချည်ထည်တို့ သိပ်မရှိခဲ့ဘူး။

မှတ်မှတ်ရရ တစ်ရက် မေမေပေးထားတဲ့ ကချင်လုံချည်လေးတစ်ထည်ကိုဝတ်ပြီး ကျောင်းကိုသွားတာ ဘယ်လိုမှ အဆင်မပြေပဲ ထမီက တော်တော်တုတ်နေတော့ကာ လမ်းလျှောက်လိုက်တိုင်း အောက်နားကို ဆောင့်ဆွဲလိုက်သလိုဖြစ်ပြီး အောင်နားတွေပြဲကုန်ပါတယ်။ အပြဲကို အတွင်းထဲကထားပြီး လှည့်ဝတ်လိုက်ပြန်တော့လည်း နောက်တစ်ဖက်ထပ်ပြဲပါတယ်။ ကျောင်းမှာ ထမီအောက်နားအပြဲ ပတ်ပတ်လည်နဲ့ အဲဒီနေ့ကတော့ ရှက်လိုက်တာမှ ပြောမနေပါနဲ့တော့။ အဲဒီကတည်းကကျောင်းကို ချည်ထည်မ၀တ်တော့တာပါ။

အဆင်ကတော့ ဘယ်လိုမျိုးကိုကြိုက်သလဲဆိုရင် အနက်ခံ၊ နက်ပြာခံ၊ မီးခိုးရင့်ရင့်၊ နီညိုခံ စတာတွေပေါ်ကမှ အပွင့်နုပ်နုပ်လေးတွေ၊ အစက်အပြောက် အလုံးသေးသေးလေးတွေကို တအားသဘောကျတာပါ။ အဲဒီအရာင်တွေကို ပြောင်ဆိုရင်လည်းကြိုက်တယ်။ ကျွန်မက အရောင်နုနုတွေ ပန်းပွင့် ပန်းခက်တွေကို သဘောမကျတတ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မမှာ ရှိတဲ့ ထမီဆင်တွေကဆိုရင် ထပ်နေတတ်ပါတယ်။ သူငယ်ချင်းတွေကဆိုရင်လည်း သိနေကြပြီ။ ဒါဆိုရင် အင်ကြင်းကြိုက်တတ်တဲ့ အဆင်မျိုး၊ ဒါဆိုရင် အင်ကြင်းမကြိုက်တဲ့အဆင်မျိုး စသည်ဖြင့်လေ ။ ကျွန်မရဲ့မွေးနေ့ကိုရောက်တိုင်းလည်း သူတို့က ကျွန်မ ကြိုက်တတ်တဲ့ အဆင်လေးတွေကို တခုတ်တရရှာဝယ်ပြီး လက်ဆောင်ပေးတတ်ကြတယ်။

ကျွန်မတို့ကျောင်းတက်တဲ့ အချိန်တွေတုန်းက အေစကပ်တို့၊ ဘေးခွဲတို့ ၊နောက်ခွဲတို့ လမ်းလျှောက်လိုက်ရင် ၀င်းကနဲ ၀င်းကနဲ (ခြေသလုံးကို ပြောတာပါ) ပေါ်သွားတတ်တဲ့စကပ်တို့ စတာတွေခေတ်စားတဲ့ အပြင် သူများတွေက အဲဒီစကပ်တွေကို စတိုင်အမျိုးမျိုးနဲ့ ၀တ်ခဲ့ကြပေမယ့် ကျွန်မကတော့ ရိုးရိုးလုံချည်ကိုပဲ ကျောင်းပြီးသည်အထိ စွဲစွဲမြဲမြဲ ၀တ်ခဲ့တာပါ။ ပြီးတော့ ကျွန်မတို့ ကျောင်းတက်တုန်းက လက်တွေ့ထဲမှာ ပန်းရံတို့ လက်သမားတို့ လုပ်ရတဲ့ အချိန်တွေပါပါတယ်။ ကိုယ်ကိုယ်တိုင် ရွေဘော်ထိုးရတယ်၊ လွှဆွဲရတယ်၊ မဆလာသယ်ရတယ်၊ အုတ်စီရတယ်။ အဲဒီတော့ကာ ခုနလိုစကတ်မျိုးတွေနဲ့သာဆိုရင် ကျွန်မကတော့ဖြင့် ဘယ်လိုမှကို အလုပ်ဖြစ်လိမ့်မယ် မထင်မိဘူး။

