Pages

Sunday, October 18, 2009

Blog လေးတစ်ခုစတင်အစပျိုးမိခြင်း

ဘလော့ဂ်လေးတစ်ခုကို ဒီနေ့မှာ ကျွန်မအစပျိုးခဲ့မိပါပြီ။ ဒီလိုအစပျိုးရခြင်းရဲ့ ရည်ရွယ်ချက်လေးကတော့ ကျွန်မရဲ့ အတွေးတွေ၊ ခံယူချက်တွေ၊ အယူအဆတွေနဲ့အတူ ကျွန်မသိတဲ့ အကြောင်းအရာတွေ၊ ကျွန်မကြိုက်တဲ့ စာအုပ်တွေ၊ သီချင်းတွေ၊ ကဗျာတွေကို အများနဲ့ မျှဝေခံစားချင်လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မ အနေနဲ့ ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်မှန်း မသိတာက တစ်ကြောင်း၊ မြန်မာဖောင့်ကို ကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်သေးတာက တစ်ကြောင်းနဲ့ အချိန်တွေဆွဲနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် သူများတွေရဲ့ ဘလော့ဂ်တွေကိုတော့ ကျွန်မအမြဲပဲ သွားဖတ်ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ပထမဦးဆုံး စတင်ဖတ်ဖူးတဲ့ ဘလော့ဂ်ကတော့ လန်ဒန်က ကိုချမ်းမြစိုး ရဲ့ ဘလော့ဂ်ပါပဲ။ ဘယ်လိုကနေ ဘယ်လို အဲဒီ ဘလော့ဂ်ကို ရောက်ခဲ့တယ် ဆိုတာတော့ ကျွန်မ မမှတ်မိတော့ပါဘူး။ အဲဒီကမှစပြီး ဘလော့ဂ်တွေအကြောင်း၊ ဘလော့ဂ်ဂါတွေအကြောင်းကို သေသေချာချာ သိလာရပြီး ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်တဲ့ပိုး ကျွန်မမှာ စ၀င်ခဲ့ရတော့တာပါပဲ။ ဒါပေမယ့် ပြောခဲ့ပြီးတဲ့အတိုင်း အကြောင်းကြောင်းတွေကြောင့် ကြာနေခဲ့ပြီး ဒီနေ့တောကိုသက်တန့်ချို ရဲ့ ဘလော့ဂ်ကို ၀င်ဖတ်နေရင်းကနေ ဘလော့ဂ်ကို မဖြစ်မနေ အစပျိုးချင်တဲ့စိတ်လေး ရုတ်တရက်ပေါ်ပေါက်လာပါတယ်။ အဲဒီလို အဲဒီလို နဲ့ကျွန်မ အင်ကြင်းသန့် ဘလော့ဂ်လေးတစ်ခု အစပျိုးခဲ့မိပါပြီ။

3 comments:

APSA.NUS said...

"ရာဇဝင်များရဲ့ သတို့သမီးကို တစ်ဖက်သတ်ချစ်ကြသူများအတွက် "


ကျနော်ရှေ့တုန်းက လျှပ်စစ်ထုတ်လုပ်ရေးဘက်က အင်ဂျင်နီယာတစ်ဦးနဲ့ စကားပြောဖြစ်ပါတယ်။ သံလွင်ကို ပိတ်တဲ့ ကိစ္စပါ။


ကျနော်အဓိက သူ့ကို မေးဖြစ်ခဲ့တာက ecology impact ပါ။ သဘာဝကို ဘယ်လောက်ထိ ထိမလဲ။ fish ladder တွေအကြောင်းအပါပေါ့။ အဲဒီမှာ သူရှင်းပြတယ်။ fish ladder ဆိုတာ ထည့်ဆောက်ရင် သိပ်ကို ပိုက်ဆံထည့်ရပါတယ်။ အများကြီးကုန်တယ်။ ဒါပေမယ့် ဒါက တကယ့်ကို ဆော်လမွန်ငါးတို့ အပြန်လိုမျိုး ကိုခင်ဝမ်းသီချင်းထဲကလိုဆိုရင်တော့ ထည့်သင့်တယ်ပေါ့။ ဒါပေမယ့် သံလွင်ရဲ့ လက်ရှိအနေထားနဲ့က မလိုဘူးလို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အခု သံလွင်(ဟတ်ကြီး)မှာ ပိတ်နေတဲ့ ဆည်နေရာမှာ အဲဒလို ငါးအဆန် အစုန်မရှိဘူး။ ဒါပေမယ့် အစိုးရက ထည့်ခိုင်းတယ်။ ထည့်ခိုင်းတယ်ဆိုတာကလည်း နိုင်ငံတကာက ပြောလာရင် ပြောစရာကာစရာ စကားတစ်ခု ရအောင်ကထက်မပိုဘူး။

