Pages

Sunday, November 8, 2009

တူညီတဲ့ရင်ခုန်သံတစ်စုံနဲ့

ကောင်လေး။ ။....“ကောင်မလေးရေ.....နင် ငါ့ရဲ့လက်ကို တွဲပါ၊ ငါ့ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ ခရီးလမ်းတွေကို ငါ နင်နဲ့အတူတူ ကျော်ဖြတ်သွားပါရစေ ၊ငါ နင့်ရဲ့လက်ကို ဆုပ်ကိုင်ပြီး....ပျော်ရွှင်မှုတွေ၊ သာယာမှုတွေ၊ အေးချမ်းမှုတွေ လွှမ်းခြုံထားတဲ့ နေရာလေး တစ်ခုဆီကို နင့်ကို ခေါ်ဆောင် သွားချင်လိုက်တာ၊ အဲဒီ နေရာလေးမှာ မာန်မာနတွေ မရှိစေရဘူး၊ မနာလို မုန်းတီးမှုတွေ မရှိစေရဘူး၊ ဒေါသ အာဃာတ အငြိုးအတေးတွေ မရှိစေရဘူး၊ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အတိသာ လွှမ်းခြုံထားတဲ့ ကမ္ဘာငယ်လေးပေါ့......။”

ကောင်မလေး။ ။....“ကောင်လေးရယ်....ငါ နင့်ရဲ့လက်ကို လှမ်းဆုပ်ကိုင်ချင်ပါတယ်၊ နင်ခေါ်ဆောင်သွားမယ့် ကမ္ဘာငယ်လေးဆီကိုလည်း ငါလိုက်ခဲ့ချင်ပါရဲ့၊ ဒါပေမယ့် ကောင်လေးရေ.....တကယ်တမ်းကျတော့ ငါ့မှာ သတ္တိတွေ မရှိခဲ့ပါလား....၊ငါတို့နှစ်ယောက်ကြားမှာ မတူညီခြင်း၊ ကွဲပြားခြားနားခြင်းတွေက အများကြီးပဲလေ.....အဲဒီမတူညီခြင်းတွေက တစ်ချိန်ချိန်မှာ ငါတို့ နှစ်ယောက်ရဲ့ တွဲလက်တွေကို ဖြုတ်ပစ်လိုက်ကြလိမ့်မယ် ကောင်လေးရဲ့.....အဲဒီအချိန်ကျရင် ငါတို့တွေ အရမ်းကို ကြေကွဲခံစားကြရ လိမ့်မယ်....။”

ကောင်လေး။ ။...“ကောင်မလေးရေ.....ဒို့နှစ်ယောက်ကြားမှာ မတူညီ ကွဲပြားတာတွေ အများကြီးရှိတာ မှန်ပါတယ်....ဒါပေမယ့် အဲဒီအရာတွေက ဒို့နှစ်ယောက်ကို ဘယ်လိုမှ ခွဲခြားလို့မရပါဘူး၊ တို့နှစ်ယောက်မှာ တူညီတဲ့ အရာတစ်ခု ရှိတယ်ဆိုတာ နင်ဘယ်တော့မှ မမေ့ရဘူးလေ....အဲ့ဒီ အရာတစ်ခုတည်းနဲ့ ဒို့နှစ်ယောက် အရာရာကို ကျော်လွှားသွားနိုင် လိမ့်မယ်......အဲဒါကတော့ နင်ရောငါရောရဲ့ နှလုံးသားတွေထဲက ထွက်ပေါ်လာတဲ့ တူညီတဲ့ ရင်ခုန်သံပဲ.....ရပြီ ကောင်မလေး....အဲဒီ တစ်ခုတည်းပါပဲ......ဒို့နှစ်ယောက်အတွက် ကျန်တာတွေ ဘာမှ မလိုအပ်တော့ပါဘူး....တူညီတဲ့ရင်ခုန်သံတစ်စုံ ရှိရင်ရပြီ”

ကောင်မလေး။ ။ “ကောင်လေးရယ်...တကယ်ပဲ တူညီတဲ့ရင်ခုန်သံတစ်စုံနဲ့ ဒို့နှစ်ယောက် အရာရာကို တကယ်ကျော်ဖြတ်သွားနိုင်မှာလား....ငါနင့်ကိုယုံကြည်ပေမယ့် ကံကြမ္မာကို မယုံရဲဘူး ကောင်လေးရေ...ကမ္ဘာလောကကြီးဆိုတာက လှည့်ကွက်တွေ၊ မာယာတွေနဲ့အတိ ပြည့်နှက်နေတယ်လေ....ခရီးလမ်းဆုံးထိ ဒို့နှစ်ယောက်ရင်ခုန်သံတွေ မပြောင်းမလဲ တူညီနိုင်ပါ့မလား...မတူညီခြင်းတွေ၊ ကွဲပြားခြားနားခြင်းတွေက ငါတို့နှစ်ယောက်ကို တိုက်ခိုက်လာခဲ့ပြီ ဆိုရင် ကိုင်ဆုပ်ထားတဲ့ ဒို့လက်တွေက အဲဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား၊ ခရီးလမ်းဆုံးအထိ ဒို့နှစ်ယောက်ရဲ့ လက်တွဲတွေ မပြောင်းမလဲ မြဲမြဲဆုပ်ကိုင်ထားနိုင်ပါ့မလား....အဲဒီအချိန်ကျရင် ဒို့နှစ်ယောက်ရဲ့အချစ်တွေကရော စစ်နိုင်ပါဦးမလား၊ ..........ကောင်လေးရေ....တကယ်ပဲ နင့်ရဲ့ယုံကြည်ချက်တွေ မှန်ကန်ခဲ့ရင်တော့ ဒို့နှစ်ယောက်ရဲ့အချစ်တွေ တစ်နေ့နေ့မှာ ဆုံဆည်းနိုင်ကောင်းပါရဲ့...အဲဒီနေ့လေးကို ငါမျှော်လင့်နေပါရစေ”

4 comments:

waiwaisoe07 said...

လူသား၂ယောက် ထပ်တူကျဖို့ ဆိုတာ အလွန်အင်မတန်မှခဲယဉ်း လှပါတယ်။ မတူညီမှုတွေကို နား လည်မှုတွေနဲ့ ကျော်ဖြတ်နိုင် ၇င် တော့ ပျော်၇ွှင် စ၇ာကောင်းတဲ့ ဘဝ ကလေး တခု ကို ဖြတ်ကျော် နိုင်မှာ ပါ ကောင်လေးနဲ့ ကောင် မလေးေ၇။

မြတ်မွန်ဆိုတာ....... said...

ကောင်းပါတယ် အင်းကြင်းရေ..စာရေးတော်ပါတယ်..

LENGTAI said...

အဟီး ....
၂ခေါက်ဖတ်သွားပါတယ်ခင်ဗျား။ တော်ပါတယ်ခင်ဗျား

အားပေးလျက်

ခင်တဲ့

စိုင်းလင်းတိုင်း said...

နောက်ထပ်တစ်ခေါက် လာရောက်ဖတ်သွားတယ်...
အဟင့် အဟင့်..^_^!
ခံစားနိုင်ဝူး အစ်မရေ...

အစ်မ ပျော်ရအောင်ရပါ..း)

ခင်မင်လေးစားတဲ့
ခေါင်းပေါင်းကြီးနဲ့ အစ်မမောင်လေး