အဲဒီလိုနဲ့ ကျောင်းပြီးလို့ရန်ကုန်မှာ အလုပ်ဝင်ခဲ့တော့လည်း အလုပ်ကို ထမီလေးတွေဝတ်ပြီးတော့ပဲ ဆင်းခဲ့တာပါ။ ဒါပေမယ့် ရန်ကုန်ရောက်တော့ ချည်ဝမ်းဆက်လေးတွေဝတ်လို့ အဆင်ပြေသွားပြီလေ။ စက်ဘီးစီးစရာမှ မလိုတော့တာ။ ဘတ်စ်ကားနဲ့ဆိုတော့ အဆင်ပြေတယ်လေ။ ကျွန်မရဲ့ အလုပ်ထဲကို ၀တ်တဲ့ ထမီလေးတွေအကုန်လုံးဟာဆိုရင်လည်း အောက်နားတွေက အကောင်းတစ်ခုမှ သိပ်မရှိပါဘူး။ ထမီနဲ့ပဲ တိုက်ပေါ်တွေကို တက်ပြီးသံချောင်းတွေ စစ်ရတယ်၊ ကွန်ကရစ်လောင်းတဲ့ အချိန်တွေဆိုရင်လည်း တစ်ချိန်လုံး အနားနားမှာ နေနေရတာမျိုးဆိုတော့ ထမီတွေမှာက သံချောင်းနဲ့ ငြိထားတဲ့ အပြဲအရှရာတွေ၊ ကွန်ကရစ်အရည်တွေစင်ထားလို့ ဘိလပ်မြေအစက်တွေနဲ့ ပွစာကြဲနေတာမျိုးတွေချည်းပါပဲ။ ဒါပေမယ့်လည်း ကျွန်မပျော်ပါတယ်။ အဲဒီလုံချည်လေးတွေကိုပဲ နောက်ဆုံး အလုပ်ထွက်တဲ့ အချိန်အထိ မြတ်မြတ်နိုးနိုး ၀တ်ဆင်ခဲ့တယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်မဒီလိုလာတော့မယ်ဆိုတော့ ကျွန်မမြတ်နိုးတဲ့ လုံချည်လေးတွေကို အကုန်ထားခဲ့ရတယ်။ ဒီကြားထဲ မြန်မာပြည်ကို တစ်ခေါက်ပြန်ခဲ့တုန်းကဆိုရင် ကျွန်မလုံချည်ပဲ ၀တ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့လုံချည်လေးတွေက မရှိတော့ဘူး။ ဘယ်ရောက်ကုန်တာလဲဆိုတော့ မေမေနဲ့ ညီမလေးက သူများတွေကို ပေးပစ်လိုက်ပြီတဲ့။ ကျွန်မလည်း စိတ်မကောင်းစွာနဲ့ပဲ မေမေနဲ့ညီမလေးတို့ရဲ့ ထမီတွေကိုပဲ ယူဝတ်ပစ်ခဲ့လိုက်တယ် :))

အင်း....နောက်ဆုံးအနေနဲ့ သေချာတာ တစ်ခုကတော့ ကျွန်မရဲ့ ဘ၀မှာ ဘယ်နေရာ ဘယ်လိုဒေသမျိုးကိုပဲရောက်နေနေ ကျွန်မမြတ်နိုးခဲ့ရတဲ့ လုံချည်လေးတွေကိုတော့ဖြင့် ဘယ်တော့မှ မေ့လို့ရမယ် မဟုတ်ဘူးဆိုတာပါပဲ။

(ကဲ...မမချစ်ကြည်အေးရေ...ညီမလေး ကြိုးစားပြီးရေးပေးလိုက်တယ်နော်။ ရှိတဲ့လုံချည်လေးတွေကိုတော့ ဓာတ်ပုံရိုက်ပြီး မပြတော့ပါဘူး။ တော်ကြာ ကျွန်မမှာ ဒါတွေပိုင်ဆိုင်ပါတယ်လို့ ကြွားရာမရောက်ပဲ ကျွန်မမှာ ဒါလေးတွေပဲရှိတာပါလို့ သနားစရာဖြစ်နေမှာစိုးလို့လေ...တော်ကြာသနားပြီး မောင်နှမတွေက ထမီတစ်ယောက်တစ်ထည်စီဝယ်ပြီး လက်ဆောင်ပေးနေမှဖြင့် မယူရင်လည်း အချင်းချင်းမျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာစိုးလို့ :)))))

31 comments:

shwezinu said...