အဲဒီလို အနေအထားမျိုးနဲ့ ဆိုရင် fish ladder မလိုတဲ့ နေရာမှာ စကားတစ်ခုပြောရုံနဲ့ ထည့်ဆောက်သင့်သလား။

တကယ်ကတော့ ကျနော်တို့ အဲဒီလို စီမံကိန်းကြီးတွေကို အလျှင်စလို မလုပ်သင့်ဘူး။ အဘက်ဘက်က impact တွေ plus minus တွေ ထည့်စဉ်းစားပြီးမှ risk ကို သေသေချာချာတွက်ပြီး ဆောက်သင့်တယ်။

ဧရာဝတီနဲ့ပတ်သက်ပြီး 1990 ပြည့်နှစ်တွေက ဂျပန်ပညာရှင်တွေ အကြံပေးတာရှိတယ်။ H ပုံစံ ရေထိမ်းမြောင်းတွေ ဆောက်ဖို့ပါ။

H ပုံစံဆိုတာ မြစ်နဲ့ အပြိုင် မြောင်းတစ်ခုတူးမယ်။ အဲဒီမြောင်းနဲ့ မြစ်နဲ့ ဆက်မယ့် ရေသွယ်မြောင်းကို အလယ်နားမှာတူးမယ်။ အဲဒီရေသွယ်မြောင်းက H ရဲ့ အလယ်က ကန့်လန့်အကြောင်းလေးပေါ့။ ဒါဆို မိုးရာသီ ရေမျက်နှာပြင်မြင့်လာရင် ရေက သူ့အလိုလို မြောင်းကနေ တစ်ဖက်မှာ အပြိုင်တူးထားတဲ့ ရေထိမ်းမြောင်းထဲ ရေ၀င်လာမယ်။ ရေထိမ်းမြောင်းက နက်တယ်။ ရေသွယ်မြောင်းက တိမ်တယ်။ ဒါဆိုရင် ရေထိမ်းမြောင်းထဲ ၀င်လာတဲ့ ရေက ရေသွယ်မြောင်းထဲကနေ မြစ်ရေကျချိန်မှာ ပြန်မထွက်နိုင်တော့ဘူး။

အဲဒီရေကို စိုက်ပျိုးရေးအတွက် သွယ်ပြီး သုံးမယ်။

တစ်ခါတူးထားရုံနဲ့ နောက်ထပ် ဘာမှ ထပ်ပြီး လှည့်ကြည့်စရာမလိုလောက်အောင် အသုံးတည့်မယ့်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံနဲ့ ကိုက်မယ့် တကယ့်ကို နိုင်ငံတကာမှာအောင်မြင်နေတဲ့ စနစ်တစ်ခု။ ဘဘကြီးတွေနဲ့ တွေ့မှပဲ ......

ဒါနဲ့စကားမစပ်

၃၀ ( မြန်မာနိုင်ငံက မြစ်ရေတင်စီမံကိန်း စုစုပေါင်းပါ )
၃၀၀၀၀ ( အဲဒီအချိန်အတိုင်းအတာအတွင်းမှာ ဗီယက်နမ်က တည်ဆောက်ပြီးစီးသွားတဲ့ မြစ်ရေတင်စီမံကိန်းဂဏန်းပါ

INGJIN THANT said...

တကယ်ကို ကောင်းပါတယ် ကိုအောင်ပြည့် ရေ....ကျေဇူးပဲ

noblemoe said...

ဂျင်းကလေးစတည်ဖြစ်လာပုံကဒီလိုကိုး