Pages

Wednesday, November 11, 2009

အထင်မှားခြင်း

တိုးတိုးလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်ရင်ခုန်သံတွေက မဟာမြေကြီးတောင်တုန်ဟီးသွားခဲ့တယ်။ ။

နီးနီးလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်ကမ္ဘာနှစ်ခုက အလွဲကြီးလွဲသွားခဲ့တယ်။ ။

နဲနဲလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်မျက်ရည်တွေက သမုဒ္ဒရာတွေတောင်လျှံသွားခဲ့တယ်။ ။

တိတ်တိတ်လေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်နင်ထွက်ခွာသွားခြင်းက ငါ့ကိုကမ္ဘာပျက်စေခဲ့တယ်။ ။

8 comments:

waiwaisoe07 said...

heart hti tal kwa

အန်(န်)စလင်း said...

အခုထိ ကျွန်တော့် ကမ္ဘာကြီး ပြန်လည်အသက်မရှင်သေးဘူး

ဇာဏီ said...

နင်ထွက်သွားခြင်းက ငါ့ကိုကမ္ဘာပျက်စေခဲံ့တယ်..


နက်ရှိုင်းတယ်

Anonymous said...

နီးနီးလေးလို့ ထင်ခဲ့တယ်....။
ငါ့အမတော့ ငိုပြီးရင်း ငိုနေရပါလားနော်။
အလွမ်းအဆွေးတွေ ကင်းပါစေ အမရေ။

သီချင်းလေးတွေ နားထောင်သွားတယ်

စိုင်းလင်းတိုင်း(ထာဝရစကား)

Anonymous said...

စာဖတ်သွားခဲ့တယ် သီချင်းနားထောင်သွားခဲ့တယ် အစ်မရေ...
ဆိုက်စတိုင်ပြောင်းလိုက်တာကို မသိဘူး...
အင်း...ပြောင်းလဲမှုတွေပေါ့နော်

TYZ said...

ကဗျာတွေ ထပ်ဖတ်ဖို့ရောက်လာပါတယ်။ တကယ်ပါပဲ တိတ်တိတ်လေးလို့ထင်ခဲ့ပေမဲ့ သူထွက်သွားတော့ ကိုယ့်ကမ္ဘာပျက်ခဲ့ရတယ်။ ရေးတတ်တဲ့ မအင်ကြင်းရဲ့ စာသားတွေကို ခံစားသွားတယ် ထပ်တူပဲ....

noblemoe said...

ဂျင်းရေး
အထင်မှားချင်းခံရတာတော်တော် ခံရခက်တယ်နော်
နားလည်အောင်လည်းပြန်မရှင်းပြချင်ဖူး
ရှင်းပြမှနားမလည်စေချင်ဖူး မိုးကတော့ တစ်ဖက်သားကိုအထင်မမှားမိအောင် ကြိုးစားတုန်းဒါပေမဲ့လည်းးးးးးဟူး
သာယာချမ်းမြေ့ပါစေနော်
မိုး

လွမ်းပိုင်ရှင် said...

ကျွန်တော် အမ ရဲ့ကဗျာတွေကိုဖတ်သွားပါတယ် မှတ်စရာတွေလည်း မှတ်သွားပါတယ်နော် အားရင်လည်း ကျွန်တော်ဆီကိုလာပါဦးးနော် ကျွန်တော် လည်းစာတွေရေးပါတယ် မျှော်နေလျှက် လွမ်းပိုင်ရှင်