ညီမရေ

ဖတ်လိုက်ရတာ တဝကြီးဘဲနော် စိတ်မပူပါနဲ့ ညီမကြိုက်တာ ဘလော့ ညီအမ တွေသိသွားပြီ ဆိုတော့ ဘီရိုကြီး ပြည့်သွားအုန်းမယ်နော်

ချစ်ကြီးအေး မှာလည်း တာဝန်ရှိတယ်နော့်

မမရွှေစင်

kiki said...

အယ်..
ဘယ်မတုံး...လုံချည်တွေ .. ထမီတွေ ... ထမိန်တွေ .. ထိုင်မသိမ်းတွေ .. ..
ထုတ်.. ထုတ် .. ရှိတာ အကုန်ထုတ် .. နေပူလှန်း ...မှို တွေ တက်နေလောက်ပြီ...

ချော (အစိမ်းရောင်လွင်ပြင်) said...

အားပါးပါး ကြွားထားလိုက်တာ .... ရှိတာတောင် ထုတ်ပေးရမဲ့အပေါက်..
ညီး စိန်မိုက်ကယ် စပြီး ၀တ်တဲ့ နေ့က ထမိန်ကွင်းလုံးကျွတ်ကျတာကိုတော့ ထုတ်မပြောဘူးနော်..
လျှိုထားတယ်... ဘာရမလဲ
ဒီက မမက ဒီမှာ ဖွပစ်လိုက်တယ်.. ဟီဟိ..

ကိုလူထွေး said...

အင်္ဂတေသားကို သံချည်မျှင်နဲ့ ပေါင်းပြီး အဆင့်အတန်းမှီ ယက်လုပ်ထားတဲ့ လုံချည် ၁၀ ကွင်းလောက် လက်ဆောင်ပေးချင်ပါတယ်...

ကျောက်စရစ်ခဲလေးတွေလည်း စီပေးထားမယ်လေ...

ဘယ်လိပ်စာကို ပို့ပေးရမလဲ...

းဝ)

အင်ကြင်းသန့် said...

@မမရွှေစင်>>>ဟုတ်တယ် မမရွှေစင်....မမချစ်ကြည်အေးမှာ တာဝန် အပြည့်အ၀ရှိတယ်...သူ့ရဲ့မူရင်းပိုစ့်ကို ဖတ်ပြီးတဲ့နေ့ကတည်းက ကျတဲ့ သွားရည်တွေက ခုထိမရပ်သေးဘူး...ဟီးးးးးးးးးးးးးးးးးးးးးး
@မမကိကိ>>>မရှိပါဘူးဆိုမှ ရှိတာအကုန်ထုတ်နဲ့တိုးနေတယ်...အီးးးးးးးးးးးးးးးးး
@မချော>>>ဟဲဟဲ...အဲဒီ အကြောင်းက ဆင်ဆာ ဖြတ်တဲ့ အထဲ ပါသွားတယ်...
@ဦးလူထွေး>>>အာာာာာာာ....ဦးလူထွေးကြီးကတော့ ကျန်တဲ့ ညီအမတွေ မြင်ရင်စိတ်တွေဆိုးကုန်အုံးမယ်...ညီတူမျှတူဖြစ်အောင် သူတို့ကိုပါ ပေးလိုက်ဦး (လိပ်စာ တိုးတိုးတိတ်တိတ် ပို့လိုက်မယ်...တော်ကြာ သတင်းကြားရင် လာလုနေကြမှာစိုးလို့ :D )

ဒဏ္ဍာရီ said...

အရမ်းမကြွားနဲ့ ညီမလေးရေ... တော်ကြာ ဓါးမြလာတိုက်နေမယ်။း)

ဖတ်ပြီးတော့ မမရှိသမျှ ဝေစုခွဲပေးချင်စိတ်တွေ ပေါက်လာတယ်။ ကိုလူထွေးပြောသလိုပဲ ပို့ပေးလိုက်မယ် လိပ်စာပေးလိုက်နော်။

ခင်မင်လေးစားလျှက်

သဒ္ဓါလှိုင်း said...

