Pages

Thursday, January 7, 2010

လူမသိခဲ့တဲ့ပွဲ

လူတွေအလယ်မှာ

နင်နဲ့ငါ


မာနတွေ စည်းချင်းထိုးခဲ့တဲ့ပွဲ

ပရိတ်သတ်ရဲ့ သတ်မှတ်ချက်

ငါက အောင်နိုင်သူတဲ့........။

လူတွေမသိခဲ့တဲ့ ပွဲတစ်ပွဲ

တစ်ချိန်တည်းမှာပဲ

ငါ့ရဲ့ မာနတွေက

ငါ့နှလုံးသားကို ကြိုးစင်တင်

ခံစားချက်တွေကို မီးရှို့သတ်တဲ့ပွဲ

ငါ့ရင်ဘတ်တစ်ခုလုံး ပြာကျလောင်ကျွမ်းခဲ့ပြီးတာ

ခုဆို ဘယ်နှစ်ရာသီတောင်ရှိခဲ့ပြီလဲ........။

18 comments:

~ဏီလင်းညို~ said...

အင်ကြင်းရေ...
ကိုဏီးကတော့ ပြောချင်တယ်...။ အဲ့ဒါ ကိုယ့်အပြစ်နဲ့ကိုယ်လို့...။ သိပ်ခံစားရခက်တတ်တာမျိုးလေ...။
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

အင်ကြင်း ရင်ထဲ ဘယ်လောက်တောင် ခံစားနေရလဲ ကဗျာလေးက သတ်သေပြနေသလိုပါဘဲ..
ပျော်ရွှင်ပါစေ အင်ကြင်းရေ..။
ချစ်ခင်လေးစားလျှက်။

လုံမလေး said...

ငါ့ရဲ့ မာနတွေက

ငါ့နှလုံးသားကို ကြိုးစင်တင်

ခံစားချက်တွေကို မီးရှို့သတ်တဲ့ပွဲ

ငါ့ရင်ဘတ်တစ်ခုလုံး ပြာကျလောင်ကျွမ်းခဲ့ပြီးတာ

ခုဆို ဘယ်နှစ်ရာသီတောင်ရှိခဲ့ပြီလဲ..
ကောင်းလိုက်တာ မမရယ်
အဆင်ပြေပျော်ရအင်ပါစေနော်မမ

ချစ်ခင်တဲ့
လုံလုံ

ခရေညို said...

ညီမလေး ရေအချစ်မှာ မာနမထားတာအကောင်းဆုံးပဲ။

waiwaisoe07 said...

Ingjin yay I like ur 2 poems (ahtin mar chin & lu ma thi tat pwal)

nguwahwin said...

အချစ်ရယ်... မင်းမှန်ပါတယ်....

ချစ်ကြည်အေး said...

အင်ကြင်း ညီမလေး တကယ်လားဟင်...၊ အချစ်မှာ မာနတွေ မပါဘူးလေ...ပူလောင်နေလိမ့်မယ်...ပြန်ချစ်လိုက်ကြနော်...။
ကဗျာစပ်ဖို့ သက်သက်ပဲ ခံစားတာဆိုရင်တော့...
ကဗျာလေးက အသက်ဝင်နေတယ်....:D

နွေဆူးလင်္ကာ said...

လူမသိတဲ့ ပွဲဆိုတော့ ကွင်းပိတ်ကန်လို့ လားဗျ။

ခြင် said...

ကွင်းပိတ်ကန်စရာလားနော်... ဒီကိုနွေဆူးဟာ.... ဂလောက်ဆူညံနေတာကို.... ဟီးဟီး... သုဝဏကွင်းနဲ့မွှားလို့.....

ဂျင်အင်းရေ... ခံစားချက်တွေ ပေါက်ကွဲနေတာပေါ့လေ.... ထိတယ်ဟ..

ပန်းရင့်ရောင် said...

ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကဗျာလေးက ရေလည်လန်းတယ်ပေါ့နော်။ကဗျာကို ကြိုက်သွားပြီ။စကားလုံးတွေက တကယ်ကို အသက်ဝင်ပြီး ဖတ်တဲ့သူကိုတောင် ကူးစက်စေတယ်။တူတူလွမ်းကြရအောင် :P ။စကားမစပ်မေးခဲ့ပေမဲ့ လာဖြေပါတယ်ရှင်..:D ကျွန်မက ကချင်ပြည်နယ်သူပါ။
ခင်တဲ့ ပန်းရင့်ရောင်

နန်း said...

လူတွေမသိခဲ့တဲ့ ပွဲတစ်ပွဲ

တစ်ချိန်တည်းမှာပဲ

ငါ့ရဲ့ မာနတွေက

ငါ့နှလုံးသားကို ကြိုးစင်တင်

ခံစားချက်တွေကို မီးရှို့သတ်တဲ့ပွဲ

ခံစားဖတ်သွားပါတယ်

ဒဏ္ဍာရီ said...

