Pages

Sunday, January 24, 2010

ဖြေဆေးမရှိ

နာဖျားမှု ဒီဂရီတွေ
တစ်ရိပ်ရိပ်တက်လို့
နာကျင်မှုဝေဒနာတွေ
တဆစ်ဆစ်ကိုက်ခံနေရတဲ့ငါ
ဒီဝေဒနာကို အဖြေရှာတော့
သေချာတာက “အလွမ်းကင်ဆာ” တဲ့လေ

ကုရာနတ္ထိ ဆေးမရှိတဲ့
ဒီဝေဒနာရဲ့ဒဏ်
လူးကာလိမ့်ကာခံစားလို့
တစ်ခါ တစ်ခါမှာ
ငါ့ကိုယ်ငါတောင်
ငါ ပြန်မသနားချင်မိလောက်အောင်
ဒီနေရာမှာ
ဝေဒနာတွေ တက်နေခဲ့ပေမယ့်

ဟို အဝေးနေရာဆီမှ
နင့်ရင်ဘတ်ထဲမှာကတော့
ငါနဲ့အမည်တူတဲ့သစ်ပင်
နင်မြင်ခဲ့ရင်တောင်
ငါ့ကိုသတိရဖို့ဆိုတာ
မသေချာခဲ့လေသမျှတော့
ဒီဘ၀အတွက်မှာ
ဆုတောင်းတိုင်းသာ ပြည့်ဖြစ်ခဲ့မယ်ဆိုရင်
ဆန္ဒတစ်ခုကိုသာ ငါလေပြုချင်ပါရဲ့
ဝဋ်တွေရှိသမျှကျေ...။

23 comments:

ဒဏ္ဍာရီ said...

ညီမလေးရေ.... ဘာတွေဖြစ်..။ ဘယ်အရာမဆို အချိန်က ကုစားသွားပါလိမ့်မယ်။ အနာသိရင်တော့ ဆေးရှိမှာပေါ့။ ကဗျာလေးက ခံစားပြီး ရေးထားသလိုပဲ။

ခင်မင်လေးစားလျှက်

မောင်မိုး said...

အင်းး တကယ်ခံစားနေရတာလား မအင်ကြင်း။ ကဗျာဖတ်ပြီး ကျွန်တော်တောင် ငိုင်သွားတယ်။
စကားမစပ်ဗျာ.။ စာလုံးပေါင်းမှားနေတာလေး ပြင်လိုက်ပါဦး "၀ဍ်" ဆိုပြီးဖြစ်နေတယ်။ "၀ဋ်" ဖြစ်ရမှာလေ။ ဖီးလ်တွေ တက်တာများသွားပြီထင်တယ်။

အင်ကြင်းသန့် said...

@ကိုမိုး>>> အာဘာဘာာဘာဘာာာာာာာ.....ရှက်လိုက်တာအစ်ကို့ရာ ချက်ချင်းပြင်လိုက်ပြီနော် ဟီးးးးးးးးးးးးး

Wai Soe said...

အင်ကြင်းရေ ငါကတော့ နင့် ကဗျာတွေ ကို ကြိုက်တယ်...

SHWE ZIN U said...

အလွမ်းနဲ့ကင်ဆာ ထပ်တူပြု
ရလောက်အောင်တော့ မလွမ်းချင်ဘူးဗျာ
အဲလောက်ကြီး ခံစားနေရလားဟင်
ခံစားချက်ပြင်းထန်လွန်းတယ်နဲ့တူတယ်

နွေဆူးလင်္ကာ said...

အလွမ်းကင်ဆာက ဖြေဆေးမရှိပေမယ့် မသေနိုင်ပါဘူး။ ဒါပေမယ့် တကယ်ဆိုးတယ် အဲဒါ သေချင်ရက်နဲ့ မသေနိုင်တဲ့ ကင်ဆာပေါ့။

chit su said...

After reading your poem, I felt sorry for you. Because I know that's your own feeling. isn't you? And then, I also deeply remember somebody (hee hee). But you'll be meet and enjoy with next one. ( coz of "Simple Answer part-2 :) ). I think, if he see Ingjin flowers or plants, he'll miss you too. I can tell him on behalf of u, "U CAN RUN, U CAN HIDE BUT U CAN'T ESCAPE MY LOVE". (ha ha)

Love With,
chit su.

~ဏီလင်းညို~ said...

အင်ကြင်းရေ...
အင်းးးးးးးး
အလွမ်းကင်ဆာဆိုတော့....
ပျောက်အောင် နှစ်တစ်ထောင် ရေခဲတောင်ကြာပွင့်သာရှာကြံမှီဝဲပေတော့...း)
(ပျော်အောင်စသွားသည်)
ခင်မင်တဲ့
ဏီလင်းညို

shwezinu said...

ညီမ အင်ကြင်း ရေ

ကဗျာလေး ဖတ်ရတာ ကောင်းလိုက်တာ
ညီမ က ကဗျာစပ်တာလည်း ကောင်းတာဘဲ
အလွမ်းတွေ များနေတာတော့ သနားတယ်

ချစ်တဲ့
အမရွှေစင်

THE STARRY NIGHT said...