သြော်....အတူတူပါပဲလား အင်ကြင်းရေ..
သဒ္ဓါ့မှာလည်း လောလောဆယ် ထမီမရှိဘူး။။ဘယ်လိုပေးရပါ့....။

ခင်တဲ့
သဒ္ဓါ

Anonymous said...

အင်း..လုံချည်လေးတွေက တော်တော်လှမယ့်ပုံပဲ မအင်ကြင်းရယ်။ ဓါတ်ပုံသာရိုက်ပြလို့ကတော့ အိမ်က ညီမလေးအတွက် လုံချည်တစ်ထည် မရရအောင်တောင်းမှာ။ အဟီး..

ခင်မင်လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

အင်ကြင်းသန့် said...

@မမဒဏ္ဍာရီ>>>မမ...ဂယ်လား...မပို့ပေးလို့ကတော့ ညီမလေးက လမ်းမှာတွေ့ရင် ဆွဲချွတ်မှာနော် (ဖိနပ်ကိုပါ...ဟီးးးးးးးးးးးးးးးးး)
@သဒ္ဓါ>>>မပူနဲ့သဒ္ဓါ...မပူနဲ့...ကိုယ်အကြွေးမှတ်ထားမယ်...အဆင်ပြေမှပေး (ဟဲဟဲ...ကိုယ်ရဖို့အရေးဆိုတော့...)
@လင်းတိုင်း>>> အမလေး...ကိုယ်တော်...သူတို့ဆီကများရမလားလို့ သူက မရရအောင် ပြန်တောင်းဦးမယ်ဆိုပဲ...(တော်သေးတယ် ဓါတ်ပုံရိုက်ပြီး မတင်လိုက်မိတာ...)

အိမ် said...

လုံချည်လား..ထမီလား အင်ကြင်းတို့က လုံချည်ဝတ်တော့ တားတားတို့ ကျားတွေက ထမီဝတ်တာပေါ့နော်... ဟိဟိ တော်ပြီ ဆက်မပြောတော့ဘူး တော်ကြာ လုံချည်အလံထူပြီး လာရန်တွေ့နေလို့ ထမီစွန်တောင် ဆွဲပြီးပြေားနေရဦးမယ်... တွားပြီ တာ့တာ

THE STARRY NIGHT said...

အရင်ကတော့ ကျွန်တော့မှာလည်း တစ်ဘီရိုလောက်ရှိပါ့
ဒါပေမဲ့..ခုတော့ ခေတ်မကောင်းလို့ အပေါင်ဆိုင်ပို့ပစ်လိုက်ရပြီ.....

ချစ်ကြည်အေး said...

ကျေးဇူး ညီမအင်ကြင်းရေ...ရှိစုမဲ့စု ဓါတ်ပုံ ရိုက်မပြလို့ စိတ်ဆိုးသွားပြီ......

wai Soe said...

အင်ကြင်း ရေ ယူနီဖောင်း ထုတ်ပေး တဲ့ ဝတ်စုံ ကို ဘောင်းဘီ ရှည်နေရာ မှာ နက်ပြာ ရောင် ထမီ အစားထိုး ဝတ်ခဲ့ တဲ့ အမှတ်တရလေး ထည့်ရေး လိုက်အုန်း လေ...

အင်ကြင်းသန့် said...

@ကိုအိမ်>>>ဟိတ်...မောင်မောင်အိမ်...မင်းဘယ်ပြေးမလဲကွ...နာလာဘီ...ဒုန်း (ဟီးးးးးးးးးးး..ငရဲတွေတော့ ကြီးကုန်တော့မယ်...ကိုအိမ်...စိတ်မဆိုးကြေးလို့ပြောထားတယ်နော်...)
@ကိုသော်ဇင်စိုး>>> ကိုသော်ဇင်စိုး...ကိုသော်ဇင်စိုးမှာ တစ်ဘီရိုလောက်ရှိတာ ဘာတွေတုန်း...ထမီတွေလား...စဉ်းစားစရာတွေတော့ ဖြစ်ကုန်ဘီ...(အပေါ်က ကိုအိမ့်ဆီကနေ ဓါတ်ကူးသွားတာ ဖြစ်ရမယ်...)
@မမချစ်ကြည်အေး>>>မမရယ် လာချော့ပြီးသွားဘီနော်...စိတ်ဆိုးပြေတော့နော်...ညီမလေး ထမီတွေ လက်ဆောင်ရရင် မမကို တစ်ဝက်ခွဲပေးမယ်လေ...(ပေးတဲ့သူတွေ မသိစေရပါဘူး)
@ဝေစိုး>>>ဝေစိုးရေ...ဟုတ်တယ်ဟ..ငါအဲဒီအကြောင်းလေးမေ့သွားတယ်...နင်ပြောမှ သတိရတယ် :)

