Pages

Friday, January 1, 2010

အကောင်းဆုံးတွေ ဖြစ်လာပါစေ

ဒီနေ့က ၂၀၁၀ ခုနှစ်ရဲ့ အစ၊ တစ်နှစ်တာပတ်လုံး အတွက်ဆိုရင် ရက်ပေါင်း ၃၆၅ ရက်ကို ဖြတ်သန်းဖို့ အစ ပထမနေ့လေးဆိုတော့ ကျွန်မရဲ့ ဘလော့ဂ်လေးမှာ အမှတ်တရ ဖြစ်အောင် တစ်ခုခုလေး လုပ်ချင်ပါတယ်။ ဒါပေမယ့်လည်း ကဗျာတွေ၊ စာတွေကို အမှတ်တရဖြစ်စရာကောင်းဖို့ ပြောင်မြောက်လောက်အောင် ရေးဖွဲ့ဖို့ရာ မစွမ်းသာတော့ ဘလော့ဂ်လေးကို အိမ်ပုံစံ အသစ်လေးပဲ ပြောင်းလိုက်ပါတယ်။ (:D ........တော်လိုက်တာနော်) အင်း.........နှစ်တစ်နှစ်ကတော့ ပြီးဆုံးသွားပြီပေါ့။ နောက်ထပ်နှစ်တစ်နှစ်ကို ဖြတ်သန်းကြရတော့မယ်။

လူသားတွေအားလုံး နှစ်သစ်မှာ မိမိတို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေ၊ ဆုတောင်းတွေ အတိုင်း ဖြစ်လာခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း မရေရာ မသေချာမှုတွေရောပြွန်းနေတဲ့ လမ်းခရီးကို လျှောက်လှမ်းနေရတဲ့ လူသားတစ်ယောက်ပေပဲမို့ ဆုတောင်းတွေ၊ မျှော်လင့်ချက်တွေ ပြည့်ဝဖို့ မပြည့်ဝဖို့ ဆိုတာထက် သေချာတာတစ်ခုကတော့ နေ့စဉ်နေ့တိုင်းမှာ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ဘ၀ခရီးကို မမောမပန်း ဆက်ပြီး ချီတက်ရဦးမှာပေါ့လေ။ အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတာနဲ့အမျှ တော်ရုံတန်ရုံ ဘ၀အမောတွေကိုလည်း သိပ်တော့ မမှုတော့ပါဘူး။ အပြုံးမပျက် ရှေ့သို့ ဆက်လက်ချီတက်ရုံပဲပေါ့။

ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မ ချစ်တဲ့ ခင်တဲ့ မိသားစု၊ ဘလော့ဂါမောင်နှမတွေပါ အပါအ၀င် ၊သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ လူသားအားလုံးကို ၂၀၁၀ ခုနှစ်မှာ မိမိတို့မျှော်လင့်ထားသမျှ အရာတိုင်း အတွက် အကောင်းဆုံးတွေကိုပဲ ရရှိနိုင်ပါစေရယ်လို့တော့ ဆန္ဒလေးပြုလိုက်ပါရစေ။

(မှတ်ချက်။ ။ဓာတ်ပုံလေးက ဒီနေရာကနေရှာထားတာပါ။)

5 comments:

~ဏီလင်းညို~ said...

အင်ကြင်းရေ...
နှစ်သစ်မှာပျော်ပါစေနော့်....
အိမ်အသစ်လေးနဲ့ စာအသစ်လေးတွေမျှော်နေမယ်....။
သူများတွေတော့အော်သွားကြတယ်...မန့်မရဘူးတဲ့...။
ကိုဏီးစမ်းကြည့်တာ...ရလားလို့....။
ခင်မင်တဲ့
ဏီလင်းညို

လုံမလေး said...

မမရေ...
နျစ်သစ်မှာပျော်ရွှင်ပါစေ
အသစ်တင်ထားတယ်လာပါအုံး
ချစ်တဲ့
လုံမလေး

shwezinu said...

သာဓု ပါ မအင်ကြင်းရေ

လာရောက်ဖူးမျှော်သွားပါတယ်

တချို့ပုံတွေက မမြင်ရဘူး

LENGTAI said...

အမရယ် နေကောင်းလား၊ စီပေါက်မရှိလို့ commentထဲမှသာ ဆက်သွယ်ရတာကို ခွင့်လွတ်ပါ။
ပျော်အောင်နေနော် အမ။

ခင်တဲ့

ထာဝရစကား said...

မမကြီး..နေကောင်းလား
သီချင်းလာနားထောင်ရင်း စာဖတ်သွားပါတယ်...

ခင်မင်လေးစားလျက်..
လင်းတိုင်း