တချို့ ချစ်ခြင်းတွေမှာ မာနတွေ အတ္တတွေ ပါနေတတ်တယ် ညီမလေးရေ... ကဗျာလေးကို ဖတ်ရင်း ညီမလေး ရင်ထဲက ခံစားချက်ကို နားလည်သွားပါတယ်။
အေးမြတဲ့ ချစ်ခြင်းတွေ ရရှိနိုင်ပါစေ..။

ခင်မင်လေးစားလျှက်

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်
မရောက်ဘူးလို့ ရောက်လာရင်း
ဖတ်သွားပါတယ်နော်

မောင်မိုး said...

ခံစားနေရတယ်...တိတ်တိတ်လေးနေမှ
အားပေးလိုက်မှ မျက်ရည်တွေကျလာဦးမယ်။

ခင်မင်စွာဖြင့်
မောင်မိုး

shwezinu said...

ညီမငယ်က

ကဗျာ ဆရာမကြီးပါ့လား ဖတ်လို့ကောင်းတယ်
ကိုယ့်ညီမကို နာကြင်အောင် လုပ်တာ ဘယ်သူလည်းဟင် ဒို့မကျေဘူး..ဘူး..

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုယ်အိမ်ပြောင်းတာနဲ့အလုပ်ရှုပ်နေလို့ လာမည်နိုင်တာ အင်ကြင်းရေ.. ခုမှ သိတော့တယ် အင်ကြင်းနှလုံးသားက ကြိုးနဲ့ချည်ခံထားရတာပါလား.. အသက်ရှုရ တော်တော်ကြပ်မယ်နော်... ဖွဖွလေးတော့ချည်ပါကွယ်...

အင်ကြင်းသန့် said...

ဒီကဗျာလေးကို ဒီလောက်အထိ အားပေးကြလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့မိဘူး။ အရမ်းလည်းဝမ်းသာကြည်နူးမိတယ်။ မောင်နှမတွေ အကုန်လုံးကို အရမ်းကျေးဇူးတင်ပါတယ်။
@ကိုဏီး>>> ကိုယ်ချင်းမစာမနာ ပြောရက်လိုက်တာ၊ ကိုယ့်အပြစ်နဲ့ ကိုယ်တဲ့ :(
@မြတ်မွန်နဲ့ လုံလုံ>>> ခံစားချက်ကို နားလည်ပေးလို့ နှစ်ယောက်စလုံးကိုကျေးဇူးပါနော်
@မမခရေညို>>>မမရေ...အချစ်ရေးမှာ မာနမထားတာအကောင်းဆုံးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်မာနကြီးတဲ့ ယောကျာ်းတွေနဲ့ တွေ့တော့ ကိုယ်ကမိန်းခလေးလေ :(
@ဝေစိုး>>>ဝေစိုးရေ...နင်ကတော့ငါ့ရဲ့ အမာခံပရိတ်သတ်ပေါ့လေ :)
@ငုဝါ>>>ဟေ့ ဘူလဲကွ နာ့ကို အချစ်လို့ခေါ်သွားတာ:)
@မမချစ်>>>မမချစ်ရေ...ပြန်ချစ်စရာက မရှိဘူးဖြစ်နေတယ် :))
@ကိုနွေဆူး>>> ကိုနွေဆူး...ကွင်းပိတ်ကန်တာမဟုတ်ဘူး၊ ကွင်းပိတ်ရှို့တာလေ :)
@မမခြင်လေး>>> မမကိုထိသွားတယ်ဆိုလို့ စိတ်မကောင်းဘူး :)
@ပန်းရောင်>>> အိုကေ..ပန်းရောင်ရေ..တို့အတူတူလွမ်းကြမယ်နော် :)
@မနန်း>>> မနန်းရေ...ကျေးဇူးနော်
@မမဒဏ္ဍာရီ>>>မမရေ...နားလည်ပေးလို့ကျေးဇူးပါ
@Ko Toe Gyi>>>ဟုတ်ကဲ့ ကိုတိုးကြီးကိုလည်းကျေးဇူးတင်ပါတယ်
@ကိုမိုး>>> အစ်ကို့ရေ...မျက်ရည်တွေက ကုန်သွားပြီ :)
@မမရွှေစင်>>> မမကို တိတ်တိတ်လေး ပြောပြမယ်နော် :))
@မချော>>>မချောရေ...ကြိုးကိုလျှော့လိုက်ပြီနော် :)

လင်းတိုင်း said...

စည်းချင်းထိုးပွဲဆိုတော့ ဟို..စောငမန်းတို့ ရှမ်းလေးသွေးတို့လို နိုင်ပေမယ့် ဒဏ်ရာဒဏ်ချက်တွေတော့ ကျန်ခဲ့မှာပေါ့နော်..။

နော်မိတာလေး စိတ်မဆိုးကြေးနော် အမ :)

ခင်တဲ့