ဂျေဂျူဝိုင် said...

အဲ.....

nguwahwin said...

ငါဆို ငါးထည်တောင်ပါလာတာ... :P
ချည်ရယ် ချည်ပိုးရယ်... ချည်ပေါ်မှာ ပန်းချီချယ်ထားတာရယ်.. ဟွင်း..ဟွင်း... :P

nguwahwin said...

စိန်မိုက်ကယ် က ကျွတ်ကျချင်စရာပဲဟာ.. ငါတော့ ငါးထည်သယ်လာတယ်... ချည်ထည်.. ချည်ပိုး.. :P ထမီဝတ်ရ တာ ပိုကြိုက်တယ်...

အင်ကြင်းသန့် said...

@ကိုဂျေဂျူဝိုင်>>>အဘယ်အရာကိုများ အံ့အားသင့်သွားပါသလဲ ကိုဂျေဂျူ :)
@ငုဝါ>>>ဟင်းဟင်း...နင်တိမယ်...တိမယ်...တူညားမှာမရှိပါဘူးရှိုမှ...အတားကုန်ကြွားတွားတယ်...နင်ဘယ်နေ့တက်ဂ်စာ မိမလဲ ကြည့်နေ...ဒီတစ်ခါနင့်ကို နာတနားလို့ လွှတ်ထားတာကိုများ...ဟွန်းးးးးးး

ခြင် said...

ဟင်းဟင်း... ဟုတ်ပါ့... ထမီကြီးဝတ်ပြီး ဘတ်လတ်ဘတ်လတ် နဲ့ လျှောက်သွားပစ်ချင်လိုက်တာညော်.... ကတောက်....

~ဏီလင်းညို~ said...

အင်ကြင်းရေ...
လာသာဖတ်ရတာ ခပ်ကြောက်ကြောက်ပဲ....။
မမတွေအတွက် ရေးထားတာဆိုတော့လေ...း)
တော်ကြာ... “ထမီသူခိုးဘာတော့လို့”....အော်ရင် ဘယ့်နှယ့်လုပ်ရပါ့မလဲ.....ခွိခွိ
ခင်မင်တဲ့
ဏီလင်းညို

အိမ် said...

တိန် ....လာလေတွေ့ကြသေးတာပေါ့.. တွေ့မယ်လို့ရိုးရိုး ပြောတာပါ ၊ကြိမ်းတာမဟုတ်ပါဘူး ခွိ

ချိုကျ said...

ဘယ်နေရာရောက်ရောက် မြန်မာ့ယဉ်ကျေးမှု့ကိုမမေ့တဲ့ အတွက်လေးစားမိပါတယ် မအင်ကြင်းရေ.....

SHWE ZIN U said...

ညီမရေ

ဆီပုံးလည်း မရှိတော့ မန့်ပြီးလာပြောတယ်နော် ကျေးဇူးညီမရေ ကိုယ့်ညီမက အားကိုးရသားဘဲ ကဲ ထမိန် တထည်နော်

ချစ်တဲ့
မမရွှေစင်

မြစ်ကျိုးအင်း said...

မြန်မာလူမျိုးတိုင်း မြန်မာပြည်မှာ ကြီးပြင်းခဲ့သူတိုင်း ထမိန် နဲ့ ပုဆိုး ကို တခုတ်တရ သတိရနေတတ်ကြပါတယ်။
ကျွန်တော်လည်း ဒီနိင်ငံရောက်မှာ ဝယ်ထားတဲ့ ပုဆိုး ၃ ထည်တောင်ရှိတယ်။ အိမ်နေရင်း ဝတ်တယ်ဆိုပေမယ့် ဆိုင်မှာ ရွေးတော့ ကိုယ့်အကြိုက် ဆိပ်ခွန် အကွက်စိပ်လေးတွေ ရွေးဖြစ်တာဟာ အမိမြေကို လွမ်းစိတ် သက်သက် ကြောင့်ပဲလို့ ထင်မိတယ်။

မြစ်ကျိုးအင်း said...