ကဗျာလေးကကောင်းတယ်....
ဖြေဆေးမရှိ ဘူးတဲ့လားဗျာ
ဖြေဆေးရှာနေနဲ့တော့...အဲဒီအလွမ်းတွေပဲ ထပ်သောက်ပစ်လိုက်ပါခင်ဗျား.....
ဒါဆို အဆိပ်ပြောင်းပြန်ကုထုံးနဲ့ ဒီကင်ဆာ အဆင်ပြေသွားလိမ့်မယခင်ဗျား.........

ဗညားရှိန် said...

ကုရာနတ္ထိ ဆေးမရှိတဲ့
ဒီဝေဒနာရဲ့ဒဏ်
လူးကာလိမ့်ကာခံစားလို့
တစ်ခါ တစ်ခါမှာ
ငါ့ကိုယ်ငါတောင်
ငါ ပြန်မသနားချင်မိလောက်အောင်
ဒီနေရာမှာ
ဝေဒနာတွေ တက်နေခဲ့ပေမယ့်

ဟုတ်တယ်ဗျာ မှန်တဲ့ စကားလုံးတွေပါပဲ

သဒ္ဓါလှိုင်း said...

မအင်ကြင်းရေ...
ထပ်တူ ခံစားသွားရတယ်...။ အရမ်းဆိုးဝါးတဲ့ဝေဒနာ တခုဆိုတာ ခံစားချက်တူတဲ့ သူတိုင်း ခံစားတတ်မှာပါ။
ဝဋ်ကြွေးတွေ မြန်မြန် ကျေချင်ပါပြီ......

ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

ဂျင်းဂျင်းရေ..ကင်ဆာက ကုဖို့ဆေးမရှိဘူးတဲ့နော်..။
ဂျင်းရေ....တစ်ခုခုများ ခံစားနေရလား..။
ကဗျာလေးက တစ်ခုခုကို ခံစားနေရတဲ့ ရသလေးတစ်ခုနော်..

နန်း said...

အလွမ်းကင်ဆာတဲ့လား
ပေးလည်းပေးတတ်တယ်

Anonymous said...

ဒီဘ၀အတွက်မှာ
ဆုတောင်းတိုင်းသာ ပြည့်ဖြစ်ခဲ့မယ်ဆိုရင်
ဆန္ဒတစ်ခုကိုသာ ငါပြုလေချင်ပါရဲ့
ဝဋ်တွေရှိသမျှကျေ..ကြိုက်တယ်

မမရေ...
သတိရနေပါတယ်ရှင် လုံးဝမအားလို့ပါ


ချစ်တဲ့
လုံလုံ

busymozzee said...

အလွမ်းဆိုတာ ကင်ဆာတဲ့လား... ဟုတ်ပ သေတဲ့ အထိ ပါသွားတာလေ....


အမယ်ငီး..... ပြောရတာ လျှာယားလိုက်တာ ပြောနေမကျတော့ ခွီးးးးး

kiki said...

ဝဋ်တွေရှိသမျှကျေ...

ကျေပါတယ် မအေးစိန်ရယ်.. ( ကောလိပ်ဂျင်နေဝင်း လေသံဖြင့် အော်လိုက်သည် ) ။။
အလွမ်းကင်ဆာ ဆိုတာ ဘယ်နေရာမှာ ပေါက်တာလဲ .. လို့  ..အသည်းထဲမှာလား .. နှလုံးထဲမှာလား .. ဦးနှောက်ထဲမှာလား ။
ကုရမဲ့  ဆေးမတူလို့ လေ .. ဟဲဟဲ ..
လပျံ ၃ စီးစာ ပို့ပေးမလို့ပါ ..အလွမ်းကင်စရာပျောက်ဆေးးးး )

နာ့ညလေးက အတော်ဟုတ်ပါလားးး
ကဗျာတွေ ဘာတွေ စပ်တတ်တယ် ..သင်ပေးပါအုံး မမကြီးကို ..း))

အိမ် said...

ဘာပဲဖြစ်ဖြစ် မျက်ရည်ကင်ဆာ မဖြစ်တာပဲ တော်သေးတယ် မှတ်ပါ..။
တခုတော့ ကြိုပြောမယ်နော် ကျနော်နဲ့ တွေ့လို့ကတော့ မဟုတ်ကဟုတ်က စကားတော့ ဖတ်ရမှာနော်.. စိတ်မဆိုးနဲ့သိလား ခင်လို့နောက်တာလို့မှတ်ပါ...။

အင်ကြင်းသန့် said...