စီဘောက်မတွေ့လို့ ဒီမှာပဲ နှုတ်ဆက်သွားပါတယ်နော် ။
အဆင်ပြေ ပျော်ရွှင်ပါစေ ....။

Bravo said...

ကျောင်းစိမ်းလေးပဲ သတိရတယ်ဗျာ..

အင်ကြင်းသန့် said...

@မမခြင်လေး>>>မမ...လုပ်လိုက်လေ...တစ်ရက်လောက် အတူတူ လျှောက်ရအောင်...အောချတ်မှာဆိုကောင်းမယ် လူစီတယ် :D
@ကိုဏီး>>>ကိုဏီး...စိတ်ချ...ထမီသူခိုးလို့အော်ဘူးနော်...လုံချည်သူခိုးလို့ပဲ ညီမလေးကအော်မှာပါ :D
@ကိုအိမ်>>>အဟဲ...နတ်ပြုစားမှာ ကြောက်တယ်...တွေ့တော့ဘူးနော် :D
@ကိုချိုကျ>>> (ကော်လံထောင်၍) အဟမ်း...အဟမ်း (ကိုချိုကျက လေးစားတယ်ဆိုလို့...ဟီးးးးးးးးးး)
@မမရွှေစင်>>> တယ်ပိုင်တဲ့ငါပါလား...ချက်ချင်းကို ရပြီ ထမိန်တစ်ထည် :))
@ကိုမြစ်ကျိုးအင်း>>>အယ်...သူ့မှာလည်း ပုဆိုးလှလှလေးတွေရှိတာပဲ...စောစောသာခင်မိရင် တက်ဂ်လိုက်ရမှာ :))
@ကိုဇာဏီ>>> သတိရရင် ပုဆိုးအစိမ်းလေးအလွမ်းပြေ ပြန်ဝတ်ကြည့်ပါလား ကိုဇာဏီ :)

အင်ကြင်းသန့် said...

အင်း…ဒီပိုစ့်လေးမှာ ကိုယ်ဖြေထားတဲ့ ကွန်မန့်တွေကို ပြန်ဖတ်ကြည့်တော့ ကိုယ့်ကိုကိုယ် တော်တော်လေး ပြောင်စပ်စပ်ဖြစ်နေသလိုပဲ…တကယ်တော့ မောင်နှမတွေကို ချစ်တဲ့ ခင်တဲ့စိတ်နဲ့ စချင်နောက်ချင်တာပါ…အဲဒါကြောင့် စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတာလေးတွေကို ချရေးဖြစ်သွားတာပါ…မောင်နှမတွေအတွက် စိတ်ဆိုးစရာအမှားများပါသွားခဲ့ရင် ခင်မင်မှုကြောင့်ဖြစ်တဲ့အမှားများဖြစ်လို့ နားလည်ခွင့်လွှတ်ပေးကြပါလို့…..

အားလုံးကို ချစ်ခင်စွာ
အင်ကြင်း

Sithu said...

လုံချည်လေးတွေအကြောင်းဖတ်မိတော့.. ကွန်ပျူတာတက္ကသိုလ်တက်တုန်းက လုံချည်လေးနဲ့ အရမ်းလှတဲ့.. လိုက်ပိုးခဲ့ရတဲ့ မမ တစ်ယောက်ကို ပြေးပီး သွားသတိရသွားတယ်.. မအင်ကြင်းမကောင်းဘူး ကျနော်ကို သတိရအောင် ပြန်လုပ်တယ်... ဗြဲဗြဲ..

kiki said...

ထမီ သာခို လာတယ် .. ခို မလို့ ....
စီဗုံး လဲ ပျောက် .. ထမီလဲ ပျောက်ဆို သိပ် မနိပ်ဖူး. လစ်ပြီ...

နန်း said...

အင်ကြင်းရေ
ရေးတတ်လိုက်တာနော်