@ဒဏ္ဍာရီ>>>ဟုတ်တယ်မမရေ...အချိန်က အကောင်းဆုံးသမားတော်ပါပဲ...အမာရွတ် ကျန်ခဲ့တာကလွဲလို့ပေါ့လေ...
@ကိုမိုး>>>အစ်ကို့ရေ...အမှားကိုထောက်ပြတာကျေးဇူးတင်တယ်နော်...နောက်တွေ့ရင်လည်းပြောပါ :)
@wai soe>>>သယ်ရင်း..... ဘော်ဘော်အရင်းဂျီးဒွေနော်... မကြိုက်ဘူးလို့ပြောရဲပြောကြည့်ပါလား.....:D
@မရွှေစင်ရဲ့ညီမလေး>>>ကဗျာစပ်တာဆိုတော့ အတိသယ၀ုတ္တိအလင်္ကာကို သုံးလိုက်တာလေ...:)
@နွေဆူးလင်္ကာ>>>ဟုတ်တယ်...ကိုနွေဆူးရေ...ကိုနွေဆူးပြောတာ မှန်ပါတယ်
@chit su>>> honey, sorry to make you feel because of my poem, thank you so much, u always understand my feelings...
@ကိုဏီး>>> ကိုဏီး...နှစ်တစ်ထောင်ရေခဲတောင်ကြာပွင့်တည်နေရာသိရင် ပြောပြပါဆို...
@မမရွှေစင်>>> မမရွှေစင်က သနားတယ်ဆိုတော့ ငိုချင်ရက်လက်တို့ ဖြစ်သွားပြန်ပြီ...ဟင့် :(
@ကိုသော်ဇင်စိုး>>>ကိုသော်ဇင်စိုးရေ...ကိုသော်ဇင်စိုး အကြံပေးတဲ့ အတိုင်းပဲ အလွမ်းတွေကိုပဲ ဖြေဆေးအဖြစ်သောက်လိုက်တော့တယ်နော်...
@ဗညားရှိန်>>>ကိုဗညားရေ...ကဗျာလေးကို လာခံစားပေးသွားလို့ကျေးဇူးပါနော်...
@သဒ္ဓါလှိုင်း>>>သဒ္ဓါရေ...ခံစားချက်တွေတူတယ်ဆိုလို့ သဒ္ဓါလည်း ၀ဋ်ကြွေးတွေ မြန်မြန်ကျေပါစေလို့ ဆုတောင်းပေးပါတယ်...
@မြတ်မွန်>>>မြတ်မွန်ရေ...တစ်ခုခုမကဘူး ခံစားနေရတာက :))
@မနန်း>>>မနန်းရေ...နာမည် အပေးကောင်းလို့ သဘောကျသွားပြီလား...
@လုံလုံ>>>လုံလုံရေ...မအားတဲ့ကြားထဲကနေ မမကဗျာလေးကို အပြေးအလွှား လာဖတ်ပေးသွားလို့ ကျေးဇူးပါကွယ်..
@မမခြင်လေး>>>မမခြင်လေး...ညလေးရဲ့ ကဗျာလေးကြောင့် မမခြင်လေး လျှာယားသွားတာဆိုတော့ ညလေး ကုတ်ပေးမယ်လေ (လက်သည်းတော့ ညှပ်ရသေးဘူးနော် ဟီးးးးးးးးးးးး )
@မမကိကိ>>>အလွမ်းကင်ဆာက တစ်ကိုယ်လုံးမှာပေါက်တာ မမ...ပို့ပေးလိုက်ပါ...အလွမ်းကင်စရာ ပျောက်ဆေး...လပျံ ၃စီးစာနဲ့ လောက်ပါ့မလား...ထိုင်ဝမ်ကို ကဗျာစပ်နည်း လာသင်ပေးမယ်...မျှော်နေပါ :))
@ကိုအိမ်>>>ရပါတယ် ကိုအိမ်...မဟုတ်လည်းက၊ ဟုတ်လည်းကနော်...ခင်လို့စတာ လုံးဝစိတ်မဆိုးတတ်ပါ...

မရေးတတ်ရေးတတ်နဲ့ရေးထားတဲ့ ကဗျာလေးကို လာပြီးအားပေးကြတဲ့ မောင်နှမတွေရဲ့ ကွန်မန့်လေးတွေကို အားတိုင်းပြန်ပြန်ဖတ်ရတာလဲ အမောပဲ :)) ကျေးဇူးအရမ်းတင်တယ် အကုန်လုံးကို....

ညရဲ့ကောင်းကင် said...

အလွမ်းကင်ဆာတဲ့လား...

ဝဋ်ရှိသမျှကျေပါစေဗျာ....
ကဗျာ တွေကောင်းတယ်...

ဂျေဂျူဝိုင် said...

အလွမ်းကင်ဆာ

အင်း....

ကိုလူထွေး said...

အလွမ်းကင်ဆာဆိုတော့ အချစ်ဓာတ်ကင်ပေးမှပဲ သက်သာတော့မှာပေါ့...

လောလောဆယ် အနာသက်သာအောင် ဘလော့ဘိန်းဆေး ထိုးပေးထားလိုက်ပါ့မယ်...

းဝ)

ထာဝရစကား said...

အမ အင်ကြင်းရယ်
အိပ်ချင်ပြေဆေးလေး ဖေါ်ထားတယ်။
စီပေါက်မရှိလို့ ဒီလိုပဲလာအော်နေရပါတယ် :)

ခင်တဲ့
ထာဝရစကားမှ
အမ မောင်လေး